အို ဘုရားသခင်၊ ကိုယ်တော်နှင့်အတူ စီတန်းလှည့်လည်သွားသောလူတန်းတည်းဟူသော အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်နှင့်အတူ သန့်ရှင်းရာဌာနတော်သို့ စီတန်းလှည့်လည်သွားသောလူတန်းကို လူတို့မြင်ရကြပါ၏။ ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊ အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။ ဘုရားသခင်ကို လူထုပရိသတ်ကြီးအလယ်တွင် ကောင်းချီးထောမနာပြုကြလော့။ ထာဝရဘုရားကို အစ္စရေး၏စမ်းရေတွင်းမှ ကောင်းချီးထောမနာပြုကြလော့။ ထိုအရပ်တွင် သူတို့ကိုအုပ်စိုးသည့် အသေးငယ်ဆုံးသောဗင်္ယာမိန်အနွယ်ရှိ၍ သူတို့၏အုပ်စုထဲတွင် ယုဒအနွယ်၏အကြီးအကဲများ၊ ဇာဗုလုန်အနွယ်၏အကြီးအကဲများနှင့် နဿလိအနွယ်၏အကြီးအကဲများပါရှိကြပါ၏။
ဆာလံကျမ်း 68 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 68
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 68:24-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ