YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 50

50
မှန်​ကန်​သ​ည့်​ဝတ်​ပြု​ကိုး​ကွယ်​မှု
1တန်​ခိုး​ကြီး​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​ပေး​တော်​မူ၏။ နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင် မြေ​ကြီး​ကို ခေါ်​တော်​မူ၏။ 2အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။ 3ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။ 4မိ​မိ​လူ​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ အ​ထက်​ကောင်း​ကင်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို​လည်း​ကောင်း ခေါ်​တော်​မူ​လျက်၊ 5ယဇ်​ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​သော ငါ၏​သန့်​ရှင်း​သူ​တို့​ကို ငါ့​ထံ​သို့​စု​ဝေး​စေ​ကြ​ဟု မိန့်​တော်​မူ၏။ 6ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် တ​ရား​ဆုံး​ဖြတ်​တော်​မူ​သည်​ဖြစ်၍၊ ဖြောင့်​မတ်​တော်​မူခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည် ထင်​ရှား​စွာ ပြ​ကြ​လိမ့်​မည်။
7ငါ၏​လူ​များ​တို့ နား​ထောင်​ကြ။ ငါ​ပြော​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​တစ်​ဖက်၌ ငါ​သက်​သေ​ခံ​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။ 8မီး​ရှို့​သော​ယဇ်​မှ​စ၍ ယဇ်​ပူ​ဇော်​ခြင်း​အ​မျိုး​မျိုး​အ​တွက် ငါ​သည် သင်၌​အ​ပြစ်​မ​တင်။ ထို​ယဇ်​တို့​သည် ငါ့​ရှေ့​မှာ အ​စဉ်​ရှိ​ကြ၏။ 9သင့်​အိမ်​ထဲ​က နွား​ကို​လည်း​ကောင်း၊ သင့်​ခြံ​ထဲ​က ဆိတ်​ထီး​ကို​လည်း​ကောင်း ငါ​မ​ခံ​မ​ယူ။ 10တော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့် တစ်​ထောင်​သော တောင်​ပေါ်​မှာ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။ 11တောင်​ပေါ်​မှာ​နေ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ငါ​သိ၏။ တော​သား​ရဲ​တို့​သည် ငါ၌​ရှိ​ကြ၏။ 12ငါ​သည် ငတ်​မွတ်​လျှင် သင့်​ကို​မ​ပြော။ လော​က​ဓာတ်​နှင့် လော​က​ဥ​စ္စာ​သည် ငါ၏​ဥ​စ္စာ​ဖြစ်၏။ 13နွား​သား​ကို ငါ​စား​မည်​လော။ ဆိတ်​သွေး​ကို ငါ​သောက်​မည်​လော။ 14ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။ 15အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
16မ​တ​ရား​သော​သူ​ကို​ကား၊ သင်​သည် ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ကြား​ပြော၍ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို မြွက်​ဆို​ခြင်း​ငှာ အ​ဘယ်​သို့​ဆိုင်​သ​နည်း။ 17ဆုံး​မ​သွန်​သင်​ခြင်း​ကို သင်​သည်​မုန်း၍ ငါ့​စ​ကား​ကို သင့်​နောက်၌ ပစ်​ထား​ပါ​သည်​တ​ကား။ 18သင်​သည် သူ​ခိုး​ကို​မြင်​လျှင်၊ သူ​နှင့် သ​ဘော​တူ​တတ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​တို့​နှင့် ဆက်​ဆံ​တတ်၏။ 19သင်၏​နှုတ်​ကို​ဒု​စ​ရိုက်၌​အပ်​နှံ၍၊ သင်၏​လျှာ​ဖြင့် မု​သား​ကို စီ​ရင်​တတ်၏။ 20သင်​သည်​ထိုင်​လျက်၊ ကိုယ်​ညီ​အစ်​ကို​ကို ဆန့်​ကျင်​ဘက်​ပြု၍ ပြော​ဆို​တတ်၏။ ကိုယ်​အ​မိ၏​သား​ကို ဆဲ​ရေး​တတ်၏။ 21ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။ 22ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။ 23ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 50: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။