YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 48

48
ထာ​ဝ​ရ​ဘု​ရား​၏​မြို့​တော်​ဇိ​အုန်
1ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​တော်​မူ၏။ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်​တွင် အ​ထူး​သ​ဖြင့် ထော​မ​နာ​ချီး​မွမ်း​ခြင်း​ကို ခံ​ထိုက်​တော်​မူ၏။ 2မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။#မ၊ ၅:၃၅။ 3ထို​မြို့၏​ဘုံ​ဗိ​မာန်​တို့​တွင် ဘု​ရား​သ​ခင်၌ ခို​လှုံ​ရ​သည်​ကို သိ​ရ၏။
4ရှင်​ဘု​ရင်​တို့​သည် စည်း​ဝေး၍ အ​တူ​လျှောက်​သွား​ကြ၏။ 5မြင်​သော​အ​ခါ မှိုင်​တွေ၍ ထိတ်​လန့်​လျက် ပြေး​ကြ၏။ 6ထို​အ​ရပ်၌ သူ​တို့​သည် ကြောက်​လန့်​ခြင်း​သို့​ရောက်၍ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ရှိ​ကြ၏။ 7တာ​ရှု​သင်္ဘော​တို့​ကို ချိုး​ဖျက်​သော အ​ရှေ့​လေ​နှင့် တွေ့​သ​ကဲ့​သို့​ဖြစ်​ကြ၏။
8ငါ​တို့​သည် ကြား​ဖူး​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်၌ တွေ့​မြင်​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် မြို့​တော်​ကို အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​မည်။ 9အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​ထဲ​မှာ က​ရု​ဏာ​တော်​ကို အောက်​မေ့​ကြ​ပါ၏။ 10အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​နှံ့​ပြား​သည်​နည်း​တူ၊ ဂုဏ်​အ​သ​ရေ​တော်​လည်း နှံ့​ပြား​လျက်​ရှိ၏။ လက်​ယာ​လက်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ပြည့်​ဝ​လျက်​ရှိ​ပါ၏။ 11တ​ရား​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ဇိ​အုန်​တောင်​သည်​ဝမ်း​မြောက်၍၊ ယု​ဒ​အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​ပါ၏။ 12သား​မြေး​တို့​အား ကြား​ပြော​မည်​အ​ကြောင်း ဇိ​အုန်​မြို့​ကို ပတ်​ပတ်​လည်၍ ပြ​အိုး​တို့​ကို ရေ​တွက်​ကြ​လော့။ 13ရင်​တား​တို့​ကို​မှတ်၍ ဘုံ​ဗိ​မာန်​များ​ကို​လည်း ဆင်​ခြင်​ကြ​လော့။ 14အ​ကြောင်း​မူ​ကား၊ ထို​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​စဉ်​အ​မြဲ ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ သေ​သည်​ကာ​လ​တိုင်​အောင် ငါ​တို့​ကို ပို့​ဆောင်​တော်​မူ​လ​တ္တံ့​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 48: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။