ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။ ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။ ငါ့ဘုန်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ထူးဆန်းသော တန်ခိုးတော်ကိုလည်းကောင်း၊ မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ ငါ့ကျွန်ကာလက်မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။
တောလည်ရာ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တောလည်ရာ 14:20-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ