YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 12

12
မိ​ရိ​အံ​ကို​ဒဏ်​ခတ်​ခြင်း
1မော​ရှေ​သည် ကု​ရှ​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်၍၊ ထို​မိန်း​မ​ကြောင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​သည် မော​ရှေ​ကို​အ​ပြစ်​တင်​လျက်၊ 2အ​ကယ်၍​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​ဖြင့်​သာ ဗျာ​ဒိတ်​ပေး​တော်​မူ​သ​လော။ ငါ​တို့​အား​ဖြင့်​လည်း ပေး​တော်​မ​မူ​လော​ဟု ဆို​ကြ၏။ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။ 3မော​ရှေ​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​သော သူ​အ​ပေါင်း​တို့​ထက်​သာ၍ နူး​ညံ့​သိမ်​မွေ့​သော​သ​ဘော​ရှိ၏။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သုံး​ယောက်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ထွက်​သွား​ကြ​လော့​ဟု မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​အား ချက်​ချင်း​မိန့်​တော်​မူ၍ သူ​တို့​သည်​ထွက်​သွား​ကြ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​တိုင်​ဖြင့်​ဆင်း​သက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​လျက်၊ အာ​ရုန်​နှင့် မိ​ရိ​အံ​ကို​ခေါ်​တော်​မူ၍၊ သူ​တို့​သည် ချဉ်း​ကပ်​ကြ၏။ 6ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။ 7အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သော ငါ့​ကျွန်​မော​ရှေ​သည် ထို​သို့​မ​ဟုတ်။#ဟေ​ဗြဲ၊ ၃:၂။ 8သူ၌​ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ နက်​နဲ​သော​စ​ကား​အား​ဖြင့် မ​ပေး၊ ကိုယ်​တိုင်​ကိုယ်​ကြပ် ထင်​ရှား​စွာ​ဗျာ​ဒိတ်​ပေး​မည်။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပုံ​သ​ဏ္ဌာန်​ကို​လည်း မြင်​ရ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ငါ့​ကျွန်​မော​ရှေ​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​ဝံ့​သ​နည်း​ဟု မိန့်​တော်​မူ​လျက်၊ 9အ​မျက်​တော်​ထွက်၍ ထာ​ဝ​ရ​ဘု​ရား ကြွ​သွား​တော်​မူ​သ​ဖြင့်၊ 10မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ​ကွာ​သွား၏။ မိ​ရိ​အံ​သည်​လည်း၊ နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လေ၏။ အာ​ရုန်​ကြည့်၍ မိ​ရိ​အံ​နူ​သည်​ကို​မြင်​လျှင်၊ 11အို အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် မိုက်​သော​အ​မှု​ကို​ပြု​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ တင်​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ 12ဖွား​စ​က​ပင် ကိုယ်​အ​သား​တစ်​ဝက်​ပျက်​သော အ​သေ​ကောင်​ကဲ့​သို့ သူ​သည် မ​ဖြစ်​ပါ​စေ​နှင့်​ဟု တောင်း​ပန်​လျှင်၊ 13မော​ရှေ​က၊ အို ဘု​ရား​သ​ခင်၊ သူ၏​အ​နာ​ကို​ပျောက်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လေ၏။ 14ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​အ​ဘ​သည် သူ၏​မျက်​နှာ​ကို တံ​တွေး​နှင့် ထွေး​ရုံ​မျှ​သာ​ပြု​လျှင်၊ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော။ ယ​ခု​တွင် သူ့​ကို​နှင်​ထုတ်၍ ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​စေ။ ထို​နောက်​မှ တပ်​ထဲ​သို့​တစ်​ဖန်​ဝင်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊#တော၊ ၅:၂-၃။ 15မိ​ရိ​အံ​ကို​နှင်​ထုတ်၍ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ၏။ မိ​ရိ​အံ​အ​နာ​မ​ပျောက်​မီ​တိုင်​အောင် လူ​များ​တို့​သည် ခ​ရီး​မ​သွား​ဘဲ​နေ​ကြ၏။ 16ထို​နောက် ဟာ​ဇ​ရုတ်​အ​ရပ်​မှ​ပြောင်း၍ ပါ​ရန်​တော၌​တဲ​ဆောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ