YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 15

15
ယဇ်​ပူ​ဇော်​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ
1တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ 2သင်​တို့​နေ​ရာ​ဖြစ်​သော ငါ​ပေး​သော​ပြည်​သို့ ရောက်၍​နေ​ကြ​သော​အ​ခါ 3သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ 4ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​သော​သူ​သည်၊ သိုး​သ​ငယ်​ကို​ပူ​ဇော်​လျှင် မီး​ရှို့​ရာ​ယဇ်​ဖြစ်​စေ၊ အ​ခြား​သော​ယဇ်​ဖြစ်​စေ၊ 5ယဇ်​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆီ​သုံး​လော​ဃ​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း ပြင်​ဆင်၍​ဆောင်​ခဲ့​ရ​မည်။ 6သိုး​ကို​ပူ​ဇော်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ 7ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​လေး​လော​ဃ​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ကို ပြင်​ဆင်၍ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည်​လေး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ 8ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊ 9မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ 10နွား​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​ခြောက်​လော​ဃ​ရော​သော မုန့်​ညက်​သုံး​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည်​ခြောက်​လော​ဃ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ရ​မည်။ 11နွား​တစ်​ကောင်၊ သိုး​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​သော​အ​ခါ ထို​သို့​ပြု​ရ​မည်။ 12ပြင်​ဆင်​သော သိုး​နွား​အ​ရေ​အ​တွက်​သို့​လိုက်၍၊ တစ်​ကောင်​တစ်​ကောင်​ကို ထို​သို့​ပြု​ရ​မည်။ 13ပြည်​သား​အ​ပေါင်း​တို့​သည် မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​နှင့်​အ​ညီ ပြု​ရ​ကြ​မည်။ 14သင်​တို့​တွင် တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​ခြား​တစ်​ပါး​သော​သူ​ဖြစ်​စေ၊ မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သင်​တို့​ပြု​သည်​နည်း​တူ သူ​သည်​လည်း​ပြု​ရ​မည်။ 15ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။ 16သင်​တို့​ကိုယ်​တိုင်​မှ​စ၍ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တစ်​ပါး​တည်း​သော​တ​ရား၊ တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။#ဝတ်၊ ၂၄:၂၂။
17တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 18ငါ​ပို့​ဆောင်​သော​ပြည်​သို့ သင်​တို့​သည်​ရောက်၍၊ 19ထို​ပြည်၌​ဖြစ်​သော မုန့်​ကို​စား​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား​ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ရ​မည်။ 20အ​ဦး​နယ်​သော​မုန့်​စိမ်း​ဖြင့် လုပ်​သော​မုန့်​ပြား​ကို ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ပြု၍ ကောက်​နယ်​တ​လင်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​သ​ကဲ့​သို့ ချီ​မြှောက်​ရ​မည်။ 21သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ အ​ဦး​နယ်​သော​မုန့်​စိမ်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ရ​ကြ​မည်။
22ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​သော​နေ့​မှ​စ၍၊ မော​ရှေ​အား​ဖြင့် သင်​တို့၌​ထား​တော်​မူ​သော​ပ​ညတ်၊ 23သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်၌ ထား​တော်​မူ​လ​တ္တံ့​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို သင်​တို့​သည်​မ​စောင့်၊ မှား​ယွင်း​ခြင်း​သို့ ရောက်​ကြ​သည်​အ​မှု​မှာ၊ 24ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ​သ​တိ​လစ်၍ မှား​ယွင်း​ခြင်း​သို့​ရောက်​လျှင်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထုံး​ဖွဲ့​သော​ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​ဖြင့် မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဆိတ်​ဖြင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​ကြ​မည်။ 25ယဇ်​ပု​ရော​ဟိတ်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့်၊ သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​ကြောင့်၊ ထို​အ​ပြစ်​ကို လွှတ်​ရ​လိမ့်​မည်။ သူ​တို့​သည်​လည်း သ​တိ​လစ်​သော​အ​ပြစ်​ကြောင့်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​တ​ကွ၊ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ 26ထို​သို့​ပြု​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ပြစ်​မှား​သော်​လည်း၊ သ​တိ​လစ်၍ ပြစ်​မှား​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ကို​လည်း​ကောင်း ထို​အ​ပြစ်​မှ​လွှတ်​ရ​လိမ့်​မည်။
27လူ​တစ်​စုံ​တစ်​ယောက်​သည် သ​တိ​လစ်၍​ပြစ်​မှား​လျှင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော ဆိတ်​မ​တစ်​ကောင်​ကို ဆောင်​ခဲ့​ရ​မည်။ 28ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​တိ​လစ်၍ ပြစ်​မှား​မိ​သော​ထို​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့် ထို​အ​ပြစ်​ကို​လွှတ်​ရ​လိမ့်​မည်။#ဝတ်၊ ၄:၂၇-၃၁။ 29ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော​သူ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​အ​ခါ၊ တစ်​ပါး​တည်း​သော တ​ရား​ကို​စောင့်​ရ​ကြ​မည်။
30ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ရဲ​ရင့်​စွာ​ပြစ်​မှား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရို​သေ​ရာ​သို့ ရောက်​သည်​ဖြစ်၍၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ 31ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပ​ညတ်​တော်​ကို လွန်​ကျူး​သော​ကြောင့်၊ ထို​သူ​ကို ရှင်း​ရှင်း​ပယ်​ရှား​ရ​မည်။ မိ​မိ​အ​ပြစ်​ကို မိ​မိ​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။
ဥ​ပုသ်​နေ့​ပ​ညတ်​ကို​ချိုး​ဖောက်​သူ
32ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ရှိ​ကြ​သော​အ​ခါ၊ တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ထင်း​ခွေ​သော​သူ​တစ်​ယောက်​ကို တွေ့​လေ၏။ 33တွေ့​သော​သူ​တို့​သည်၊ ထို​သူ​ကို မော​ရှေ၊ အာ​ရုန်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​သို့ ခေါ်​ခဲ့​ကြ၏။ 34သူ၏​အ​မှု​ကို​စီ​ရင်​ရာ​လမ်း မ​ထင်​ရှား​သေး​သော​ကြောင့် ချုပ်​ထား​ကြ၏။ 35ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တပ်​ပြင်​မှာ သူ့​ကို​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၍၊ 36ထို​အ​မိန့်​တော်​အ​တိုင်း ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ကြ​သ​ဖြင့် သူ​သည်​အ​သေ​ခံ​ရ၏။
ပန်း​ပွား​ဆိုင်​ရာ​ပ​ညတ်
37တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 38သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ အ​ဝတ်​စွန်း​တို့၌ ဆွဲ​စ​ရာ​ဖို့ ပန်း​ပွား​တို့​ကို​လုပ်၍၊ ပြာ​သော​ကြိုး​နှင့် ချည်​တွဲ​ရ​ကြ​မည်။#တ​ရား၊ ၂၂:၁၂။ 39ထို​ပန်း​ပွား​တို့​ကို သင်​တို့​သည်​ကြည့်​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား ပ​ညတ်​တော်​မူ​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​ကြ​မည်​အ​ကြောင်း၊ အ​ထက်​က ကိုယ်​အ​လို​သို့​လိုက်​လျက်၊ ကိုယ်​ဉာဏ်​ကို​မှီ​ဝဲ​လျက် မှား​ယွင်း​သ​ကဲ့​သို့ မ​လိုက်​မ​မှီ​ဝဲ၊ 40ငါ​ပ​ညတ်​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​သ​ဖြင့်၊ သင်​တို့​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​မည်​အ​ကြောင်း ထို​သို့​ပြု​ရ​မည်။ 41ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ