YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 7

7
ဟန်​ဆောင်​အ​စာ​ရှောင်​မှု
1ဒါ​ရိ​မင်း​ကြီး နန်း​စံ​လေး​နှစ်၊ ခိ​သ​လု​မည်​သော န​ဝ​မ​လ လေး​ရက်​နေ့​တွင်၊ 2ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ 3နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဥ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊ 4ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊ 5ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဥ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။ 6စား​သောက်​သော​အ​ခါ၌​လည်း ကိုယ်​အ​လို​အ​လျောက် စား​သောက်​ကြ​သည် မ​ဟုတ်​လော။ 7ယေ​ရု​ရှ​လင်​မြို့​မ​ပျက်၊ စည်​ပင်၍ ပတ်​လည်၌​ရှိ​သော မြို့​ရွာ၊ တောင်​မျက်​နှာ​အ​ရပ်​နှင့် မြေ​ညီ​သော​အ​ရပ်၌ လူ​များ​သေး​သော​အ​ခါ၊ ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကြွေး​ကြော်​တော်​မူ​သော အ​မိန့်​တော်​ပြည့်​စုံ​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။
စ​ကား​တော်​မ​နာ​ခံ​မှု
8ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဇာ​ခ​ရိ​သို့ ရောက်​လာ​သည်​ကား၊ 9တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။ 10မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊ 11သူ​တို့​သည် နား​မ​ထောင်​ဘဲ လွတ်​အောင်​ရုန်း​ကြ၏။ မ​ကြား​စေ​ခြင်း​ငှာ နား​ကို ပိတ်​ကြ၏။ 12တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။ 13ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 14သူ​တို့​မ​သိ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် လေ​ပွေ​တိုက်၍ ငါ​လွှင့်​ပြီ။ ထို​ကြောင့်၊ သူ​တို့ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ၍ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ။ သာ​ယာ​သော​ပြည်​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လေ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ