YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:19-23

ဆာလံ 68:19-23 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ​တို့​ကို သူ​တစ်​ပါး​ညှဉ်း​ဆဲ​သော​အ​ခါ၊ ဘု​ရား​သ​ခင် ကယ်​တင်​တော်​မူ၏။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကယ်​တင်​နိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ၏။ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သေ​ခြင်း​သို့ ရောက်​သော​လမ်း​ကို​လည်း အ​စိုး​ပိုင်​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် မိ​မိ​ရန်​သူ​တို့၏ ဦး​ခေါင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​ပြု​မြဲ​ပြု​သော သူ​တို့၏ ဦး​သျှောင်​ကို​လည်း​ကောင်း ဧ​ကန်​အ​မှန် နှိပ်​စက်​တော်​မူ​မည်။ သူ​တို့​ကို ဗာ​ရှန်​ပြည်​က ငါ​ဆောင်​ခဲ့​ဦး​မည်။ နက်​နဲ​သော​ပင်​လယ်​ထဲ​က ငါ​ဆောင်​ခဲ့​ဦး​မည်။ ထို​သို့​သော​အား​ဖြင့် သင်​သည် ရန်​သူ​တို့ အ​သွေး​ကို​နင်း၍၊ သင်၏​ခွေး​တို့​သည်​လည်း လျက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဆာလံ 68:19-23 Common Language Bible (BCL)

ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်း သယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​၏​ဘု​ရား​သည်​ကယ်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကား​ထာ​ဝ​ရ​ဘု​ရား၊ ငါ​တို့​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​သော ငါ​တို့​၏​ဘု​ရား​ရှင်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရန်​သူ​များ​နှင့် အ​ပြစ်​ပြု​မြဲ​ပြု​နေ​သူ​များ​၏​ဦး​ခေါင်း​ကို ဧ​ကန်​အ​မှန်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​က``သင်​တို့​သည်​ရန်​သူ​များ​၏ သွေး​အိုင်​တွင်​လျှောက်​သွား​နိုင်​ကြ​စေ​ရန်​နှင့် သင်​တို့​၏​ခွေး​များ​သည်​သူ​တို့​၏​သွေး​ကို အ​လို​ရှိ​သ​မျှ​လျက်​သောက်​နိုင်​ကြ​စေ​ရန် သူ​တို့​အား​ဗာ​ရှန်​ပြည်​မှ​ငါ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်။ သ​မုဒ္ဒ​ရာ​ရေ​နက်​ကြီး​ထဲ​မှ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်'' ဟု​မိန့်​တော်​မူ​၏။

ဆာလံ 68:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​၏​ဝန်ထုပ်​များ​ကို နေ့စဉ်နေ့တိုင်း​ထမ်း​ပေး​တော်မူ​သော​ဘုရားရှင်​သည် မင်္ဂလာရှိ​ပါစေသော​။ ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ (​စေလာ ) ငါ​တို့​၏​ဘုရားသခင်​သည် ကယ်တင်​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ သေ​ခြင်း​မှ​လွတ်မြောက်​ခွင့်​သည်​လည်း ဘုရားရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ သို့သော် ဘုရားသခင်​သည် မိမိ​ရန်သူ​တို့​၏​ဦးခေါင်း​ကို​လည်းကောင်း​၊ မိမိ​ဒုစရိုက်အပြစ်​များ​၌​လျှောက်လှမ်း​နေ​သော​သူ​၏ ဆံထုံးထုံး​ထား​သော​ဦးထိပ်​ကို​လည်းကောင်း ကြေမွ​စေ​တော်မူ​လိမ့်မည်​။ ဘုရားရှင်​က “​ငါ​သည် သူ​တို့​ကို ဗာရှန်​ပြည်​မှ ပြန်ခေါ်လာ​မည်​။ ပင်လယ်​၏​ရေနက်​ရာ​အရပ်​မှ ပြန်ခေါ်လာ​မည်​။ ထိုသို့​သော​အားဖြင့် သင်​၏​ခြေ​သည် ရန်သူ​တို့​၏​သွေး​ကို​နင်းနယ်​နိုင်​၍ သင့်​ခွေး​တို့​၏​လျှာ​သည်​လည်း မိမိ​ခွဲတမ်း​ကို သူ​တို့​ထံမှ​ရ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။