YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 90:12-17

ဆာလံ 90:12-17 Judson Bible (JBMLE)

အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ပြန်​လာ​တော်​မူ​ပါ။ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက် နာ​ကြင်​သော​စိတ် ရှိ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သော နေ့​ရက်​ကာ​လ၊ ဒု​က္ခ​ခံ​ရ​ခဲ့​ပြီး​သော နှစ်​ပေါင်း​များ​သည်​အ​တိုင်း၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​သ​နား​တော်​မူ​ပါ။ အ​မှု​တော်​သည် ကိုယ်​တော်၏​ကျွန်​တို့​အား​လည်း​ကောင်း၊ ဘုန်း​တော်​သည် သား​မြေး​တို့​အား​လည်း​ကောင်း ထင်​ရှား​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။

ဆာလံ 90:12-17 Common Language Bible (BCL)

ကျွန်​တော်​မျိုး​တို့​အား​မိ​မိ​တို့​အ​သက်​မည်​မျှ တို​တောင်း​ကြောင်း​ကို​သိ​ရှိ​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​တို့​သည်​ဉာဏ်​ပ​ညာ ရ​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန် နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်း ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သော ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို​တွေ့​မြင်​ခွင့် ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​စား​ကြ​ရ​ပါ​စေ​သော။ ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​လည်း ကျွန်​တော်​မျိုး​တို့​အား​အောင်​မြင်​ခွင့်​ပေး​တော်​မူ​ပါ။

ဆာလံ 90:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​တို့​ကို​ပြည့်စုံကြွယ်ဝ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အသက်တာ​တစ်လျှောက်လုံး ရွှင်လန်း​စွာ​သီချင်းဆို​၍ ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တို့​ကို နှိမ့်ချ​တော်မူ​ခဲ့​သည့်​နေ့ရက်​များ​၊ အကျွန်ုပ်​တို့ ဒုက္ခ​နှင့်​ကြုံတွေ့​ခဲ့​ရ​သည့် နှစ်ကာလ​များ​နှင့်အမျှ အကျွန်ုပ်​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ကိုယ်တော်​၏​အစေအပါး​တို့​ထံ၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအာနုဘော်​သည် သူ​တို့​၏ သားသမီး​တို့​ထံ၌​လည်းကောင်း ထင်ရှား​ပါစေသော​။ အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၏ ကျေးဇူးပြု​တော်မူ​ခြင်း​သည် အကျွန်ုပ်​တို့​အပေါ် သက်ရောက်​ပါစေသော​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့်​ပြု​သော​အမှု​တို့​ကို အကျွန်ုပ်​တို့​အတွက် မြဲမြံ​စေ​တော်မူ​ပါ​။ ဟုတ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့် ပြု​သော​အမှု​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။