YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 49:5-9

ဆာလံ 49:5-9 Judson Bible (JBMLE)

ခဲ​ယဉ်း​ဆိုး​ယုတ်​သော​ကာ​လ၌ ငါ၏​အ​ရာ​တို့ကို လု​ယူ​ချင်​သော​သူ​တို့၏ ဒု​စ​ရိုက်​အ​မှု​သည် ငါ့​ကို​ဝိုင်း​သော်​လည်း၊ ငါ​သည် အ​ဘယ်​ကြောင့် ကြောက်​ရ​မည်​နည်း။ ထို​သူ​တို့​သည် ကိုယ်​ဥ​စ္စာ​ကို ကိုး​စား၍၊ ကိုယ်​စည်း​စိမ်​များ​သော​ကြောင့် ဝါ​ကြွား​သော်​လည်း၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ဘယ်​သူ​မျှ အ​လျှင်း​မ​ရွေး​နိုင်။ ရွေး​ရန်​အ​ဖိုး​ကို ဘု​ရား​သ​ခင်၌ မ​ပေး​နိုင်။ သူ​တို့​အ​သက်​ဝိ​ညာဉ်၏ ရွေး​ရန်​အ​ဖိုး​ကြီး​လှ​ပေ၏။ သို့​ဖြစ်၍ အ​စဉ်​ရှုံး​လျက်​နေ​ရ​မည်။ ရွေး​လျှင် အ​စဉ်​အ​မြဲ အ​သက်​ရှင်​ရာ၏။ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်​ရာ။

ဆာလံ 49:5-9 Common Language Bible (BCL)

ဆိုး​ယုတ်​သည့်​ရန်​သူ​တို့​သည်​ငါ့​အား ဝိုင်း​ရံ​ထား​သ​ဖြင့်​ငါ​သည်​ဘေး​သင့်​၍​နေ သော်​လည်း ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။ လူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​ကိုယ်​ကို မ​ကယ်​နိုင်၊ မိ​မိ​အ​သက်​၏​တန်​ဖိုး​ကို​ထာ​ဝ​ရ​ဘု​ရား အား မ​ပေး​မ​ဆပ်​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။ သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။

ဆာလံ 49:5-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​ကို​လိမ်လည်​လှည့်စား​သော​သူ​တို့​၏​ဒုစရိုက်​က ငါ့​ကို​ဝိုင်းရံ​၍ ငါ​ဒုက္ခ​ရောက်​သော​နေ့ရက်​များ​၌ ငါ​သည် အဘယ်ကြောင့် ကြောက်ရွံ့​ရ​မည်နည်း​။ ထို​သူ​တို့​သည် မိမိ​တို့​၏​ဥစ္စာပစ္စည်း​ကို​ကိုးစား​၍ မိမိ​တို့​၏​ဓနဥစ္စာ​ကြွယ်ဝမှု​၌ ဂုဏ်ယူဝါကြွား​ကြ​၏​။ လူ​သည် သူတစ်ပါး​ကို လုံးဝ​ရွေးနုတ်ကယ်တင်​၍​မ​ရ​နိုင်​။ မိမိ​အတွက်​ရွေးနုတ်စရာ​အဖိုးအခ​ကို​လည်း ဘုရားသခင်​အား မ​ပေး​နိုင်​။ အကြောင်းမူကား လူ​၏​အသက်​ကို​ရွေးနုတ်​ရန် အဖိုးအခ​သည် အလွန်ကြီး​၏​။ သို့ဖြစ်၍ လူ​သည် ပုပ်ပျက်​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ထာဝရ​အသက်ရှင်​နိုင်​ရေး​ကို လုံးဝ​စွန့်လွှတ်​ရ​၏​။