YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 97:1-7

ဆာလံကျမ်း 97:1-7 MSBU

ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ရွှင်လန်း​ပါစေ​။ များစွာ​သော​ကမ်းရိုးတန်း​နိုင်ငံ​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။ မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။ ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။ မီး​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍ ကိုယ်တော်​၏​ရန်သူ​တို့​ကို လှည့်ပတ်​လောင်ကျွမ်း​၏​။ ကိုယ်တော်​၏​လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို လင်းလက်​စေ​၏​။ ကမ္ဘာမြေကြီး​သည်​လည်း မြင်​၍​တုန်လှုပ်​၏​။ ထာဝရဘုရား​၏​ရှေ့​တော်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အစိုးရ​သော အရှင်​၏​ရှေ့​တော်​၌ တောင်​များ​သည် ဖယောင်း​ကဲ့သို့ အရည်ပျော်​ကြ​၏​။ ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ပြောကြား​၍ လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏ ဘုန်းအသရေ​တော်​ကို မြင်​ရ​ကြ​၏​။ ထုလုပ်​ထား​သော​အရုပ်​ကို​ဝတ်ပြု​သော​သူ​၊ ရုပ်တု​များ​၌ ဂုဏ်ယူဝါကြွား​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​ကြ​ရ​ပါစေ​။ ဘုရား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။