ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။- အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။- အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။- သင်တို့ကောင်းသည်ဟုထင်မြင်ယူဆမှုသည် ကဲ့ရဲ့စရာမဖြစ်စေနှင့်။- ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။- ဤနည်းအားဖြင့်ခရစ်တော်၏အမှုတော် ကိုဆောင်ရွက်သူအားဘုရားသခင်နှစ်သက် တော်မူ၏။ လူတို့လည်းချီးမွမ်းကြ၏။ သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။- အစားအစာတစ်စုံတစ်ရာစားသောက်မှု အတွက်ကြောင့်ယုံကြည်ခြင်းမခိုင်မာသေး သူကိုအကျိုးမနည်းစေနှင့်။ အစားအစာ မှန်သမျှသည်စားသင့်သောအရာဖြစ်သော် လည်းထိုအစားအစာများကိုစားသုံး ခြင်းဖြင့်သူတစ်ပါးတို့အားမှောက်မှား စေသူ၌အဆိုးဖြစ်၏။- အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစ သောသင့်ညီအစ်ကိုအားတိုက်လဲစေရန် မည်သည်ကိုမျှမပြုသင့်။- ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။- သို့ရာတွင်သံသယရှိသောစိတ်နှင့်အစား အစာတစ်စုံတစ်ရာကိုစားသုံးသောသူအား ဘုရားသခင်ပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်မှုပေါ်၌ တည်၍မပြုသောကြောင့်ဖြစ်၏။ ယုံကြည်မှု ပေါ်၌မတည်ဘဲပြုလေသမျှသည်အပြစ် ဖြစ်၏။
ရောမ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 14:13-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ