YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68

68
အောင်​ပွဲ​ခံ​အ​မျိုး​သား​သီ​ချင်း
1ဘု​ရား​သ​ခင်​ထ​တော်​မူ၍၊ ရန်​သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​ကို မုန်း​သော​သူ​တို့​သည် အ​ထံ​တော်​က ပြေး​ကြ​ပါ​စေ​သော။ 2မီး​ခိုး​လွှင့်​သ​ကဲ့​သို့ သူ​တို့​ကို​လွှင့်​တော်​မူ​ပါ။ ဖ​ယောင်း​သည် မီး​ရှေ့​မှာ​အ​ရည်​ဖြစ်​သ​ကဲ့​သို့၊ မ​တ​ရား​သော သူ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ပျက်​စီး​ကြ​ပါ​စေ​သော။ 3ဖြောင့်​မတ်​သော သူ​တို့​သည် ဝမ်း​မြောက်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ရွှင်​လန်း​သော​စိတ်​နှင့် အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ ကြ​ပါ​စေ​သော။ 4ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။ 5ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။ 6ဘု​ရား​သ​ခင်​သည် ပေါက်​ဖော်​မ​ရှိ​သော သူ​တို့​အား အိမ်​ထောင်​ချ​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၍၊ ချုပ်​ထား​သော​သူ​တို့​ကို​လည်း ကြွယ်​ဝ​ခြင်း​ထဲ​သို့ သွင်း​တော်​မူ၏။ ငြင်း​ဆန်​သော​သူ​တို့​မူ​ကား၊ သွေ့​ခြောက်​သော အ​ရပ်၌ နေ​ရ​ကြ၏။
7အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​လူ​စု​ရှေ့​မှာ​ကြွ၍၊ တော၌​ချီ​တော်​မူ​သော​အ​ခါ၊ 8ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကြောင့်၊ မြေ​ကြီး​လှုပ်၍ မိုး​ကောင်း​ကင်​သည် ယို​စီး​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​မျက်​နှာ​တော်​ကြောင့် သိ​နာ​တောင်​သည်​လည်း တုန်​လှုပ်၏။#ထွ၊ ၁၉:၁၈။ 9အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မိုး​ကို​များ​စွာ​ရွာ​စေ၍၊ ပင်​ပန်း​သော အ​မွေ​တော်​လူ​တို့​ကို ထောက်​မ​တော်​မူ၏။ 10ကိုယ်​တော်၏ အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ​ရ​ကြ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ဖို့ ကျေး​ဇူး​တော်​အား​ဖြင့် ပြင်​ဆင်​တော်​မူ၏။ 11ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ၍၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော သူ​တို့​သည် အ​တိုင်း​မ​သိ များ​ကြ၏။ 12စစ်​အင်္ဂါ​ဗိုလ်​ခြေ​သ​ခင် ရှင်​ဘု​ရင်​တို့​သည် အ​လျင်​အ​မြန် ပြေး​ကြ၍၊ အိမ်၌​နေ​ရစ်​သော မိန်း​မ​တို့​သည် လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​ကြ၏။ 13သင်​တို့​သည် တောင်​ကြား​မှာ နေ​ရာ​ကျ​လျက်၊ ငွေ​နှင့် မွမ်း​မံ​သော ချိုး​ငှက်​အ​တောင်​ကဲ့​သို့​လည်း​ကောင်း၊ နီ​သော​ရွှေ​နှင့် မွမ်း​မံ​သော အ​မွေး​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​ကြ​လိမ့်​မည်။ 14အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သည်၊ ရှင်​ဘု​ရင်​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​သော​အ​ရပ်​သည် ဇာ​လ​မုန်​တောင်​ပေါ်​မှာ မိုး​ပွင့်​ကဲ့​သို့ ဖြစ်​လေ၏။
15ဘု​ရား​သ​ခင်၏​တောင်​တည်း​ဟူ​သော ဗာ​ရှန်​တောင်၊ မြင့်​သော​ထိပ်​များ​နှင့် ပြည့်​စုံ​သော ဗာ​ရှန်​တောင်​တို့၊ 16သင်​တို့​သည် မြင့်​သော​တောင်​ထိပ်​များ​နှင့် ပြည့်​စုံ​သော်​လည်း၊ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သော​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​နေ​ရာ​ချ​တော်​မူ​သော​တောင်​တော်​ကို အ​ဘယ်​ကြောင့် စောင်း​မြောင်း​ကြ​သ​နည်း။ 17ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။ 18ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို​ဖမ်း​သွား​တော်​မူ၍၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ လူ​တို့​အ​ဖို့​မ​က၊ ပုန်​ကန်​သော လူ​တို့​အ​ဖို့ ဆု​လာဘ်​များ​ကို ခံ​ရ​တော်​မူ​ပြီ။#ဧ၊ ၄:၈။ 19ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ​တို့​ကို သူ​တစ်​ပါး​ညှဉ်း​ဆဲ​သော​အ​ခါ၊ ဘု​ရား​သ​ခင် ကယ်​တင်​တော်​မူ၏။ 20ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကယ်​တင်​နိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ၏။ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သေ​ခြင်း​သို့ ရောက်​သော​လမ်း​ကို​လည်း အ​စိုး​ပိုင်​တော်​မူ၏။ 21ဘု​ရား​သ​ခင်​သည် မိ​မိ​ရန်​သူ​တို့၏ ဦး​ခေါင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​ပြု​မြဲ​ပြု​သော သူ​တို့၏ ဦး​သျှောင်​ကို​လည်း​ကောင်း ဧ​ကန်​အ​မှန် နှိပ်​စက်​တော်​မူ​မည်။ 22သူ​တို့​ကို ဗာ​ရှန်​ပြည်​က ငါ​ဆောင်​ခဲ့​ဦး​မည်။ နက်​နဲ​သော​ပင်​လယ်​ထဲ​က ငါ​ဆောင်​ခဲ့​ဦး​မည်။ 23ထို​သို့​သော​အား​ဖြင့် သင်​သည် ရန်​သူ​တို့ အ​သွေး​ကို​နင်း၍၊ သင်၏​ခွေး​တို့​သည်​လည်း လျက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
24အို ဘု​ရား​သ​ခင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ ကိုယ်​တော်​ကြွ​တော်​မူ​ခြင်း၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏ ရှင်​ဘု​ရင် ကြွ​တော်​မူ​ခြင်း​ကို မြင်​ရ​ကြ​ပါ​ပြီ။ 25ရှေ့၌​ကား၊ သီ​ချင်း​ဆို​သော​သူ၊ နောက်၌​ကား၊ စောင်း​အ​မျိုး​မျိုး​ကို တီး​သော​သူ၊ အ​လယ်၌​ကား၊ ပတ်​သာ​ကို​တီး​သော အ​ပျို​တို့​သည် လိုက်​သွား​ကြ​ပါ၏။ 26ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ပ​ရိ​သတ်​အ​စည်း​အ​ဝေး​တို့၌ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ 27အ​စိုး​ရ​သော ဗင်္ယာ​မိန်​ငယ်​မှ​စ၍၊ မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ယု​ဒ​မင်း​များ၊ ဇာ​ဗု​လုန်​မင်း​များ၊ နဿ​လိ​မင်း​များ ပါ​ကြ၏။ 28အို ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့၌​ပြု​သော ကျေး​ဇူး​တော်​ကို တည်​စေ​တော်​မူ​ပါ။ 29ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဗိ​မာန်​တော်​အ​ဖို့ ရှင်​ဘု​ရင်​တို့​သည် ကိုယ်​တော်​ထံ​သို့ လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ​ပါ​စေ​သော။ 30ကျူ​တော​သား​ရဲ​ကို​လည်း​ကောင်း၊ နွား​လား​ဥ​သ​ဘ​အ​စု​အ​ဝေး​နှင့် လူ​မျိုး​တို့၏​နွား​ပျို​တို့​ကို​လည်း​ကောင်း ဆုံး​မ​တော်​မူ​သ​ဖြင့်၊ အ​သီး​အ​သီး​တို့​သည် ငွေ​စ​နှင့် ကိုယ်​ကို​နှိမ့်​ချ​ကြ​ပါ​စေ​သော။ စစ်​မှု​ကို နှစ်​သက်​သော လူ​မျိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပါ။ 31အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။ 32မြေ​ကြီး​နိုင်​ငံ​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ 33အ​စ​အ​ဦး၌ အ​ထက်​ကောင်း​ကင်​ဘ​ဝဂ်​ကို စီး၍​နေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ အ​သံ​တော်​ကို လွှတ်​တော်​မူ၍၊ အား​ကြီး​သော​အ​သံ​ဖြစ်၏။ 34ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​ကို ဘုန်း​တော်​လွှမ်း​မိုး​လျက်၊ တန်​ခိုး​တော်​လည်း မိုး​တိမ်​တို့​တွင် ထင်​ရှား​လျက်​ရှိ​သ​တည်း။ 35အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြင်​မှာ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကား၊ မိ​မိ​လူ​တို့​အား အ​ခွင့်​တန်​ခိုး​ကို​ပေး​တော်​မူ​သော ဘု​ရား​ပေ​တည်း။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 68: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။