YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 22:21-24

တောလည်ရာ 22:21-24 Judson Bible (JBMLE)

နံ​နက်​ရောက်​မှ ဗာ​လမ်​ထ၍ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​နှင့်​အ​တူ လိုက်​လေ၏။ ထို​သို့​လိုက်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​အ​မျက်​တော်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဆီး​တား​ခြင်း​ငှာ လမ်း၌​ရပ်​နေ၏။ ထို​အ​ခါ ဗာ​လမ်​သည် မြည်း​ကို​စီး၍ ငယ်​သား​နှစ်​ယောက်​နှင့် သွား​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌ ရပ်​နေ​သည်​ကို မြည်း​သည်​မြင်​လျှင်၊ လမ်း​လွှဲ၍ လယ်​သို့​ဝင်​လေ၏။ ဗာ​လမ်​လည်း မြည်း​ကို​လမ်း​သို့​ပြန်​စေ​ခြင်း​ငှာ ရိုက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ စ​ပျစ်​ဥ​ယျာဉ်​စောင်​ရန်း​နှစ်​ဘက်​စပ်​ကြား​လမ်း၌ တစ်​ဖန်​ရပ်​နေ၏။

တောလည်ရာ 22:21-24 Common Language Bible (BCL)

သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။ ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။- မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။- ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။

တောလည်ရာ 22:21-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နံနက်​ရောက်​လျှင် ဗာလမ်​သည် ထ​၍ မိမိ​၏​မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​နှင့်အတူ လိုက်သွား​လေ​၏​။ သို့သော် ဗာလမ်​လိုက်သွား​သောကြောင့် ဘုရားသခင်​သည် အမျက်ထွက်​၍ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ့​ကို​တားဆီး​ရန် လမ်း​၌​ရပ်​နေ​၏​။ ဗာလမ်​သည် မြည်း​ကို​စီး​လျက် မိမိ​၏​ငယ်သား​နှစ်​ယောက်​နှင့်အတူ သွား​စဉ်တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်​လျက် လမ်း​၌​ရပ်​နေ​သည်​ကို မြည်း​သည် မြင်​၍ လမ်း​မှ​လွှဲ​ပြီး လယ်​ထဲသို့ ဆင်းသွား​လေ​၏​။ ဗာလမ်​သည် မြည်း​ကို လမ်း​ပေါ်သို့​ပြန်တက်​ရန် ရိုက်​လေ​၏​။ ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် စပျစ်ခြံ​၏​ခြံစည်းရိုး​နှစ်​ခု​ကြား​ရှိ လမ်းကျဉ်း​၌ ရပ်​နေ​၏​။