YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 8

8
ယေ​ရု​ရှ​လင်​မြို့​အ​တွက်​က​တိ​တော်
1တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 2ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​စိတ်​အား​ကြီး​ပြီ။ အ​လွန်​အ​မျက်​ထွက်၍ သူ့​အ​ဖို့ စိတ်​အား​ကြီး​ပြီ။ 3ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သို့ ငါ​ပြန်​လာ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ​နေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို သ​မ္မာ​မြို့​ဟူ၍​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ကို သန့်​ရှင်း​သော​တောင် ဟူ၍​လည်း​ကောင်း သ​မုတ်​ကြ​လိမ့်​မည်။ 4ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​သော ယောက်ျား​မိန်း​မ၊ အ​သက်​ကြီး၍ တောင်​ဝှေး​ကိုင်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​လမ်း​တို့၌ နေ​ကြ​လေ​ဦး​မည်။ 5မြို့​လမ်း​တို့​သည်​လည်း က​စား​သော​သူ​ငယ် ယောက်ျား​မိန်း​မ​တို့​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။ 6တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​မှု​သည် ယ​ခု​ကာ​လ​တွင် ကျန်​ကြွင်း​သော ဤ​လူ​တို့ မျက်​မှောက်၌ အံ့​ဩ​ဖွယ်​ဖြစ်​သော်​လည်း၊ ငါ့​မျက်​မှောက်၌ အံ့​ဩ​ဖွယ်​ဖြစ်​ရာ​သ​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 7ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို အ​ရှေ့​ပြည်​မှ​လည်း​ကောင်း၊ အ​နောက်​ပြည်​မှ​လည်း​ကောင်း ငါ​ကယ်​တင်၍၊ 8ဆောင်​ခဲ့​သ​ဖြင့် သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ နေ​ရ​ကြ​လိမ့်​မည်။ သ​စ္စာ​တ​ရား​နှင့် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်၊ သူ​တို့​သည် ငါ၏​လူ​ဖြစ်၍ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။
9ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တိုက်​မြစ်​ကို ချ​သော​ကာ​လ၌​ရှိ​သော ပ​ရော​ဖက်​တို့ ဟော​ပြော​သော ဤ​စ​ကား​ကို ယ​ခု​ကာ​လ၌ ကြား​သော​သူ​တို့၊ သင်​တို့​လက်​ကို အား​ကြီး​စေ​ကြ​လော့။ 10ထို​ကာ​လ​အ​ထက်၌ လူ​ခံ​ရ​သော အ​ကျိုး​မ​ရှိ။ တိ​ရ​စ္ဆာန်​ခံ​ရ​သော အ​ကျိုး​မ​ရှိ။ ထွက်​ဝင်​သော​သူ​တို့​သည် ရန်​သူ​ရှိ​သော​ကြောင့် ချမ်း​သာ​မ​ရ​ကြ။ ငါ​သည် လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ဘက်​ဖြစ်​စေ၏။ 11ယ​ခု​မူ​ကား၊ ကျန်​ကြွင်း​သော ဤ​လူ​တို့၌ ငါ​သည် အ​ရင်​ကဲ့​သို့​မ​ပြု​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 12မျိုး​စေ့​ကို ငြိမ်​ဝပ်​စွာ ကြဲ​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​သည် အ​သီး​ကို​လည်း​ကောင်း၊ မြေ​သည် မိ​မိ​စီး​ပွား​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သည် နှင်း​ရည်​ကို​လည်း​ကောင်း ပေး​ရ​လိမ့်​မည်။ ကျန်​ကြွင်း​သော ဤ​လူ​တို့​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ရ​တတ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ 13အို ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​တို့၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​တို့​တွင် ကျိန်​ဆဲ​ရာ​ဖြစ်​ဖူး​သ​ကဲ့​သို့၊ ကောင်း​ချီး​ခံ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကယ်​တင်​မည်။ မ​စိုး​ရိမ်​ဘဲ လက်​အား​ကြီး​ကြ​လော့။ 14ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​သော​အ​ခါ အ​ပြစ်​ပြု​မည်​ဟု ငါ​သည် နောင်​တ​မ​ရ​ဘဲ ကြံ​သ​ကဲ့​သို့၊ 15တစ်​ဖန် ယ​ခု​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​အ​မျိုး​ကို ကျေး​ဇူး​ပြု​မည်​ဟု ငါ​ကြံ​ပြန်၏။ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 16သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။#ဧ၊ ၄:၂၅။ 17တစ်​ယောက်​ကို​တစ်​ယောက် အ​ဘယ်​သူ​မျှ မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်။ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​နှစ်​သက်​ကြ​နှင့်။ ထို​သို့​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို ငါ​မုန်း​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ရွှင်​လန်း​စွာ​အ​စာ​ရှောင်​ခြင်း
18တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 19ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဥ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။ 20ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ များ​စွာ​သော မြို့​သူ​ရွာ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် လာ​ကြ​လိမ့်​မည်။ 21မြို့​တစ်​မြို့၌ နေ​သော​သူ​သည် အ​ခြား​မြို့​တစ်​မြို့၌ နေ​သော​သူ​တို့​ဆီ​သို့ သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​လည်း​ကောင်း ဧ​ကန်​အ​မှန် သွား​ကြ​ကုန်​အံ့။ ငါ​လည်း​သွား​မည်​ဟု ခေါ်​ကြ​လိမ့်​မည်။ 22ကြီး​သော တိုင်း​နိုင်​ငံ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ယေ​ရု​ရှ​လင်​မြို့၌ ရှာ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ လာ​ကြ​လိမ့်​မည်။ 23ထို​ကာ​လ၌ ဘာ​သာ​အ​သီး​အ​သီး​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​ကျိပ်​သော လူ​တို့​သည် ယု​ဒ​လူ​ဖြစ်​သော သူ၏​အ​ဝတ်​စွန်း​ကို​ကိုင်​လျက်၊ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​တို့​သည် ကြား​သိ၍၊ သင်​တို့​နှင့်​အ​တူ လိုက်​ပါ​မည်​ဟု ဆို​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ