YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 14

14
ဣ​သ​ရေ​လ​တို့​ညည်း​ညူ​ခြင်း
1ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။ 2ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။ 3ငါ​တို့​သည်​ဓား​ဖြင့်​သေ၍ သား​မ​ယား​တို့​သည် ရန်​သူ​လက်​သို့​ရောက်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​သည်​မ​ဟုတ်​လော​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​ဆို​ပြီး​မှ၊ 4တစ်​ဖန် လူ​တစ်​စုံ​တစ်​ယောက်​ကို​ချီး​မြှောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​ကြ​စို့​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​ကြ၏။ 5မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။ 6ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊ 7ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ခေါ်​လျက်၊ ငါ​တို့​လျှောက်​သွား၍ စူး​စမ်း​သော​ပြည်​သည် အ​လွန်​တ​ရာ​ကောင်း​သော​ပြည် ဖြစ်​ပါ၏။ 8ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​နှစ်​သက်​လျှင်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ထို​ပြည်​သို့ ငါ​တို့​ကို​ဆောင်​သွင်း၍ အ​ပိုင်​ပေး​တော်​မူ​လိမ့်​မည်။ 9ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။#ဟေ​ဗြဲ၊ ၃:၁၆။ 10ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​နှစ်​ယောက်​ကို ကျောက်​ခဲ​နှင့်​ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ထင်​ရှား​လေ၏။
မော​ရှေ​၏​ဆု​တောင်း
11ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ရို​မ​သေ ပြု​ကြ​လိမ့်​မည်​နည်း။ သူ​တို့၌ ငါ​ပြ​ခဲ့​ပြီး​သ​မျှ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​ရ သော်​လည်း အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ယုံ​ဘဲ နေ​ကြ​လိမ့်​မည်​နည်း။ 12သူ​တို့​ကို ကာ​လ​နာ​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်၍ သား၏​အ​ရာ​ကို​နုတ်​မည်။ သူ​တို့​ထက် သင့်​ကို​သာ၍​စည်​ပင်​သော​အ​မျိုး၊ သာ၍​တန်​ခိုး​ကြီး​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 13မော​ရှေ​က​လည်း၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​လူ​တို့​ထဲ​က နုတ်​ဆောင်​ခဲ့​တော်​မူ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် ဤ​သ​တင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ကြား​ပြန်​လျှင်၊ 14ဤ​ပြည်၌​နေ​သော​သူ​တို့​အား သ​တင်း​ပြော​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး၌ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိုး​တိမ်​တော်​သည် သူ​တို့​ကို​လွှမ်း​မိုး​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည် နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌ မီး​တိုင်​ဖြင့် သူ​တို့​ရှေ့​က​ကြွ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ​ကြ​ပြီ။ 15ယ​ခု​မှာ၊ ဤ​လူ​မျိုး​ကို လူ​တစ်​ယောက်​ကဲ့​သို့​မှတ်၍ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လျှင်၊ သ​တင်း​တော်​ကို​ကြား​ဖူး​သော လူ​အ​မျိုး​မျိုး​တို့​က၊ 16ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​တို့​အား ဤ​မည်​သော​ပြည်​ကို ငါ​ပေး​မည်​ဟု ကျိန်​ဆို​သော်​လည်း၊ ထို​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်၊ တော၌​သုတ်​သင်​ပယ်​ရှင်း​ပြီ​ဟု ပြော​ဆို​ကြ​ပါ​လိမ့်​မည်။ 17ကိုယ်​တော်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သည်း​ခံ​သော​သ​ဘော၊ သ​နား​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို လွန်​ကျူး​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ လူ​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ 18အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့၏​ဘု​ရား​ရှင် တန်​ခိုး​တော်​သည် ကြီး​ပါ​စေ​သော။#ထွ၊ ၂၀:၅-၆၊ ၃၇:၆-၇၊ တရား၊ ၅:၉-၁၀၊ ၇:၉-၁၀။ 19အဲ​ဂု​တ္တု​ပြည်​က​ထွက်​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် ဤ​လူ​မျိုး၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သည်​နည်း​တူ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ ယ​ခု​လည်း လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​လျှင်၊#ထွ၊ ၃၂:၁၁-၁၄။ 20ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တောင်း​ပန်​သည်​အ​တိုင်း ငါ​လွှတ်၏။ 21ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​လိမ့်​မည်။#ဟေဗြဲ၊ ၃:၁၈။ 22ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊ 23သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​ကို အ​ကယ်​စင်​စစ် သူ​တို့​သည်​မ​မြင်​ရ​ကြ။ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​မြင်​ရ။ 24ငါ့​ကျွန်​ကာ​လက်​မူ​ကား ထူး​ခြား​သော​သ​ဘော​ရှိ၍၊ ငါ့​နောက်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် သူ​သွား​ခဲ့​ပြီး​သော​ပြည်​သို့ သူ့​ကို​ငါ​ဆောင်​သွင်း​သ​ဖြင့် သူ၏​သား​မြေး​တို့​သည် အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။#ယောရှု၊ ၁၄:၉-၁၂။ 25အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ချိုင့်​မှာ​နေ​ကြ​သည်​ဖြစ်၍ သင်​တို့​သည် နက်​ဖြန်​နေ့၌​လှည့်​လည်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။
မြည်​တမ်း​သူ​တို့​ကို​ဒဏ်​ခတ်​ခြင်း
26တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား မိန့်​တော်​မူ​သည်​ကား၊ 27ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။ 28သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ့​ကို​ကြား​စေ​ခြင်း​ငှာ ပြော​ကြ​သော စ​ကား​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်။ 29သင်​တို့​ကို​ရေ​တွက်၍ စာ​ရင်း​ယူ​သည်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော​သူ၊ ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​သူ​အ​ပေါင်း​တို့​သည် သေ၍ ဤ​တော၌ အ​သေ​ကောင်​ဖြစ်​လျက် နေ​ရစ်​ကြ​လိမ့်​မည်။#ဟေဗြဲ၊ ၃:၁၇။ 30ငါ​သည် ဤ​မည်​သော​ပြည်၌ သင်​တို့​ကို​နေ​ရာ​ချ​မည်​ဟု ငါ​ကျိန်​ဆို၏။ ထို​ပြည်​သို့ ယေ​ဖု​န္နာ၏​သား​ကာ​လက်၊ နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ရောက်​ရ။ 31ရန်​သူ​လု​ယူ​ရာ​ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​တို့​ကို ငါ​ဆောင်​သွင်း၍ သင်​တို့​ပယ်​သော​ပြည်​ကို သူ​တို့​သည်​သိ​ရ​ကြ​လိမ့်​မည်။ 32သင်​တို့​မူ​ကား၊ ဤ​တော၌​သေ၍ အ​သေ​ကောင်​ဖြစ်​လျက်၊ နေ​ရစ်​ရ​ကြ​လိမ့်​မည်။ 33ဤ​တော၌ သင်​တို့​အ​သေ​ကောင်​များ ပျောက်​ပျက်​သည်​တိုင်​အောင်၊ ကိုယ်​သား​သ​မီး​တို့​သည် မိ​ဘ​မှား​ယွင်း​ခြင်း​အ​ပြစ်​များ​ကို ဆောင်၍၊ ဤ​တော၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​ရ​ကြ​လိမ့်​မည်။#တ၊ ၇:၃၆။ 34ထို​ပြည်​ကို စူး​စမ်း​ရာ​နေ့​ရက်​ပေါင်း အ​ရက်​လေး​ဆယ်​နှင့်​အ​ညီ၊ တစ်​ရက်​ကို တစ်​နှစ်​ထား၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး ကိုယ်​အ​ပြစ်​ကို​ဆောင်​လျက်၊ ငါ့​စွန့်​ပစ်​ခြင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 35အ​ကယ်​စင်​စစ် ငါ့​တစ်​ဖက်၌​စည်း​ဝေး​သော ဤ​ပ​ရိ​သတ်​ဆိုး​အ​ပေါင်း​တို့​ကို ထို​သို့​ငါ​ပြု၍ သူ​တို့​သည် ဤ​တော၌ သေ​ကြေ​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
36မော​ရှေ​စေ​လွှတ်​သော​အ​ခွင့်​နှင့် ခါ​နာန်​ပြည်​ကို စူး​စမ်း၍​ပြန်​လာ​သော​အ​ခါ၊ ထို​ပြည်​ကို​ကဲ့​ရဲ့​သ​ဖြင့် ပ​ရိ​သတ်​အ​ပေါင်း မြည်​တမ်း​စေ​ခြင်း​ငှာ တိုက်​တွန်း​သော​သူ၊ 37ခါ​နာန်​ပြည်​ကို မ​ကောင်း​သော​သ​တင်း ကြား​ပြော​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကာ​လ​နာ​ဘေး​နှင့် သေ​ကြ​လေ၏။ 38ထို​ပြည်​ကို​စူး​စမ်း၍ သွား​သော​လူ​တို့​တွင် နုန်၏​သား​ယော​ရှု​နှင့် ယေ​ဖု​န္န၏​သား​ကာ​လက်​တို့​သာ အ​သက်​ချမ်း​သာ​ရ​ကြ၏။
ကတိတော်ပြည်​ကိုသိမ်း​ရန်​ကြိုး​ပမ်း
(တရား၊ ၁:၄၁-၄၆)
39မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား စ​ကား​တော်​များ​ကို ဆင့်​ဆို​သော​အ​ခါ၊ လူ​များ​တို့​သည် အ​လွန်​ညည်း​တွား​လျက် နေ​ကြ၏။
40နံ​နက်​စော​စော​ထ၍ တောင်​ထိပ်​ပေါ်​သို့​တက်​ပြီး​လျှင် ငါ​တို့​သည် ပြစ်​မှား​ပြီ။ သို့​သော်​လည်း ယ​ခု​အ​သင့်​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​သို့ သွား​ပါ​မည်​ဟု​ဆို​ကြ​သော်၊ 41မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​အ​ကြံ မ​ထ​မြောက်​ရ။ 42မ​သွား​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌​ရှိ​တော်​မ​မူ။ သွား​လျှင် ရန်​သူ​ရှေ့​မှာ ရှုံး​ရ​ကြ​လိမ့်​မည်။ 43အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သင်​တို့​မ​ရောက်​မီ ရောက်​နှင့်​သည်​ဖြစ်၍၊ သင်​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​သွား​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌ နေ​တော်​မ​မူ​ဟု ဆို​သော်​လည်း၊ 44သူ​တို့​သည် ခိုင်​ခံ့​သော​စိတ်​နှင့် တောင်​ထိပ်​ထက်​သို့ တစ်​ဖန်​တက်​ကြ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့်​တ​ကွ၊ မော​ရှေ​သည် တပ်​ပြင်​သို့​မ​ထွက်​မ​သွား​ဘဲ နေ​လေ၏။ 45ထို​အ​ခါ​တောင်​ပေါ်​မှာ​ရှိ​နှင့်​သော အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ဆင်း​လာ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်၍​အောင်​သ​ဖြင့် ဟော​မာ​မြို့​တိုင်​အောင် လိုက်​ကြ​လေ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ