YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 97:1-7

ဆာလံ 97:1-7 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ မြေ​ကြီး​သည် ဝမ်း​မြောက်၍၊ ကျွန်း​များ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။ မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။ မီး​သည် ရှေ့​တော်၌​သွား၍၊ ရန်​သူ​တို့​ကို အ​လှည့်​လှည့် လောင်​လေ၏။ လျှပ်​စစ်​တော်​သည် လော​က​ဓာတ်​ကို လင်း​စေ၏။ မြေ​ကြီး​သည် မြင်၍​တုန်​လှုပ်၏။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌၊ တောင်​တို့​သည် ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ဖြစ်​ကြ၏။ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည်​ထင်​ရှား​စွာ​ပြ၍၊ လူ​များ​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို မြင်​ရ​ကြ၏။ ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။

ဆာလံ 97:1-7 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ချင်း​ကမ္ဘာ​မြေ​ကြီး၊ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ပင်​လယ်​များ​တွင်​ရှိ​သည့်​ကျွန်း​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။ မီး​လျှံ​သည်​ရှေ့​တော်​မှ​သွား​၍​ကိုယ်​တော်​၏ ပတ်​လည်​ရှိ​ရန်​သူ​တို့​ကို​ကျွမ်း​လောင်​စေ​၏။ ကိုယ်​တော်​၏​လျှပ်​စစ်​လျှပ်​နွယ်​တို့​သည် ကမ္ဘာ​လော​က​ကို​လင်း​စေ​ကြ​၏။ ထို​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။ မိုး​ကောင်း​ကင်​သည်​ကိုယ်​တော် ဖြောင့်​မှန်​တော်​မူ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ ညာ​၍ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​မြင်​ကြ​ရ​၏။ ရုပ်​တု​များ​ကို​ရှိ​ခိုး​ဝတ်​ပြု​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ရ​ကြ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​သည်​လည်း​ကိုယ်​တော်​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​၏။

ဆာလံ 97:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ရွှင်လန်း​ပါစေ​။ များစွာ​သော​ကမ်းရိုးတန်း​နိုင်ငံ​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။ မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။ ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။ မီး​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍ ကိုယ်တော်​၏​ရန်သူ​တို့​ကို လှည့်ပတ်​လောင်ကျွမ်း​၏​။ ကိုယ်တော်​၏​လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို လင်းလက်​စေ​၏​။ ကမ္ဘာမြေကြီး​သည်​လည်း မြင်​၍​တုန်လှုပ်​၏​။ ထာဝရဘုရား​၏​ရှေ့​တော်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အစိုးရ​သော အရှင်​၏​ရှေ့​တော်​၌ တောင်​များ​သည် ဖယောင်း​ကဲ့သို့ အရည်ပျော်​ကြ​၏​။ ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ပြောကြား​၍ လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏ ဘုန်းအသရေ​တော်​ကို မြင်​ရ​ကြ​၏​။ ထုလုပ်​ထား​သော​အရုပ်​ကို​ဝတ်ပြု​သော​သူ​၊ ရုပ်တု​များ​၌ ဂုဏ်ယူဝါကြွား​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​ကြ​ရ​ပါစေ​။ ဘုရား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။