YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 19:6-9

ဗျာဒိတ် 19:6-9 Judson Bible (JBMLE)

တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။- ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်၏ မင်္ဂ​လာ​ဆောင်​ပွဲ​ကို ခံ​ချိန်​ရှိ​ပြီ။ သူ၏​မိန်း​မ​သည် ကိုယ်​ကို တန်​ဆာ​ဆင်​ပြီ​ဟု စည်း​ဝေး​သော သူ​အ​များ​တို့၏​အ​သံ၊ သ​မု​ဒ္ဒ​ရာ​သံ၊ ပြင်း​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ငါ​ကြား၏။- ထို​မိန်း​မ​သည် စင်​ကြယ်​ပြောင်​လက်​သော ပိတ်​ချော​ကို ဝတ်​ဆင်​ရ​သော​အ​ခွင့်​ကို ရ၏။ ထို​ပိတ်​ချော​မူ​ကား၊ သန့်​ရှင်း​သူ​တို့၏ ဖြောင့်​မတ်​ခြင်း ဖြစ်​သ​တည်း။- ကောင်း​ကင်​တ​မန်​က​လည်း၊ သိုး​သ​ငယ်၏ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ခေါ်​ဖိတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟူ၍​လည်း​ကောင်း၊ ဤ​စ​ကား​သည် ဘု​ရား​သ​ခင်၏ နှုတ်​တော်​ထွက်​စင်​စစ်​ဖြစ်၏ ဟူ၍​လည်း​ကောင်း ငါ့​အား​ပြော​ဆို၏။

ဗျာဒိတ် 19:6-9 Common Language Bible (BCL)

ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။- သိုး​သူ​ငယ်​တော်​၏​ထိမ်း​မြား​မင်္ဂလာ​ပွဲ​အ​ခါ ကျ​ရောက်​ပြီ​ဖြစ်​၍​ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း မြောက်​လျက် ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​မွမ်း ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​ကိုယ်​ကို​အ​သင့်​ပြင်​ဆင် ထား​လေ​ပြီ။- သူ​သည်​ဝတ်​ဆင်​ရန်​တောက်​ပ​ဖြူ​စင်​သော​ပိတ် ချော​ထည်​ကို​ရ​ရှိ​ထား​ပြီ'' ဟု​ဆို​၏။ (ထို​ပိတ် ချော​ထည်​ကား​ဘု​ရား​သ​ခင်​လူ​စု​ဝင်​တို့​၏ မွန်​မြတ်​သည့်​အ​ကျင့်​များ​ကို​ဆို​လို​သ​တည်း။) ထို​နောက်​ကောင်း​ကင်​တ​မန်​က``သိုး​သူ​ငယ်​တော် ၏​ထိမ်း​မြား​မင်္ဂ​လာ​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သူ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏​ဟု​ရေး​မှတ်​ထား​လော့'' ဟူ​၍​လည်း​ကောင်း``ဤ​စ​ကား​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​တော်​ထွက်​စ​ကား​ပင်​ဖြစ်​၏'' ဟူ​၍​လည်း ကောင်း​ငါ့​အား​မြွက်​ဆို​၏။

ဗျာဒိတ် 19:6-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် များစွာ​သော​လူ​အစုအဝေး​၏​အသံ​နှင့်​လည်းကောင်း၊ များစွာ​သော​ရေဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ပြင်းထန်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သော​အသံ​က “ဟာလေလုယာ။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် စိုးစံ​တော်မူ​သည်​ဖြစ်​၍ ငါ​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​လျက် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ကုန်​စို့။ အဘယ်ကြောင့်​ဆိုသော် သိုးသငယ်​တော်​၏​မင်္ဂလာဆောင်​ပွဲ​အချိန်​ကျရောက်​လာ​၍ သူ​၏​သတို့သမီး​သည် မိမိကိုယ်ကို​ပြင်ဆင်​လေ​ပြီ။ ထို​သတို့သမီး​သည် စင်ကြယ်​တောက်ပ​သော​ပိတ်ချော​ထည်​ကို ဝတ်ဆင်​ခွင့်​ရရှိ​၏။ ထို​ပိတ်ချော​ထည်​ကား သန့်ရှင်း​သူ​တို့​၏​ဖြောင့်မတ်​သော​အကျင့်​ဖြစ်​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထို့နောက် ကောင်းကင်​တမန်​က “သိုးသငယ်​တော်​၏​မင်္ဂလာ​ညစာစားပွဲ​သို့ ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏​ဟု ရေး​ထား​လော့”​ဟူ၍ ငါ့​အား​မြွက်ဆို​ပြီးလျှင် “ဤ​အရာ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မှန်​သော​နှုတ်ကပတ်တော်​များ​ဖြစ်​ကြ​၏”​ဟု မြွက်ဆို​လေ​၏။