အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။ ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။ သင်နှင့်ဖွဲ့သောအသွေးတော်ပဋိညာဉ်ကြောင့် ရေမရှိသောတွင်းထဲတွင်နေရသောအကျဉ်းသားတို့ကို ငါလွှတ်ပေးမည်။ မျှော်လင့်စရာရှိသော အကျဉ်းသားတို့၊ ခံတပ်သို့ပြန်လာကြလော့။ သင်တို့ကို နှစ်ဆသောအကျိုးပေးမည်ဟု ယနေ့ပင် ငါဆိုပြီ။ ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။” ထာဝရဘုရားသည် မိမိကိုယ်ကို ထင်ရှားတော်မူမည်။ ကိုယ်တော်၏မြားတော်သည် လျှပ်ပြက်သကဲ့သို့ ထွက်သွားလိမ့်မည်။ ဘုရားရှင်ထာဝရဘုရားသည် တံပိုးကိုမှုတ်လျက် တောင်ဘက်မှမုန်တိုင်းနှင့်အတူ ကြွချီတော်မူမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူတို့ကိုကွယ်ကာတော်မူမည်။ သူတို့သည် လောက်စာလုံးတို့ကို ဖျက်ဆီး၍ ချေပစ်မည်။ စပျစ်ဝိုင်သောက်၍ မူးယစ်သောသူကဲ့သို့ အော်ဟစ်ကြိမ်းမောင်းကြလိမ့်မည်။ အင်တုံကဲ့သို့လည်းကောင်း၊ ယဇ်ပလ္လင်ထောင့်စွန်းကဲ့သို့လည်းကောင်း ပြည့်လျှံကြလိမ့်မည်။ ထိုနေ့ရက်၌ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်ကို သိုးစုသဖွယ်ကယ်တင်လိမ့်မည်။ သူတို့သည် ကျောက်မျက်သရဖူကဲ့သို့ ပြည်တော်၌ ထွန်းတောက်ကြလိမ့်မည်။ မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
ဇာခရိအနာဂတ္တိကျမ်း 9 ကိုဖတ်ပါ။
နားထောင်ပါ။ ဇာခရိအနာဂတ္တိကျမ်း 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဇာခရိအနာဂတ္တိကျမ်း 9:9-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ