ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍ ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။ ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။ ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။
ဗျာဒိတ်ကျမ်း 19 ကိုဖတ်ပါ။
နားထောင်ပါ ဗျာဒိတ်ကျမ်း 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ်ကျမ်း 19:6-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ