YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 14:20-24

တောလည်ရာ 14:20-24 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တောင်း​ပန်​သည်​အ​တိုင်း ငါ​လွှတ်၏။ ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​လိမ့်​မည်။ ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​ကို အ​ကယ်​စင်​စစ် သူ​တို့​သည်​မ​မြင်​ရ​ကြ။ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​မြင်​ရ။ ငါ့​ကျွန်​ကာ​လက်​မူ​ကား ထူး​ခြား​သော​သ​ဘော​ရှိ၍၊ ငါ့​နောက်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် သူ​သွား​ခဲ့​ပြီး​သော​ပြည်​သို့ သူ့​ကို​ငါ​ဆောင်​သွင်း​သ​ဖြင့် သူ၏​သား​မြေး​တို့​သည် အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

တောလည်ရာ 14:20-25 Common Language Bible (BCL)

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊- ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။- သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။- သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။

တောလည်ရာ 14:20-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က​လည်း “​သင်​လျှောက်ဆို​သည့်​အတိုင်း ငါ​ခွင့်လွှတ်​ပြီ​။ ငါ​သည် အမှန်ပင်​အသက်ရှင်​သည်​ဖြစ်၍ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​နှင့်​ပြည့်​လိမ့်မည်​။ အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့် ထို​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ကို သူ​တို့​တွေ့မြင်​ရ​ကြ​မည်​မ​ဟုတ်​။ ငါ့​ကို​မထီလေးစား​ပြု​သော​သူ​တစ်စုံတစ်ဦး​မျှ ထို​ပြည်​ကို​တွေ့မြင်​ရ​မည်​မ​ဟုတ်​။ ငါ့​အစေအပါး​ကာလက်​မူကား ခြားနား​သော​စိတ်ဝိညာဉ်​ရှိ​ပြီး ငါ့​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ငါ​သည် သူ​သွား​ခဲ့​သော​ပြည်​သို့ သူ့​ကို​ပို့ဆောင်​၍ သူ့​သားမြေး​တို့​သည် ထို​ပြည်​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။