YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:24-27

ဆာလံ 68:24-27 Judson Bible (JBMLE)

အို ဘု​ရား​သ​ခင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ ကိုယ်​တော်​ကြွ​တော်​မူ​ခြင်း၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏ ရှင်​ဘု​ရင် ကြွ​တော်​မူ​ခြင်း​ကို မြင်​ရ​ကြ​ပါ​ပြီ။ ရှေ့၌​ကား၊ သီ​ချင်း​ဆို​သော​သူ၊ နောက်၌​ကား၊ စောင်း​အ​မျိုး​မျိုး​ကို တီး​သော​သူ၊ အ​လယ်၌​ကား၊ ပတ်​သာ​ကို​တီး​သော အ​ပျို​တို့​သည် လိုက်​သွား​ကြ​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ပ​ရိ​သတ်​အ​စည်း​အ​ဝေး​တို့၌ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အ​စိုး​ရ​သော ဗင်္ယာ​မိန်​ငယ်​မှ​စ၍၊ မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ယု​ဒ​မင်း​များ၊ ဇာ​ဗု​လုန်​မင်း​များ၊ နဿ​လိ​မင်း​များ ပါ​ကြ၏။

ဆာလံ 68:24-27 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အောင်​စစ်​ချီ​တော်​မူ​ခြင်း၊ ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​ကြွ​ဝင်​တော်​မူ​ခြင်း​ကို လူ​ပေါင်း​တို့​တွေ့​မြင်​ကြ​ပါ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​စည်း​အ​ဝေး​တွင် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လော့။ ယာ​ကုပ်​၏​သား​မြေး​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ချီ​တက်​လာ​သော​ထို​လူ​စု​ထဲ​တွင်​ဦး​စွာ အ​ငယ်​ဆုံး​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ၊ ထို​နောက်​ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​အ​နွယ် ဝင်​များ၊ သူ​တို့​နောက်​မှ​ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ ခေါင်း​ဆောင်​များ​နှင့်​အ​နွယ်​ဝင်​များ​လိုက်​ပါ ကြ​၏။

ဆာလံ 68:24-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ ကိုယ်တော်​နှင့်အတူ စီတန်း​လှည့်လည်​သွား​သော​လူတန်း​တည်းဟူသော အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​နှင့်အတူ သန့်ရှင်းရာဌာန​တော်​သို့ စီတန်း​လှည့်လည်​သွား​သော​လူတန်း​ကို လူ​တို့​မြင်​ရ​ကြ​ပါ​၏​။ ရှေ့​၌ကား သီချင်းဆို​သော​သူ​များ​၊ နောက်​၌ကား စောင်းတီး​သော​သူ​များ​၊ အလယ်​၌ကား ပတ်သာတီး​သော​မိန်းမပျို​များ​သည် လိုက်ပါ​ကြ​ပါ​၏​။ ဘုရားသခင်​ကို လူထုပရိသတ်​ကြီး​အလယ်​တွင် ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ထာဝရဘုရား​ကို အစ္စရေး​၏​စမ်းရေတွင်း​မှ ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ထို​အရပ်​တွင် သူ​တို့​ကို​အုပ်စိုး​သည့် အသေးငယ်ဆုံး​သော​ဗင်္ယာမိန်​အနွယ်​ရှိ​၍ သူ​တို့​၏​အုပ်စု​ထဲတွင် ယုဒ​အနွယ်​၏​အကြီးအကဲ​များ​၊ ဇာဗုလုန်​အနွယ်​၏​အကြီးအကဲ​များ​နှင့် နဿလိ​အနွယ်​၏​အကြီးအကဲ​များ​ပါရှိ​ကြ​ပါ​၏​။