YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 14:13-23

ရောမ 14:13-23 Judson Bible (JBMLE)

ထို​ကြောင့်၊ ငါ​တို့​သည် ယ​ခု​မှ​စ၍ အ​ချင်း​ချင်း မ​စစ်​ကြော​မ​စီ​ရင်​ဘဲ နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း ထိ​မိ၍ လဲ​စ​ရာ​အ​ခွင့်၊ မှား​ယွင်း​စ​ရာ​အ​ခွင့် မ​ရှိ​စေ​မည်​အ​ကြောင်း သာ၍ စီ​ရင်​ကြ​ကုန်​အံ့။- အ​ဘယ်​အ​စာ​မျှ ပ​က​တိ​အ​တိုင်း မ​ညစ်​ညူး​ကြောင်း​ကို၊ ငါ​သည် သ​ခင်​ယေ​ရှု​ကို အ​မှီ​ပြု​လျက် သ​ဘော​ကျ၍ အ​မှန်​သိ၏။ သို့​သော်​လည်း၊ ညစ်​ညူး​သည်​ဟု အ​ကြင်​သူ​သည် ထင်၏။ ထို​သူ၌ ညစ်​ညူး၏။- သင်၏​ညီ​အစ်​ကို​သည် သင်​စား​သော အ​စာ​ကြောင့် စိတ်​နာ​ရ​လျှင်၊ သင်​သည် မေ​တ္တာ​တ​ရား​ကို မ​ကျင့်။ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ခံ​သော​သူ​ကို သင်၏​အ​စာ​အား​ဖြင့် အ​ကျိုး​မ​နည်း​စေ​နှင့်။- သင်​တို့​သည် အ​ခွင့်​ရ​သည်​အ​မှု​မှာ ကဲ့​ရဲ့​စ​ရာ အ​ကြောင်း​မ​ရှိ​စေ​နှင့်။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။- ထို​သို့​ကျင့်၍ ခ​ရစ်​တော်၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ နှစ်​သက်​ဖွယ်၊ လူ​တို့​တွင် ချီး​မွမ်း​ဖွယ်​ဖြစ်၏။- ထို​ကြောင့်၊ ငြိမ်​သက်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း တည်​ဆောက်​ခြင်း​နှင့်​လည်း​ကောင်း ယှဉ်​သော​အ​ရာ​တို့​ကို မီ​အောင်​လိုက်​ကြ​ကုန်​အံ့။- ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။- အ​မဲ​သား​ကို​စား​ခြင်း၊ စ​ပျစ်​ရည်​ကို​သောက်​ခြင်း​ကိ​စ္စ​မှ​စ၍၊ ညီ​အစ်​ကို​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း၊ အား​နည်း​စ​ရာ​အ​ကြောင်း​များ​ကို ရှောင်​အပ်၏။- သင်​သည် ယုံ​ခြင်း​ရှိ​လျှင် ကိုယ်​အ​လို​အ​လျောက် ဘု​ရား​သ​ခင့်​ရှေ့၌ ရှိ​စေ​လော့။ ကိုယ်​လက်​ခံ​သော​အ​မှု​မှာ ကိုယ်​ကို​မ​စစ်​ကြော မ​စီ​ရင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။- ယုံ​မှား​သော​သူ​သည် စား​လျှင်၊ ယုံ​သော​စိတ်​မ​ရှိ​ဘဲ စား​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယုံ​သော​စိတ်​မ​ရှိ​ဘဲ ကျင့်​သ​မျှ​သော အ​ကျင့်​တို့​သည် အ​ပြစ်​ရှိ​ကြ၏။

ရောမ 14:13-23 Common Language Bible (BCL)

ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။- အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။- အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။- သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။- ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။- ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။ သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။- အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။- အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။- ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။- သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။

ရောမ 14:13-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အချင်းချင်း​မ​စီရင်​ဘဲ​နေ​ကြ​ကုန်စို့။ ထိုမျှမက ညီအစ်ကို​အတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်း​စေ​သော​အရာ​ကို​မ​ထား​ရန် စီရင်​ကြ​လော့။ ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။ အစားအစာ​ကြောင့် သင်​၏​ညီအစ်ကို​ကို ဝမ်းနည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အသက်ရှင်​လျှောက်လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​တော်မူ​သော သင့်​ညီအစ်ကို​ကို သင်​၏​အစားအစာ​ကြောင့် မ​ပျက်စီး​စေ​နှင့်။ သင်​တို့​အတွက်​ကောင်း​သော​အရာ​ကို​လည်း ပြစ်တင်​ပြောဆို​စရာ​မ​ဖြစ်​စေ​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။ ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။ သို့ဖြစ်၍ ငြိမ်သက်​ခြင်း​ကို​ဖြစ်စေ​သော​အမှုအရာ​များ​နှင့် အချင်းချင်း​တည်ဆောက်​မြှင့်တင်​ပေး​သော​အမှုအရာ​များ​ကို ကြိုးစား​ပြု​ကြ​ကုန်စို့။ အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။ အသား​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီအစ်ကို​အား ခလုတ်တိုက်​စေ​သော​အရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။ သင်​သည် မိမိ​၌​ရှိ​သော​ယုံကြည်​ခြင်း​ကို ဘုရားသခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်ခံ​ထား​သော​အမှုအရာ​၌ မိမိ​၏​ဩတ္တပ္ပစိတ်​ကြည်လင်​သော​သူ​သည် မင်္ဂလာရှိ​၏။ သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။