YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 90

90
အ​တွဲ ၄
(ဆာ၊ ၉၀—၁၀၆)
ဘု​ရား​သ​ခင်​နှင့်​လူ
ဘု​ရား​သ​ခင်၏​လူ​မော​ရှေပြု​သော​ပ​တ္ထ​နာ
1အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ 2တောင်​များ​ကို မ​ဖော်၊ မြေ​ကြီး​နှင့် လော​က​ဓာတ်​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ၊ ကိုယ်​တော်​သည် ရှေး​က​မ္ဘာ အ​ဆက်​ဆက်​မှ​စ၍၊ နောက်​က​မ္ဘာ အ​ဆက်​ဆက်​တိုင်​အောင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ 3လူ​မျိုး​ကို​ကား၊ ကြေ​မွ​စေ​တော်​မူ၏။ အ​ချင်း​လူ​သား​တို့၊ ပြန်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ 4ရှေ့​တော်၌ အ​နှစ်​တစ်​ထောင်​သည် လွန်​ပြီး​သော မ​နေ့​ကဲ့​သို့​လည်း​ကောင်း၊ ညဉ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။#၂​ပေ၊ ၃:၈။ 5လူ​တို့​ကို လွှမ်း​မိုး​တိုက်​သွား​တော်​မူ၏။ သူ​တို့​သည် အိပ်​ပျော်​ခြင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ လူ​သည် မြက်​ပင်​ကဲ့​သို့ နံ​နက်​အ​ချိန်၌ တိုး​ပွား​တတ်​ပါ၏။ 6နံ​နက်​အ​ချိန်၌​ကား၊ ပွင့်​လန်း၍​တိုး​ပွား​ပါ၏။ ညဉ့်​ဦး​အ​ချိန်၌​ကား၊ ရိတ်၍ ညှိုး​နွမ်း​ပါ၏။ 7အ​မျက်​တော်​ထွက်​သော​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ၏။ စိတ်​တော်​မ​ပြေ​သော​ကြောင့်၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း​ရှိ​ကြ​ပါ၏။ 8အ​ကျွန်ုပ်​တို့၏​ဒု​စ​ရိုက်​များ​ကို ရှေ့​တော်၌​လည်း​ကောင်း၊ ဝှက်​ထား​သော​အ​ကျင့်​များ​ကို မျက်​နှာ​တော် အ​လင်း​ထဲ၌​လည်း​ကောင်း၊ လှန်​ထား​တော်​မူ၏။ 9အ​ကျွန်ုပ်​တို့​သည် အ​မျက်​တော်​ကို​ခံ​ရ​သော​ကြောင့်၊ နေ့​ရက်​ကာ​လ​ရွေ့​သွား၍၊ နှစ်​များ​တို့​သည် စိတ်​ထင်​ကဲ့​သို့ လွန်​တတ်​ကြ​ပါ၏။ 10အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။ 11အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ​သိ​ပါ​သ​နည်း။ အ​မျက်​ထွက်​တော်​မူ​ခြင်း​ကို ကြောက်​ရွံ့​သင့်​သည်​အ​တိုင်း အ​ဘယ်​သူ ကြောက်​ရွံ့​ပါ​သ​နည်း။ 12အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။
13အို ထာ​ဝ​ရ​ဘု​ရား၊ ပြန်​လာ​တော်​မူ​ပါ။ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက် နာ​ကြင်​သော​စိတ် ရှိ​တော်​မူ​ပါ။ 14အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။ 15အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သော နေ့​ရက်​ကာ​လ၊ ဒု​က္ခ​ခံ​ရ​ခဲ့​ပြီး​သော နှစ်​ပေါင်း​များ​သည်​အ​တိုင်း၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​သ​နား​တော်​မူ​ပါ။ 16အ​မှု​တော်​သည် ကိုယ်​တော်၏​ကျွန်​တို့​အား​လည်း​ကောင်း၊ ဘုန်း​တော်​သည် သား​မြေး​တို့​အား​လည်း​ကောင်း ထင်​ရှား​ပါ​စေ​သော။ 17အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 90: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။