အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။ အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော်၏ကျွန်တို့အတွက် နာကြင်သောစိတ် ရှိတော်မူပါ။ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။ အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးသနားတော်မူပါ။ အမှုတော်သည် ကိုယ်တော်၏ကျွန်တို့အားလည်းကောင်း၊ ဘုန်းတော်သည် သားမြေးတို့အားလည်းကောင်း ထင်ရှားပါစေသော။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်း၊ အကျွန်ုပ်တို့အဖို့ မြဲမြံစေတော်မူပါ။
ဆာလံ 90 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 90:12-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ