တောလည် 22
22
မောဘပြည်ဘုရင်ကဗာလမ်ကိုဆင့်ခေါ်ခြင်း
1တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာယေရိခေါမြို့တစ်ဘက်၊ ယော်ဒန် မြစ်အရှေ့ဘက်ရှိမောဘလွင်ပြင်တွင်စခန်း ချကြလေသည်။
2မောဘပြည်ဘုရင်၊ ဇိဖော်၏သားဗာလက်သည် ဣသရေလအမျိုးသားတို့၏လူအင်အား များပြားကြောင်းကိုလည်းကောင်း၊ ထိုဣသ ရေလလူတို့သည် အာမောရိလူတို့ကိုမည် ကဲ့သို့ပြုခဲ့ကြသည်ကိုလည်းကောင်းကြား သိရသောအခါ၊- 3သူနှင့်တကွတိုင်းသူပြည်သားအပေါင်းတို့ သည် ထိတ်လန့်ကြောက်ရွံ့လာကြလေသည်။- 4ထို့ကြောင့်သူတို့သည်မိဒျန်ပြည်အမျိုးသား ခေါင်းဆောင်တို့အား``နွားသည်စားကျက်ရှိမြက် ကိုကုန်စင်အောင်စားသကဲ့သို့ဤလူအုပ်ကြီး သည် ငါတို့ပတ်ဝန်းကျင်၌ရှိသမျှကိုဖျက်ဆီး ပစ်လိမ့်မည်'' ဟုဆိုကြ၏။ သို့ဖြစ်၍ဗာလက် ဘုရင်သည်၊- 5အမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။-#တော၊ ၃၁:၈။ ၂ပေ၊ ၂:၁၅-၁၆။ ယု၊ ၁၁။ 6သူတို့သည်ငါတို့ထက်လူအင်အားပိုများ သဖြင့် လာ၍သူတို့ကိုကျိန်ဆဲပါလော့။ သို့ ပြုလျှင်သူတို့ကိုငါတိုက်ခိုက်၍ နှင်ထုတ်နိုင် ကောင်းနှင်ထုတ်နိုင်ပါလိမ့်မည်။ ကိုယ်တော် ကောင်းချီးပေးသူတို့သည်ကောင်းချီးကို ခံရ၍ ကိုယ်တော်ကျိန်ဆဲသောသူတို့သည် ကျိန်စာသင့်ကြပါလိမ့်မည်'' ဟုဖော်ပြ ပါရှိလေသည်။
7ထို့ကြောင့်မောဘအမျိုးသားနှင့်မိဒျန် အမျိုးသားခေါင်းဆောင်တို့သည် ခြေကြွခ ငွေကိုယူဆောင်၍ ဗာလမ်ထံသို့သွားပြီး လျှင်ဗာလက်၏လျှောက်ထားချက်ကို တင်ပြကြလေသည်။- 8ထိုအခါဗာလမ်ကသူတို့အား``ယနေ့ည ဤအရပ်တွင်တည်းခိုနေကြပါဦး။ ထာဝရ ဘုရားကငါ့အားမည်ကဲ့သို့မိန့်မှာတော်မူ ကြောင်း နက်ဖြန်နေ့တွင်ငါပြောပြပါမည်'' ဟုဆိုလေ၏။ ထို့ကြောင့်မောဘအမျိုးသား ခေါင်းဆောင်တို့သည်ဗာလမ်ထံ၌တည်းခို ကြလေသည်။
9ဘုရားသခင်သည်ဗာလမ်ထံသို့ကြွလာ ၍``သင်နှင့်အတူတည်းခိုနေသူများသည် မည်သူတို့နည်း'' ဟုမေးတော်မူ၏။
10ထိုအခါဗာလမ်က``မောဘပြည်ဘုရင် ဗာလက်ထံမှလာသောသူများဖြစ်ကြ ပါသည်။- 11ဗာလက်ကအီဂျစ်ပြည်မှလာသောလူမျိုး တစ်မျိုးသည် မြေမျက်နှာပြင်အနှံ့အပြား သို့ရောက်ရှိနေကြောင်း၊ ထိုသူတို့ကိုတိုက်ခိုက် နှင်ထုတ်နိုင်ရန်အကျွန်ုပ်အား သူတို့ထံသို့ သွား၍ထိုသူတို့ကိုကျိန်ဆဲပါမည့် အကြောင်းအကြောင်းကြားလိုက်ပါသည်'' ဟုလျှောက်ထားလေသည်။
12ဘုရားသခင်ကဗာလမ်အား``သင်သည်ဤ သူတို့နှင့်အတူမလိုက်သွားရ။ ဣသရေလ အမျိုးသားတို့သည် ငါ၏ကောင်းချီးမင်္ဂလာ ကိုခံရသောသူများဖြစ်သဖြင့်သူတို့ ကိုမကျိန်ဆဲရ'' ဟုမိန့်တော်မူ၏။
13နောက်တစ်နေ့နံနက်တွင်ဗာလမ်ကဗာလက် ၏သံတမန်တို့အား``သင်တို့ပြန်ကြလော့။ သင် တို့နှင့်အတူလိုက်ရန်ထာဝရဘုရားသည် ငါ့ အားအခွင့်ပေးတော်မမူ'' ဟုပြောလေ၏။- 14ထိုကြောင့်သူတို့သည်ဗာလက်ထံသို့ပြန်၍ သူ တို့နှင့်အတူဗာလမ်မလိုက်လိုကြောင်းလျှောက် ထားကြလေသည်။
15ထိုနောက်ဗာလက်သည်ယခင်တစ်ကြိမ်ထက် အရေအတွက်များ၍ ပိုမြင့်သောစေတမန် များကိုဗာလမ်ထံသို့စေလွှတ်လိုက်လေ သည်။- 16သူတို့သည်ဗာလမ်ထံသို့သွား၍``ငါ့ထံလာ ဖြစ်အောင်လာပါလော့။- 17ကိုယ်တော်အားထိုက်ထိုက်တန်တန်ချီးမြှင့် ပါမည်။ ကိုယ်တော်ခိုင်းစေသမျှကိုဆောင်ရွက် ပေးပါမည်။ ကြွလာ၍ဤသူတို့ကိုကျိန်ဆဲ ပါလော့'' ဟူသောဗာလက်၏လျှောက်ထား ချက်ကိုတင်ပြကြ၏။
18သို့ရာတွင်ဗာလမ်က``ဗာလက်ဘုရင်သည်နန်း တော်တွင်ရှိသမျှသောရွှေ၊ ငွေကို ငါ့အားပုံ၍ ပေးသော်လည်းငါ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုငါမလွန်ဆန်နိုင်။- 19သို့ရာတွင်ထာဝရဘုရားသည်ငါ့အား မည် ကဲ့သို့မိန့်တော်မူဦးမည်ကိုသိရှိနိုင်ရန် သင်တို့သည် ယနေ့ညငါ့ထံတွင်တည်းခို နေထိုင်ကြပါ'' ဟုဆို၏။
20ထိုနေ့ညတွင်ဘုရားသခင်သည်ဗာလမ်ထံ သို့ကြွလာ၍``ဤသူတို့သည်သင့်ကိုသူတို့ နှင့်အတူလိုက်ပါရန် ခေါ်ဖိတ်လျှင်လိုက်သွား လော့။ သို့ရာတွင်သင်သည်ငါညွှန်ကြားသည့် အတိုင်းသာဆောင်ရွက်ရမည်'' ဟုမိန့်တော် မူ၏။- 21သို့ဖြစ်၍နောက်တစ်နေ့နံနက်တွင်ဗာလမ် သည် မြည်းကိုကုန်းနှီးတင်၍စီးပြီးလျှင် မောဘအမျိုးသားခေါင်းဆောင်တို့နှင့် အတူလိုက်သွားလေ၏။
ဗာလမ်နှင့်သူ၏မြည်း
22ထိုသို့ဗာလမ်လိုက်သွားသဖြင့်ဘုရားသခင်သည် အမျက်တော်ထွက်လေ၏။ ဗာလမ် သည်အစေခံနှစ်ယောက်လိုက်ပါလျက်မြည်း ကိုစီး၍သွားနေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်သည်သူသွားရာလမ်း ပေါ်တွင်ရပ်၍တားဆီးနေ၏။- 23မြည်းသည်လမ်းပေါ်တွင်ဋ္ဌားကိုကိုင်ဆွဲလျက် ရပ်နေသော ကောင်းကင်တမန်ကိုမြင်လျှင်လမ်း လွှဲ၍လယ်ကွင်းထဲသို့ဆင်းလေ၏။ ထိုအခါ ဗာလမ်သည်မြည်းကိုရိုက်၍လမ်းမပေါ်သို့ ပြန်တက်စေ၏။- 24ထိုနောက်ကောင်းကင်တမန်သည်စပျစ်ဥယျာဉ် နှစ်ခု၏ ကျောက်နံရံအကြားလမ်းကျဉ်းပေါ် တွင်ရပ်နေလေသည်။- 25မြည်းသည်ကောင်းကင်တမန်ကိုမြင်သော အခါနံရံတစ်ဖက်သို့ကပ်သဖြင့် ဗာလမ် ၏ခြေညှပ်မိလေသည်။ ထိုအခါဗာလမ် သည်မြည်းကိုရိုက်ပြန်သည်။- 26တစ်ဖန်ကောင်းကင်တမန်သည်ရှေ့မှဆီးကြို၍ ဝဲယာသို့မြည်းမလှည့်သာသောနေရာတွင် ရပ်နေ၏။- 27မြည်းသည်ကောင်းကင်တမန်ကိုမြင်ပြန်သော အခါ လမ်းမပေါ်တွင်ဝပ်ချလိုက်၏။ ဗာလမ် သည်ဒေါသထွက်၍မြည်းကိုတောင်ဝှေးဖြင့် ရိုက်လေသည်။- 28ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။
29ဗာလမ်က``သင်သည်ငါ့ကိုအရူးဖြစ်အောင် ပြုလုပ်ပါသည်တကား။ ငါ့လက်ထဲ၌ဋ္ဌား ရှိလျှင်သင့်ကိုငါသတ်မည်'' ဟုဆိုလေ၏။
30ထိုအခါမြည်းက``ငါသည်သင်စီးနေကျ မြည်းမဟုတ်ပါသလော။ ငါသည်ယခင်ဤ ကဲ့သို့ပြုခဲ့ဖူးပါသလော'' ဟုဗာလမ်အား မေးလေ၏။
ဗာလမ်က``မပြုဘူး'' ဟုပြန်ပြော၏။
31ထိုနောက်ထာဝရဘုရားသည်ဗာလမ်အား ဋ္ဌားကိုင်၍ ရပ်နေသောကောင်းကင်တမန်ကို မြင်စေတော်မူသဖြင့် သူသည်မြေပေါ်တွင် ပျပ်ဝပ်၍နေလေ၏။- 32ကောင်းကင်တမန်ကဗာလမ်အား``သင်သည် မြည်းကိုဤသို့အဘယ်ကြောင့်သုံးကြိမ် ရိုက်ရပါသနည်း။ သင်သည်ခရီးဆက်၍ မသွားနိုင်ရန်ငါသည်သင်သွားရာလမ်း ကိုပိတ်ဆို့ခဲ့သည်။- 33သင်၏မြည်းသည်ငါ့ကိုမြင်သဖြင့်သုံးကြိမ် တိုင်လမ်းလွှဲခဲ့ပြီ။ အကယ်၍မြည်းသည်လမ်း မလွှဲခဲ့လျှင် ငါသည်သင့်ကိုသတ်၍မြည်း ကိုအသက်ချမ်းသာပေးပြီ'' ဟုဆိုလေ၏။
34ထိုအခါဗာလမ်က``အကျွန်ုပ်အပြစ်ကူး လွန်မိပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်ကိုတား ဆီးရန်လမ်းပေါ်တွင်ရပ်နေသည်ကိုအကျွန်ုပ် မသိပါ။ အကျွန်ုပ်အားခရီးဆက်၍မသွား စေလိုလျှင်အိမ်သို့ပြန်ပါမည်'' ဟုဆိုလေ ၏။
35ကောင်းကင်တမန်ကလည်း``ဤသူတို့နှင့် အတူလိုက်သွားလော့။ သို့ရာတွင်ငါပြော စေလိုသည့်အတိုင်းသာပြောဆိုရမည်'' ဟုဆို၏။ သို့ဖြစ်၍ဗာလမ်သည်သူတို့နှင့် အတူလိုက်ပါသွားလေ၏။
ဗာလမ်အားဗာလက်ကြိုဆိုခြင်း
36ဗာလက်ဘုရင်သည်ဗာလမ်လာနေကြောင်း ကိုကြားသိရသောအခါ မောဘပြည်နယ်စပ် အာနုန်မြစ်ကမ်းပေါ်ရှိအာရမြို့သို့သွား၍ ကြိုဆို၏။- 37ဗာလက်ကဗာလမ်အား``အကျွန်ုပ်ပထမ အကြိမ်ကိုယ်တော်ကိုခေါ်ရန်စေလွှတ်စဉ်က အဘယ်ကြောင့်လိုက်၍မလာပါသနည်း။ ကိုယ်တော်အားထိုက်တန်စွာမချီးမြှင့်နိုင် ဟုယူဆပါသလော'' ဟုဆီး၍မေးလေ သည်။
38ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။- 39သို့ဖြစ်၍ဗာလမ်သည်ဗာလက်နှင့်အတူ ဿုဇုတ်မြို့သို့လိုက်ပါသွားလေသည်။- 40ထိုမြို့တွင်ဗာလက်သည်သိုးနွားများကို သတ်၍ အသားအချို့ကိုဗာလမ်နှင့်အကြီး အကဲများထံသို့ပို့စေသည်။
ဗာလမ်ဆင့်ဆိုသောပထမဗျာဒိတ်တော်
41နောက်တစ်နေ့နံနက်တွင်ဗာလက်ဘုရင်သည် ဣသရေလအမျိုးသားတို့မြင်သာနိုင် သောဗားမော့ဗာလတောင်ကုန်းပေါ်သို့ ဗာလမ်အားခေါ်ဆောင်သွားလေသည်။
လက်ရှိရွေးချယ်ထားမှု
တောလည် 22: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar