YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 9:16-19

နေဟမိ 9:16-19 Judson Bible (JBMLE)

သို့​ရာ​တွင် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် မာ​န​ထောင်​လွှား၍၊ ခိုင်​မာ​သော​လည်​ပင်း​နှင့် ပ​ညတ်​တော်​ကို နား​မ​ထောင်​ကြ။ သူ​တို့​တွင် ပြု​တော်​မူ​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​အောက်​မေ့။ အာ​ဏာ​တော်​ကို​ငြင်း​ဆန်​လျက်၊ လည်​ပင်း​ခိုင်​မာ​သည် ဖြစ်၍၊ ကျွန်​ခံ​ရာ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လို​သော​ငှာ၊ လူ​ကြီး​တစ်​ဦး​ကို ချီး​မြှောက်​ကြ၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ပြစ်​ကို​ဖြေ​တတ်​သော​ဘု​ရား၊ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့်​ပြည့်​စုံ၍၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း​နှင့် ကြွယ်​ဝ​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။ ထို​မျှ​မ​က သူ​တို့​သည် နွား​သ​ငယ်​အ​ရုပ်​ကို သွန်း၍၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ အ​လွန်​ပြစ်​မှား​သော်​လည်း၊ ကိုယ်​တော်​သည် အ​ထူး​သ​ဖြင့် သ​နား​တတ်​သော ဘု​ရား​ဖြစ်​တော်​မူ၍၊ တော၌​သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။ နေ့​အ​ချိန်၌ လမ်း​ပြ​သော မိုး​တိမ်​တိုင်​မ​ပျောက်၊ ည​အ​ချိန်၌ သူ​တို့​သွား​ရာ​လမ်း​ကို လင်း​စေ​သော မီး​တိုင်​လည်း မ​ကွယ်။

နေဟမိ 9:16-19 Common Language Bible (BCL)

သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာ ခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ သူ​တို့​သည်​နွား​လား​ဥ​သ​ဘ​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင် ဤ​ဘု​ရား​ကား​ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သော​ဘု​ရား​ပင်​တည်း'' ဟု​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​သည်​ကိုယ်​တော်​အား လွန်​စွာ​စော်​ကား​ကြ​ပါ​သည်​တကား။ သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။

နေဟမိ 9:16-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် အတင့်ရဲ​၍ ခေါင်းမာ​ကြ​၏​။ ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​နာခံ​ကြ​။ သူ​တို့​သည် ကိုယ်တော်​၏​စကား​ကို နားမထောင်​။ သူ​တို့​အလယ်​တွင် ပြု​တော်မူ​သော အံ့ဖွယ်​အမှု​တို့​ကို​မ​အောက်မေ့​ဘဲ ခေါင်းမာ​လျက် ကိုယ်တော်​ကို ပုန်ကန်​ကြ​၍ ကျွန်ခံ​ရာ​ပြည်​သို့​ပြန်​ရန် ခေါင်းဆောင်​ကို​ခန့်ထား​ကြ​၏​။ သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တတ်​သော​၊ ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​တော်​ကြီးမား​သော​ဘုရား​ဖြစ်​တော်မူ​၍ သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​ခဲ့​။ ထို့ပြင် သူ​တို့​သည် နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ‘​ဤ​ဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟု ပြောဆို​လျက် လွန်စွာ​ပြစ်မှားစော်ကား​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။