YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 19

19
ဟာ​လေ​လု​ယ
1ထို​နောက်​မှ ကောင်း​ကင်​ဘုံ၌ စည်း​ဝေး​သော သူ​အ​များ​တို့၏ အ​သံ​ကြီး​ကား၊ ဟာ​လေ​လု​ယ၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ချမ်း​သာ၊ ဘုန်း​အ​သ​ရေ​တန်​ခိုး​တော်​ပေ​တည်း။- 2စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-#တ​ရား၊ ၃၂:၄၃။ ၄​ရာ၊ ၉:၇။ 3တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ​ဟူ၍​လည်း​ကောင်း၊ သူ၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​သည် ဟူ၍​လည်း​ကောင်း ပြော​ဆို​ကြ၏။-#ဟေ​ရှာ၊ ၃၄:၁၀။ 4အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​နှင့် သ​တ္တ​ဝါ လေး​ပါး​တို့​သည် ပျပ်​ဝပ်၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊ အာ​မင်၊ ဟာ​လေ​လု​ယ​ဟု လျှောက်​ဆို​ကြ၏။
သိုး​သ​ငယ်​၏​မင်္ဂ​လာ​ပွဲ
5ပ​လ္လင်​တော်​ပေါ်​က ထွက်​သော​အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ ကျွန်​အ​ပေါင်း​တို့​နှင့် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့​ဟု ဆို​သ​တည်း။#ဆာ၊ ၁၁၅:၁၃။
6တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။-#ဆာ၊ ၉၃:၁၊ ၉၇:၁၊ ၉၉:၁။ 7ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်၏ မင်္ဂ​လာ​ဆောင်​ပွဲ​ကို ခံ​ချိန်​ရှိ​ပြီ။ သူ၏​မိန်း​မ​သည် ကိုယ်​ကို တန်​ဆာ​ဆင်​ပြီ​ဟု စည်း​ဝေး​သော သူ​အ​များ​တို့၏​အ​သံ၊ သ​မု​ဒ္ဒ​ရာ​သံ၊ ပြင်း​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ငါ​ကြား၏။- 8ထို​မိန်း​မ​သည် စင်​ကြယ်​ပြောင်​လက်​သော ပိတ်​ချော​ကို ဝတ်​ဆင်​ရ​သော​အ​ခွင့်​ကို ရ၏။ ထို​ပိတ်​ချော​မူ​ကား၊ သန့်​ရှင်း​သူ​တို့၏ ဖြောင့်​မတ်​ခြင်း ဖြစ်​သ​တည်း။- 9ကောင်း​ကင်​တ​မန်​က​လည်း၊ သိုး​သ​ငယ်၏ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ခေါ်​ဖိတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟူ၍​လည်း​ကောင်း၊ ဤ​စ​ကား​သည် ဘု​ရား​သ​ခင်၏ နှုတ်​တော်​ထွက်​စင်​စစ်​ဖြစ်၏ ဟူ၍​လည်း​ကောင်း ငါ့​အား​ပြော​ဆို၏။-#မ၊ ၂၂:၂-၃။ 10ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။
မြင်း​ဖြူ​စီး​သော​သူ
11ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။-#ဆာ၊ ၉၆:၁၃။ ဟေ​ရှာ၊ ၁၁:၄။ 12မျက်​စိ​တော်​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်၏။ ခေါင်း​တော်​ပေါ်၌ သ​ရ​ဖူ​များ​ကို ဆောင်း၏။ ကိုယ်​တိုင်​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​သိ​သော နာ​မ​တော်​သည် ရေး​ထား​လျက် ရှိ၏။- 13အ​သွေး၌ နှစ်​ပြီး​သော​အ​ဝတ်​ကို ဝတ်၏။ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ဟူ​သော အ​မည်​ရှိ၏။- 14ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် မြင်း​ဖြူ​ကို​စီး​လျက်၊ စင်​ကြယ်​သော ပိတ်​ချော​ဖြူ​ကို ဝတ်​လျက်၊ နောက်​တော်​သို့ လိုက်​ကြ၏။- 15လူ​မျိုး​တို့​ကို ဒဏ်​ခတ်​စ​ရာ​ဖို့၊ ထက်​သော သန်​လျက်​သည် ခံ​တွင်း​တော်​ထဲ​က ထွက်၏။ သူ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​တော်​မူ​မည်။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော် မူ​သော ဘု​ရား​သ​ခင်၏ ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​ကို ဖိ​နင်း​တော်​မူ​မည်။-#ဆာ၊ ၂:၉။ ဟေ​ရှာ၊ ၆၃:၃။ ယော​လ၊ ၃:၁၃။ ဗျာ၊ ၁၄:၂၀။ 16ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။
17ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နေ​ထဲ​မှာ ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။-#ယေ​ဇ၊ ၃၉:၁၇-၂၀။ 18သူ​သည် မိုး​ကောင်း​ကင်​အ​လယ်၌ ပျံ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ကြီး​သော​အ​သံ​နှင့်​ခေါ်၍၊ လာ​ကြ​လော့။ ရှင်​ဘု​ရင်​အ​သား၊ စစ်​သူ​ကြီး​အ​သား၊ သူ​ရဲ​အ​သား၊ မြင်း​အ​သား၊ မြင်း​စီး​သော​သူ အ​သား၊ အ​စေ​ခံ​ကျွန်၊ လူ​လွှတ်၊ အ​ကြီး​အ​ငယ် အ​မျိုး​မျိုး​သော လူ​တို့၏ အ​သား​ကို စား​အံ့​သော​ငှာ၊ ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပွဲ​တော်​သို့ စည်း​ဝေး​ကြ​လော့​ဟု ဟစ်​ကြော်၏။- 19သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။- 20သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-#ဗျာ၊ ၁၃:၁-၁၈။ 21ကြွင်း​သော​သူ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော သူ၏ ခံ​တွင်း​တော်​ထဲ​က ထွက်​သော သန်​လျက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ သူ​တို့၏ အ​သား​ကို ငှက်​အ​ပေါင်း​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။