YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 90:12-17

ဆာလံကျမ်း 90:12-17 MSBU

အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​တို့​ကို​ပြည့်စုံကြွယ်ဝ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အသက်တာ​တစ်လျှောက်လုံး ရွှင်လန်း​စွာ​သီချင်းဆို​၍ ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တို့​ကို နှိမ့်ချ​တော်မူ​ခဲ့​သည့်​နေ့ရက်​များ​၊ အကျွန်ုပ်​တို့ ဒုက္ခ​နှင့်​ကြုံတွေ့​ခဲ့​ရ​သည့် နှစ်ကာလ​များ​နှင့်အမျှ အကျွန်ုပ်​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ကိုယ်တော်​၏​အစေအပါး​တို့​ထံ၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအာနုဘော်​သည် သူ​တို့​၏ သားသမီး​တို့​ထံ၌​လည်းကောင်း ထင်ရှား​ပါစေသော​။ အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၏ ကျေးဇူးပြု​တော်မူ​ခြင်း​သည် အကျွန်ုပ်​တို့​အပေါ် သက်ရောက်​ပါစေသော​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့်​ပြု​သော​အမှု​တို့​ကို အကျွန်ုပ်​တို့​အတွက် မြဲမြံ​စေ​တော်မူ​ပါ​။ ဟုတ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့် ပြု​သော​အမှု​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။

​ဆာလံကျမ်း 90:12-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။