YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 13

13
သူ​လျှို​များ
(တ​ရား၊ ၁:၁၉-၃၃)
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ထဲ​က အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော​သူ တစ်​မျိုး​တစ်​ယောက်​စီ​ရွေး​ကောက်၍ စေ​လွှတ်​လော့​ဟု၊ 3ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လူ​တို့​ကို ပါ​ရန်​တော​က စေ​လွှတ်​လေ၏။ စေ​လွှတ်​သော​သူ​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​ကဲ​အ​မှူး​ဖြစ်​ကြ၏။ 4သူ​တို့​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး၊ ဇ​က္ကု​ရ​သား ရှ​မွာ။ 5ရှိ​မောင်​အ​မျိုး၊ ဟော​ရိ​သား ရှာ​ဖတ်။ 6ယု​ဒ​အ​မျိုး၊ ယေ​ဖု​န္နာ​သား ကာ​လက်၊ 7ဣ​သ​ခါ​အ​မျိုး၊ ယော​သပ်​သား ဣ​ဂါ​လ။ 8ဧ​ဖ​ရိမ်​အ​မျိုး၊ နုန်​သား ဩ​ရှေ။ 9ဗင်္ယာ​မိန်​အ​မျိုး၊ ရာ​ဖု​သား ပါ​လ​တိ။ 10ဇာ​ဗု​လုန်​အ​မျိုး၊ သော​ဒိ​သား ဂါ​ဒျေ​လ။ 11ယော​သပ်​သား​တွင် မ​နာ​ရှေ​အ​မျိုး၊ သု​သိ​သား ဂ​ဒ္ဒိ။ 12ဒန်​အ​မျိုး၊ ဂေ​မ​လ္လိ​သား အ​မျေ​လ။ 13အာ​ရှာ​အ​မျိုး၊ မိ​က္ခေ​လ​သား သေ​သု​ရ။ 14နဿ​လိ​အ​မျိုး၊ ဝါ​ဖ​သိ​သား နာ​ဘိ။ 15ဂဒ်​အ​မျိုး မာ​ခိ​သား ဂွေ​လ​တည်း​ဟူ​သော၊ 16ခါ​နာန်​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​သော သူ​တို့၏​အ​မည်​တည်း။ နုန်၏​သား​ဩ​ရှေ​ကို ယော​ရှု​ဟူ​သော​အ​မည်​ဖြင့် မော​ရှေ​မှည့်​လေ၏။
17ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​လျက်၊ သင်​တို့​သည် တောင်​မျက်​နှာ​လမ်း​ဖြင့်​သွား၍ တောင်​ရိုး​ပေါ်​သို့​တက်​ကြ​လော့။ 18ထို​ပြည်​သည် အ​ဘယ်​သို့​သော​ပြည် ဖြစ်​သ​နည်း။ ပြည်​သား​တို့​သည် အား​ကြီး​သ​လော၊ အား​နည်း​သ​လော။ များ​သ​လော၊ နည်း​သ​လော။ 19သူ​တို့​နေ​သော​ပြည်​သည် ကောင်း​သ​လော၊ မ​ကောင်း​လော။ သူ​တို့​နေ​သော မြို့​ရွာ​တို့​သည် အ​ဘယ်​သို့​နည်း။ တဲ​နှင့် နေ​ကြ​သ​လော။ ခိုင်​ခံ့​သော​မြို့​နှင့် နေ​ကြ​သ​လော။ 20ထို​မြေ​သည် ကောင်း​သ​လော၊ မ​ကောင်း​လော။ တော​များ​သ​လော၊ နည်း​သ​လော​ဟု ကြည့်​ရှု​ကြ​လော့။ ရဲ​ရင့်​သော​စိတ် ရှိ​ကြ​လော့။ သစ်​သီး​အ​ချို့​ကို​လည်း ယူ​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​လေ၏။ ထို​ကာ​လ​သည် စ​ပျစ်​သီး​မှည့်​စ ကာ​လ​ဖြစ်​သ​တည်း။ 21ထို​သူ​တို့​သည် ဇိ​န​တော​မှ​သွား၍ ဟာ​မတ်​မြို့​သို့​ရောက်​သော​လမ်း​နား၊ ရ​ဟော​ဘ​မြို့​တိုင်​အောင် ခါ​နာန်​ပြည်​ကို​စူး​စမ်း​ကြ၏။ 22တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။ 23ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​လျှင် အ​သီး​တစ်​ပြွတ်​ပါ​သော စ​ပျစ်​နွယ်​ပင် အ​ခက်​တစ်​ခက်​ကို​ခုတ်၍ လူ​နှစ်​ယောက်​တို့​သည် ထမ်း​ပိုး​နှင့်​ထမ်း​ကြ၏။ သ​လဲ​သီး၊ သင်္ဘော​သ​ဖန်း​သီး​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။ 24ဣ​သ​ရေ​လ​အ​မျိုး​သား​ခုတ်​ယူ​သော စ​ပျစ်​သီး​ပြွတ်​ကို​ထောက်၍၊ ထို​ချိုင့်​ကို ဧ​ရှ​ကော​လ​ချိုင့်​ဟူ​သော​အ​မည်​ဖြင့် မှည့်​သ​တည်း။ 25အ​ရက်​လေး​ဆယ်​လွန်​မှ ခါ​နာန်​ပြည်​ကို​စူး​စမ်း​သော​အ​မှု ပြီး၍ ပြန်​လာ​ကြ၏။
26မော​ရှေ​နှင့်​အာ​ရုန်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​နေ​ရာ ပါ​ရန်​တော၊ ကာ​ဒေ​ရှ​အ​ရပ်​သို့ ရောက်​သော​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား သ​တင်း​ကြား​ပြော၍ ထို​ပြည်၌​သီး​သော​အ​သီး​ကို ပြ​ကြ၏။ 27မော​ရှေ​အား​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​စေ​လွှတ်​သော ပြည်​သို့​ရောက်​ခဲ့​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထို​ပြည်​သည် နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ဖြစ်​ပါ၏။ ဤ​အ​သီး​တို့​ကား ထို​ပြည်၌​သီး​သော​အ​သီး ဖြစ်​ပါ၏။ 28သို့​ရာ​တွင် ပြည်​သူ​ပြည်​သား​တို့​သည် အား​ကြီး​ပါ၏။ ခိုင်​ခံ့​သော​မြို့​ကြီး​နှင့် နေ​ကြ​ပါ၏။ ထို​မျှ​မ​က အာ​န​က​အ​မျိုး​သား​တို့​ကို​လည်း မြင်​ရ​ပါ၏။ 29အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ 30ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။ 31သူ​နှင့်​အ​တူ​လိုက်​သွား​သော​သူ​တို့​က ထို​ပြည်​သား​တို့​ကို ငါ​တို့​မ​တိုက်​နိုင်။ သူ​တို့​သည် ငါ​တို့​ထက်​သာ၍ အား​ကြီး​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ 32ငါ​တို့​သွား၍​စူး​စမ်း​သော​ပြည်​သည် မိ​မိ​သား​တို့​ကို ဖျက်​ဆီး​တတ်၏။ ငါ​တို့​တွေ့​မြင်​သော ပြည်​သား​အ​ပေါင်း​တို့​သည် အ​လွန်​အ​ရပ်​မြင့်​ကြ၏။ 33ကိုယ်​ကြီး​သော​လူ​အ​မျိုး​အ​နွယ်၊ အာ​န​က​အ​မျိုး​အ​နွယ်​ဖြစ်၍ အ​လွန်​ကြီး​မား​သော​သူ​တို့​ကို​လည်း မြင်​ခဲ့​ကြ​ပြီ။ သူ​တို့​ရှေ့​မှာ ငါ​တို့​သည် ကိုယ်​အ​ထင်​အ​တိုင်း နှံ​ကောင်​ကဲ့​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အ​ထင်​အ​တိုင်း​လည်း ထို​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ မိ​မိ​တို့​စူး​စမ်း​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ကြ​လေ၏။#က၊ ၆:၄။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ