YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 49

49
စည်း​စိမ်​ကို​အား​ကိုး​သည့်​မိုက်​မဲ​မှု
1လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ ခပ်​သိမ်း​သော လော​က​သား၊ 2အ​ယုတ်​အ​မြတ်၊ ကြွယ်​ဝ​သော​သူ၊ ဆင်း​ရဲ​သော​သူ​တို့၊ တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ​လော့။ 3ငါ့​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​မည်။ ငါ့​နှ​လုံး​သည် ဉာဏ်​နှင့်​ဆိုင်​သော​အ​ရာ​ကို ဆင်​ခြင်​မည်။ 4ပုံ​စ​ကား​သို့ ကိုယ်​နား​ကို​လှည့်​လျက် နက်​နဲ​သော​အ​ရာ​ကို စောင်း​တီး၍ ဖွင့်​ပြ​ပေ​အံ့။
5ခဲ​ယဉ်း​ဆိုး​ယုတ်​သော​ကာ​လ၌ ငါ၏​အ​ရာ​တို့ကို လု​ယူ​ချင်​သော​သူ​တို့၏ ဒု​စ​ရိုက်​အ​မှု​သည် ငါ့​ကို​ဝိုင်း​သော်​လည်း၊ ငါ​သည် အ​ဘယ်​ကြောင့် ကြောက်​ရ​မည်​နည်း။ 6ထို​သူ​တို့​သည် ကိုယ်​ဥ​စ္စာ​ကို ကိုး​စား၍၊ ကိုယ်​စည်း​စိမ်​များ​သော​ကြောင့် ဝါ​ကြွား​သော်​လည်း၊ 7မိ​မိ​ညီ​အစ်​ကို​ကို အ​ဘယ်​သူ​မျှ အ​လျှင်း​မ​ရွေး​နိုင်။ ရွေး​ရန်​အ​ဖိုး​ကို ဘု​ရား​သ​ခင်၌ မ​ပေး​နိုင်။ 8သူ​တို့​အ​သက်​ဝိ​ညာဉ်၏ ရွေး​ရန်​အ​ဖိုး​ကြီး​လှ​ပေ၏။ သို့​ဖြစ်၍ အ​စဉ်​ရှုံး​လျက်​နေ​ရ​မည်။ 9ရွေး​လျှင် အ​စဉ်​အ​မြဲ အ​သက်​ရှင်​ရာ၏။ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်​ရာ။ 10ထင်​ရှား​သော​အ​ရာ​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သူ​တို့​သည် သေ​တတ်​ကြ၏။ ထို​အ​တူ မိုက်​သော​သူ​နှင့် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မိ​မိ​တို့​ဥ​စ္စာ​ကို သူ​တစ်​ပါး​တို့၌ ချန်​ထား​ကြ၏။ 11မိ​မိ​တို့​အိမ်​သည် ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။ မိ​မိ​တို့​နေ​ရာ​လည်း လူ​မျိုး​အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မိ​မိ​တို့​နာ​မ​သည် မြေ​ပေါ်​မှာ ကျော်​စော​လိမ့်​မည်​ဟု သူ​တို့​စိတ်​ထင်​ရှိ​ကြ၏။ 12သို့​ရာ​တွင် လူ​သည်​ဂုဏ်​အ​သ​ရေ၌ မ​တည်​မ​နေ​တတ်။ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​သော တိ​ရ​စ္ဆာန်​နှင့်​တူ၏။ 13ထို​သို့​ပြု​မူ​ခြင်း​အ​ရာ​သည် သူ​တို့၏​ကိုး​စား​ရာ​ဖြစ်၍၊ သူ​တို့​သား​မြေး​တို့​သည် သူ​တို့​စ​ကား​ကို နှစ်​သက်​တတ်​ကြ၏။ 14ထို​သူ​တို့​ကို သိုး​များ​ကဲ့​သို့ မ​ရ​ဏ​နိုင်​ငံ၌​ချ​ထား၍ သေ​မင်း​စား​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြောင့်​မတ်​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ​လိမ့်​မည်။ သူ​တို့၏​ကိုယ်​ခ​န္ဓာ​သည် ဖောက်​ပြန်​ဖို့​ရာ​ဖြစ်၏။ မ​ရ​ဏနိုင်​ငံ​သည် သူ​တို့၏​နေ​ရာ​ဖြစ်၏။ 15ငါ့​ကို​မူ​ကား၊ ဘု​ရား​သ​ခင်​သိမ်း​ယူ​တော်​မူ​သော​ကြောင့်၊ ငါ၏​ဝိ​ညာဉ်​ကို မ​ရ​ဏနိုင်​ငံ၏​တန်​ခိုး​မှ ရွေး​တော်​မူ​မည်။
16သူ​တစ်​ပါး​သည် ဥ​စ္စာ​ကြွယ်​ဝ၍၊ အိမ်၏​ဂုဏ်​အ​သ​ရေ​တိုး​ပွား​သော​အ​ခါ သင်​သည် မ​စိုး​ရိမ်​နှင့်။ 17ထို​သူ​သည် သေ​သော​အ​ခါ၊ အ​ဘယ်​ဥ​စ္စာ​မျှ မ​ပါ​ရ။ သူ၏​ဂုဏ်​အ​သ​ရေ​သည် သူ့​နောက်​သို့ မ​ဆင်း​သက်​ရ။ 18ထို​သူ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ မိ​မိ​ဝိ​ညာဉ်​ကို ကောင်း​ချီး​ပေး​တတ်၏။ မိ​မိ​အ​ကျိုး​ကို ပြု​စု​သော​အ​ခါ သူ​တစ်​ပါး​တို့​သည် ချီး​မွမ်း​တတ်​ကြ၏။ 19သို့​သော်​လည်း၊ သူ​သည် သူ၏​ဘိုး​ဘေး​အ​မျိုး​ရှိ​ရာ​သို့ သွား​ရ​လိမ့်​မည်။ ကာ​လ​အ​စဉ်​အ​ဆက် သူ​တို့​သည် အ​လင်း​ကို မ​မြင်​ရ​ကြ။ 20ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​လျက် ပ​ညာ​သ​တိ​မ​ရှိ​သော​သူ​သည်​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​သော တိ​ရ​စ္ဆာန်​နှင့်​တူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 49: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။