YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 18

18
ဗာ​ဗု​လုန်​မြို့​ပြို​လဲ​ခြင်း
1ထို​နောက်​မှ ကောင်း​ကင်​တ​မန် တစ်​ပါး​သည် ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ၍ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏ ရောင်​ခြည်​အား​ဖြင့် မြေ​ကြီး​ထွန်း​လင်း​လျက်​ရှိ၏။- 2သူ​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ ပြို​လဲ​ပြီ။ နတ်​ဆိုး​နေ​ရာ ဖြစ်​လေ​ပြီ။ ညစ်​ညူး​သော ဝိ​ညာဉ်​မျိုး၏​တွင်း ဖြစ်​လေ​ပြီ။ ညစ်​ညူး၍ စက်​ဆုပ်​ဖွယ်​သော ငှက်​မျိုး၏ မှီ​ခို​ရာ​ဖြစ်​လေ​ပြီ။-#ဟေ​ရှာ၊ ၁၃:၂၁၊ ၂၁:၉။ ယေ၊ ၅၀:၃၉၊ ၅၁:၈။ ဗျာ၊ ၁၄:၈။ 3အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။#ဟေ​ရှာ၊ ၂၃:၁၇။ ယေ၊ ၅၁:၇။
4အ​ခြား​သော ကောင်း​ကင်​အ​သံ​ကား၊ ငါ၏​လူ​မျိုး​တို့၊ သူ၏ အ​ပြစ်​တို့​ကို ဆက်​ဆံ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ၏ ဘေး​ဒဏ်​များ​ကို ခံ​ခြင်း​နှင့်​လည်း​ကောင်း၊ ကင်း​လွတ်​အံ့​သော​ငှာ၊ သူ၏​အ​ထဲ​က ထွက်​ကြ​လော့။-#ဟေ​ရှာ၊ ၄၈:၂၀။ ယေ၊ ၅၀:၈၊ ၅၁:၆၊၄၅။ 5သူ၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​ဘုံ​တိုင်​အောင် မီ​ကြ​သည်​ဖြစ်၍၊ သူ၏​မ​တ​ရား​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင် သ​တိ​ရ​တော်​မူ​ပြီ။-#က၊ ၁၈:၂၀-၂၁။ ယေ၊ ၅၁:၉။ 6သူ​သည် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​သည်​နည်း​တူ သူ၌ ဆပ်​ပေး​ကြ​လော့။ သူ၏​အ​ကျင့်​အ​တိုင်း နှစ်​ဆ​ထပ်၍ စီ​ရင်​ကြ​လော့။ သူ​လောင်း​သော ဖ​လား၌ သူ့​အ​ဖို့ နှစ်​ဆ​တိုး၍ လောင်း​ကြ​လော့။-#ဆာ၊ ၁၃၇:၈။ ယေ၊ ၅၀:၂၉။ 7သူ​သည် ကိုယ်​ကို ချီး​မြှောက်၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သည်​အ​တိုင်း သူ၌ ပြင်း​စွာ​သော​ဆုံး​မ​ခြင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို ဖြစ်​စေ​ကြ​လော့။ ငါ​ကား မိ​ဖု​ရား​ဖြစ်၏။ မု​ဆိုး​မ မ​ဟုတ်။ စိတ်​မ​သာ​ညည်း တွား​ခြင်း​ကို မ​သိ​ရ​ဟု သူ​သည် အောက်​မေ့​တတ်၏။-#ဟေ​ရှာ၊ ၄၇:၇-၉။ 8ထို​ကြောင့်၊ သူ​ခံ​ရ​သော​သေ​ခြင်း​ဘေး၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း​ဘေး၊ မွတ်​သိပ်​ခြင်း ဘေး​ဒဏ်​များ​တို့​နှင့် တစ်​နေ့​ချင်း​တွင်​တွေ့၍၊ မီး​ဖြင့်​လည်း ကျွမ်း​လောင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​သည် ခွန်​အား​ဗ​လ ကြီး​တော်​မူ၏။
9မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-#ယေ​ဇ၊ ၂၆:၁၆-၁၇။ 10သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊ ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ဗာ​ဗု​လုန်​မြို့​ကြီး၊ မြို့​စွမ်း၊ သင်​သည် တစ်​နာ​ရီ​ချင်း​တွင် အ​ပြစ်​စီ​ရင်​ခြင်း​သို့ ရောက်​ပါ​ပြီ​တ​ကား​ဟူ၍ သူ့​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။- 11လော​ကီ​ကုန်​သည်​တို့​သည် ထို​အ​တူ ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့ ကုန်​သွယ်​ဥ​စ္စာ​တည်း ဟူ​သော၊-#ယေ​ဇ၊ ၂၇:၃၁၊၃၆။ 12ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ ပု​လဲ၊ ပိတ်​ချော၊ က​တ္တီ​ပါ၊ ဖဲ၊ ပု​ဆိုး​နီ၊ အ​မျိုး​မျိုး​သော သွိန်​သစ်​သား၊ အ​မျိုး​မျိုး​သော ဆင်​စွယ်​တန်​ဆာ၊ အ​မျိုး​မျိုး​သော သစ်​ကောင်း​တန်​ဆာ၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ၊ ကျောက်​ဖြူ တန်​ဆာ၊-#ယေ​ဇ၊ ၂၇:၁၂၊၁၃၊၂၂။ 13သစ်​ကြံ​ပိုး၊ အ​မေ​မုန်၊ နံ့​သာ​ပေါင်း၊ ဆီ​မွှေး၊ လော​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ မုန့်​ညက်၊ ဂျုံ​ဆန်၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ အ​စေ​ခံ​ကျွန်၊ လူ​ဝိ​ညာဉ်​တို့​ကို အ​ဘယ်​သူ​မျှ နောက်​တစ်​ဖန် မ​ဝယ်​ရ။- 14သင်​သည် အ​လွန်​တပ်​မတ်​သော သစ်​သီး​မျိုး​လည်း ပျောက်​ကုန်​ပြီ။ ဆူ​ဖြိုး​သော​အ​ရာ၊ တင့်​တယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​လည်း ပျောက်​ကုန်​ပြီ။ နောက်​တစ်​ဖန် မ​တွေ့​ရ။- 15သူ့​ကို​အ​မှီ​ပြု၍ ထို​အ​ရာ​များ​ကို ရောင်း​ဝယ်​သ​ဖြင့်၊ ငွေ​ရ​တတ်​သော ကုန်​သည်​တို့​သည် သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊-#ယေ​ဇ၊ ၂၇:၃၁၊ ၃၆။ 16ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပိတ်​ချော၊ အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်၍၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​သော​မြို့​ကြီး၊- 17ဤ​မျှ​လောက်​ကြီး​စွာ​သော စည်း​စိမ်​သည် တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ​တ​ကား​ဟု ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော သင်္ဘော​သူ​ကြီး၊ အ​ရပ်​ရပ်​သို့ လွှင့်​ကူး​တတ်​သော သူ​အ​ပေါင်း​တို့​နှင့် သင်္ဘော​သား၊ ပင်​လယ်​ကုန်​သည် ရှိ​သ​မျှ​တို့​သည် အ​ဝေး​က​ရပ်၍-#ဟေ​ရှာ၊ ၂၃:၁၄။ ယေ​ဇ၊ ၂၇:၂၆-၃၀။ 18သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို​မြင်​လျှင်၊ ထို​မြို့​နှင့် အ​ဘယ်​မြို့ တူ​သ​နည်း​ဟူ၍​လည်း​ကောင်း၊-#ယေ​ဇ၊ ၂၇:၃၂။ 19ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-#ယေ​ဇ၊ ၂၇:၃၀-၃၄။ 20ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-#တ​ရား၊ ၃၂:၄၃။ ယေ၊ ၅၁:၄၈။
21ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​စွာ​သော ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့​သော ကျောက်​ကို ချီ​ယူ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ပြီး​လျှင် ထို​နည်း​တူ၊ ဗာ​ဗု​လုန်​မြို့​ကြီး​ကို ပြင်း​ထန်​စွာ ချ​ပစ်၍ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။-#ယေ၊ ၅၁:၆၃-၆၄။ ယေ​ဇ၊ ၂၆:၂၁။ 22စောင်း​သ​မား၊ အ​ငြိမ့်​သ​မား၊ ပု​လွေ​သ​မား၊ တံ​ပိုး​သ​မား​များ တီး​မှုတ်​သော​အ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။ အ​မျိုး​မျိုး​သော လက်​တတ်​သ​မား​တို့​တွင် တစ်​ယောက်​မျှ သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။ ကြိတ်​ဆုံ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။-#ယေ​ဇ၊ ၂၆:၁၃။ ဟေ​ရှာ၊ ၂၄:၈။ 23ဆီ​မီး​အ​လင်း​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ထွန်း​မ​လင်း​ရ။ မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး အ​သံ​ကို​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ကြား​ရ။ အ​ကြောင်း​မူ​ကား၊ လော​ကီ​မှူး​မတ်​တို့​သည် သင်၏ ကုန်​သည်​ဖြစ်​ကြ​ပြီ။ လူ​အ​မျိုး​မျိုး​တို့​သည် သင်၏ ပြု​စား​ခြင်း ပ​ရိ​ယာယ်​အား​ဖြင့် လှည့်​ဖြား​ခြင်း​ကို ခံ​ရ​ကြ​ပြီ​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-#ယေ၊ ၇:၃၄၊ ၂၅:၁၀။ 24ပ​ရော​ဖက်​တို့၏ အ​သွေး၊ သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ မြေ​ကြီး​ပေါ်​မှာ ကွပ်​မျက်​သော​သူ အ​ပေါင်း​တို့၏ အ​သွေး​ကို ထို​မြို့၌​တွေ့၏။#ယေ၊ ၅၁:၄၉။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ