YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:4-6

ဆာလံ 68:4-6 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် ပေါက်​ဖော်​မ​ရှိ​သော သူ​တို့​အား အိမ်​ထောင်​ချ​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၍၊ ချုပ်​ထား​သော​သူ​တို့​ကို​လည်း ကြွယ်​ဝ​ခြင်း​ထဲ​သို့ သွင်း​တော်​မူ၏။ ငြင်း​ဆန်​သော​သူ​တို့​မူ​ကား၊ သွေ့​ခြောက်​သော အ​ရပ်၌ နေ​ရ​ကြ၏။

ဆာလံ 68:4-6 Common Language Bible (BCL)

ဘု​ရား​သ​ခင်​အား​သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ သီ​ချင်း​ဆို​ကြ​လော့။ မိုး​တိမ်​ကို​စီး​တော်​မူ​သော​အ​ရှင်​၏​အ​တွက် လမ်း​ခ​ရီး​ကို​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​တွင် ကိန်း​ဝပ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မိ​ဘ​မဲ့​သူ​များ​ကို​စောင့်​ရှောက်​၍​မု​ဆိုး​မ များ​ကို ကာ​ကွယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဖော်​မဲ့​သူ​တို့​အား​အိမ် ထောင်​နှင့် နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​၍ အ​ကျဉ်း​ခံ​ရ​သူ​တို့​ကို​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ​သူ​တို့ သည်​ကား သွေ့​ခြောက်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​ကြ​ရ​လိမ့်​မည်။

ဆာလံ 68:4-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ မိုးတိမ်​များ​ကို​စီး​တော်မူ​သော​အရှင်​ကို ချီးကျူး​ထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကား ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​၏​ရှေ့​တော်​၌ ရွှင်မြူး​ကြ​လော့​။ ဖတဆိုး​တို့​၏​ဖခင်​၊ မုဆိုးမ​တို့​အတွက်​တရားစီရင်​ပေး​သော​အရှင်​မှာ မိမိ​၏​သန့်ရှင်း​သော​ကိန်းဝပ်​ရာ​အရပ်​၌ ရှိ​တော်မူ​သော ဘုရားသခင်​ပေတည်း​။ ဘုရားသခင်​သည် အထီးကျန်​သော​သူ​တို့​အား အတူ​နေထိုင်​ရန်​မိသားစု​ကို​ပေး​၍ အချုပ်အနှောင်​ခံရ​သော​သူ​တို့​ကို ကောင်းစားရာ​သို့​ပို့ဆောင်​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​မူကား ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌​နေထိုင်​ကြ​ရ​၏​။