YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 14:13-23

ရောမဩဝါဒစာ 14:13-23 MSBU

ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အချင်းချင်း​မ​စီရင်​ဘဲ​နေ​ကြ​ကုန်စို့။ ထိုမျှမက ညီအစ်ကို​အတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်း​စေ​သော​အရာ​ကို​မ​ထား​ရန် စီရင်​ကြ​လော့။ ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။ အစားအစာ​ကြောင့် သင်​၏​ညီအစ်ကို​ကို ဝမ်းနည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အသက်ရှင်​လျှောက်လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​တော်မူ​သော သင့်​ညီအစ်ကို​ကို သင်​၏​အစားအစာ​ကြောင့် မ​ပျက်စီး​စေ​နှင့်။ သင်​တို့​အတွက်​ကောင်း​သော​အရာ​ကို​လည်း ပြစ်တင်​ပြောဆို​စရာ​မ​ဖြစ်​စေ​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။ ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။ သို့ဖြစ်၍ ငြိမ်သက်​ခြင်း​ကို​ဖြစ်စေ​သော​အမှုအရာ​များ​နှင့် အချင်းချင်း​တည်ဆောက်​မြှင့်တင်​ပေး​သော​အမှုအရာ​များ​ကို ကြိုးစား​ပြု​ကြ​ကုန်စို့။ အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။ အသား​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီအစ်ကို​အား ခလုတ်တိုက်​စေ​သော​အရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။ သင်​သည် မိမိ​၌​ရှိ​သော​ယုံကြည်​ခြင်း​ကို ဘုရားသခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်ခံ​ထား​သော​အမှုအရာ​၌ မိမိ​၏​ဩတ္တပ္ပစိတ်​ကြည်လင်​သော​သူ​သည် မင်္ဂလာရှိ​၏။ သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။