YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 9

9
အိမ်​နီး​ချင်း​များ​အ​ပေါ်​စီ​ရင်​ချက်
1ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​သည် ဟာ​ဒ​ရက်​ပြည်​နှင့် ဒ​မာ​သက်​မြို့၌ သင့်​ရောက်​ပေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။#ဟေ​ရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။ 2ထို​ပြည်​နှင့် နီး​စပ်​သော ဟာ​မတ်​ပြည်၌​လည်း​ကောင်း၊ တု​ရု​မြို့​သည် လိ​မ္မာ​သော​ကြောင့် ထို​မြို့​နှင့် ဇိ​ဒုန်​မြို့၌​လည်း​ကောင်း သင့်​ရောက်​ပေ၏။ 3တု​ရု​မြို့​သည် မိ​မိ​အ​ဖို့ ရဲ​တိုက်​ကို​တည်​ဆောက်၍၊ ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​ကို လမ်း၌​ရှိ​သော ရွှံ့​ကဲ့​သို့​လည်း​ကောင်း စု​ပုံ​သော်​လည်း၊ 4ထာ​ဝ​ရ​ဘု​ရား​သည် သူ​တစ်​ပါး​လက်​သို့​သူ့​ကို​အပ်၍၊ သူ့​ခွန်​အား​ကို ပင်​လယ်​ထဲ​သို့ ချ​တော်​မူ​သ​ဖြင့်၊ မြို့​သည် မီး​ဖြင့် ကျွမ်း​လောင်​လိမ့်​မည်။#ဟေ​ရှာ၊ ၂၃:၁-၁၈။ ယေ​ဇ၊ ၂၆:၁—၂၈:၂၆။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 5ထို​အ​မှု​ကို အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်၍ ကြောက်​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် မြင်၍ အ​လွန် တုန်​လှုပ်​လိမ့်​မည်။ ဧ​ကြုန်​မြို့​လည်း မျှော်​လင့်၍ အ​ရှက်​ကွဲ​သော​ကြောင့် ထို​အ​တူ​ဖြစ်​လိမ့်​မည်။ ဂါ​ဇ​မင်း​ကြီး​သည် ဆုံး​လိမ့်​မည်။ အာ​ရှ​ကေ​လုန်​မြို့​သည်​လည်း အ​စိုး​မ​ရ။#ဟေ​ရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေ​ဇ၊ ၂၅:၁၅-၁၇။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ 6အာ​ဇုတ်​မြို့၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် နေ​ကြ​လိမ့်​မည်။ ဖိ​လိ​တ္တိ​အ​မျိုး၏​မာ​န​ကို​လည်း ငါ​ချိုး​ဖဲ့​မည်။ 7သူ​စား​သော​အ​သွေး​ကို သူ၏​ပါး​စပ်​ထဲ​မှ​လည်း​ကောင်း၊ သူ​ကိုက်​သော ရွံ​ရှာ​ဖွယ်​တို့​ကို သူ၏​သွား​ကြား​မှ​လည်း​ကောင်း ငါ​နုတ်​ပယ်​မည်။ ကျန်​ကြွင်း​သော​သူ​သည်​လည်း ငါ​တို့ ဘု​ရား​သ​ခင်​အ​ဖို့ ကျန်​ကြွင်း၍၊ ယု​ဒ​ပြည်၌ မင်း​ကဲ့​သို့ နေ​လိမ့်​မည်။ ဧ​ကြုန်​မြို့​သား​လည်း ယေ​ဗု​သိ​လူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ 8အ​ဘယ်​ရန်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ငါ့​အိမ်​တော်​ပတ်​လည်၌ တပ်​ချ​မည်။ ညှဉ်း​ဆဲ​သော​သူ​သည် ငါ့​လူ​တို့​ကို နောက်​တစ်​ဖန် မ​နှိပ်​နင်း​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယ​ခု​ကိုယ်​တိုင်​ကြည့်၍ မြင်​ပြီ။
ကြွ​လာ​မ​ည့်​ဘု​ရင်
9အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။#မ၊ ၂၁:၅။ ယော၊ ၁၂:၁၅။ 10ငါ​သည် ဧ​ဖ​ရိမ်​ပြည်၌ ရ​ထား​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌ မြင်း​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ စစ်​လေး​ကို​လည်း ပယ်​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် စစ်​ငြိမ်း​မည် အ​ကြောင်း​ကို ထို​အ​ရှင်​သည် မိန့်​တော်​မူ​မည်။ အာ​ဏာ​တော်​လည်း ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​လည်း​ကောင်း တည်​လိမ့်​မည်။#ဆာ၊ ၇၂:၈။
လူ​မျိုး​တော်​အား​ပြန်​လည်​ခေါ်​ဆောင်​လာ​ခြင်း
11သင်၏​အ​မှု​မူ​ကား၊ ချုပ်​ထား​လျက်​ရှိ​သော သင်၏​လူ​တို့​ကို၊ ရေ​မ​ရှိ​သော မြေ​တွင်း​ထဲ​က၊ သင်​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​အ​သွေး​ကြောင့် ငါ​ကယ်​လွှတ်​မည်။#ထွ၊ ၂၄:၈။ 12အ​ချုပ်​ခံ၍ မျှော်​လင့်​သော သူ​တို့၊ ရဲ​တိုက်​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည် နှစ်​ဆ​သော​ကျေး​ဇူး​ကို ပြု​ဦး​မည်​ဟု ယ​နေ့​ပင် ပြော​ထား၏။ 13ယု​ဒ​လေး​ကို ငါ​တင်၍၊ ဧ​ဖ​ရိမ်​လေး​ကို ဆွဲ​ငင်​လျက်၊ ဇိ​အုန်​သား​တို့​ကို ဟေ​လ​သ​သား​တို့​တစ်​ဖက်၌ နှိုး​ဆော်၍၊ သင့်​ကို သူ​ရဲ၏​ဓား​ကဲ့​သို့ ဖြစ်​စေ​မည်။ 14ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။ 15ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။ 16ထို​နေ့၌ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိုး​စု​ကဲ့​သို့ ကယ်​တင်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည် မြေ​တော်၌ ထင်​ရှား​သော သ​ရ​ဖူ​မျက်​မွန် ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ 17ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ