YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 9

9
အ​ပြစ်​ကို​ဖော်ပြတောင်းပန်​ခြင်း
1ထို​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​စာ​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ကိုယ်၌ မြေ​မှုန့်​ကို​တင်​လျက် စည်း​ဝေး​ကြ၏။ 2ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​စစ်​ဖြစ်​သော သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ​တို့​နှင့် ကွာ၍၊ ကိုယ်​အ​ပြစ်​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​ကြ၏။ 3မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို နေ့​လေး​စု​တစ်​စု ဖတ်​ကြ၏။ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို နေ့​လေး​စု​တစ်​စု​ကို ကိုး​ကွယ်​ကြ၏။
4ထို​အ​ခါ လေ​ဝိ​သား​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗု​န္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ၊ ခေ​န​နိ​တို့​သည် ပ​လ္လင်​ပေါ်​မှာ​ရပ်၍၊ သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။ 5တစ်​ဖန် လေ​ဝိ​သား ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော​ဒိ​ယ၊ ရှေ​ဗ​နိ၊ ပေ​သ​ဟိ​တို့​က ထ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​ကြ​လော့။ ကောင်း​ချီး​ပေး​ခြင်း၊ ချီး​မွမ်း​ခြင်း​အ​မျိုး​မျိုး​ထက် ကြီး​မြင့်၍ ဘုန်း​ကြီး​သော ကိုယ်​တော်၏​နာ​မ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။
အ​ပြစ်​ဝန်​ခံ​သည့်​ဆု​တောင်း
6ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။ အ​မြင့်​ဆုံး​သော ကောင်း​ကင်​နှင့် ကောင်း​ကင်​ဗိုလ်​ခြေ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့်​မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပင်​လယ်​နှင့် ပင်​လယ်၌​ပါ​သ​မျှ​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို စောင့်​မ​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် ကိုယ်​တော်​ကို ကိုး​ကွယ်​ကြ​ပါ၏။ 7အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အာ​ဗြံ​ကို​ရွေး​ချယ်၍ ခါ​လ​ဒဲ​ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ခဲ့​ပြီး​လျှင် အာ​ဗြ​ဟံ​ဟူ​သော အ​မည်​ကို ပေး​တော်​မူ၏။#က၊ ၁၁:၃၁၊ ၁၂:၁၊ ၁၇:၅။ 8ရှေ့​တော်၌ သူ့​သ​ဘော​ဖြောင့်​သည်​ကို တွေ့​သော​ကြောင့်၊ ခါ​န​နိ​ပြည်၊ ဟိ​တ္တိ​ပြည်၊ အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ ယေ​ဗု​သိ​ပြည်၊ ဂိ​ရ​ဂါ​ရှိ​ပြည်​တို့​ကို အာ​ဗြ​ဟံ​အ​မျိုး​အ​နွယ်​အား ငါ​ပေး​မည်​ဟု ဝန်​ခံ​သည်​အ​တိုင်း သ​စ္စာ​တော်​မ​ပျက် ပြု​တော်​မူ၏။#က၊ ၁၅:၁၈-၂၁။ 9အဲ​ဂု​တ္တု​ပြည်၌ အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​များ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​မြင်၍၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ သူ​တို့ အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။#ထွ၊ ၃:၇၊ ၁၄:၁၀-၁၂။ 10ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​တို့​ကို စော်​ကား​စွာ​ပြု​သော​ကြောင့်၊ ကိုယ်​တော်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ ထို​ပြည်​သား​တို့၌ နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​တော်​မူ၍၊ သ​တင်း​တော်​သည် ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ၏။#ထွ၊ ၇:၈-၁၂:၃၂။ 11သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။#ထွ၊ ၁၄:၂၁-၂၉၊ ၁၅:၄-၅။ 12ထို​မှ​တစ်​ပါး၊ နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌ သူ​တို့​သွား​ရာ​လမ်း​ကို လင်း​စေ​သော မီး​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။#ထွ၊ ၁၃:၂၁-၂၂။ 13ကိုယ်​တော်​တိုင်​လည်း၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်၍ မိုး​ကောင်း​ကင်​ထဲ​က ဗျာ​ဒိတ်​သံ​ကို လွှတ်​သ​ဖြင့်၊ ဟုတ်​မှန်​ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အပ်​ပေး​တော်​မူ၏။#ထွ၊ ၁၉:၁၈-၂၃:၃၃။ 14သန့်​ရှင်း​သော ဥ​ပုသ်​နေ့​ရက်​တော်​ကို ဖော်​ပြ၍၊ ကိုယ်​တော်​ကျွန် မော​ရှေ​အား​ဖြင့် နည်း​နာ​ဥ​ပ​ဒေ​သ ပ​ညတ်​တ​ရား​တို့​ကို​လည်း ထား​တော်​မူ၏။ 15သူ​တို့​မွတ်​သိပ်​ခြင်း​နှင့် ရေ​ငတ်​ခြင်း​ကို ပြေ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မုန့်​နှင့် ကျောက်​ထဲ​က​ထုတ်​သော​ရေ​ကို ပေး​တော်​မူ၏။ သူ​တို့​ပိုင်​ဖို့ ကျိန်​ဆို​တော်​မူ​သော​ပြည်​ထဲ​သို့ ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။#ထွ၊ ၁၆:၄-၁၅၊ ၁၇:၁-၇၊ တရား၊ ၁:၂၁။ 16သို့​ရာ​တွင် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် မာ​န​ထောင်​လွှား၍၊ ခိုင်​မာ​သော​လည်​ပင်း​နှင့် ပ​ညတ်​တော်​ကို နား​မ​ထောင်​ကြ။#တော၊ ၁၄:၁-၄၊ တရား၊ ၁:၂၆-၃၃။ 17သူ​တို့​တွင် ပြု​တော်​မူ​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​အောက်​မေ့။ အာ​ဏာ​တော်​ကို​ငြင်း​ဆန်​လျက်၊ လည်​ပင်း​ခိုင်​မာ​သည် ဖြစ်၍၊ ကျွန်​ခံ​ရာ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လို​သော​ငှာ၊ လူ​ကြီး​တစ်​ဦး​ကို ချီး​မြှောက်​ကြ၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ပြစ်​ကို​ဖြေ​တတ်​သော​ဘု​ရား၊ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့်​ပြည့်​စုံ၍၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း​နှင့် ကြွယ်​ဝ​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။#ထွ၊ ၃၄:၆၊ တော၊ ၁၄:၁၈။ 18ထို​မျှ​မ​က သူ​တို့​သည် နွား​သ​ငယ်​အ​ရုပ်​ကို သွန်း၍၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ အ​လွန်​ပြစ်​မှား​သော်​လည်း၊#ထွ၊ ၃၂:၁-၄။ 19ကိုယ်​တော်​သည် အ​ထူး​သ​ဖြင့် သ​နား​တတ်​သော ဘု​ရား​ဖြစ်​တော်​မူ၍၊ တော၌​သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။ နေ့​အ​ချိန်၌ လမ်း​ပြ​သော မိုး​တိမ်​တိုင်​မ​ပျောက်၊ ည​အ​ချိန်၌ သူ​တို့​သွား​ရာ​လမ်း​ကို လင်း​စေ​သော မီး​တိုင်​လည်း မ​ကွယ်။#တရား၊ ၈:၂-၄။ 20သူ​တို့​အား သွန်​သင်​စ​ရာ​ဖို့ ကောင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ၏။ သူ​တို့​စား​ရ​သော ကိုယ်​တော်၏​မ​န္န​ကို ရုပ်​သိမ်း​တော်​မ​မူ။ သူ​တို့ အ​ငတ်​ပြေ​စေ​ခြင်း​ငှာ၊ ရေ​ကို​လည်း ပေး​တော်​မူ၏။ 21အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​ကို အ​လျှင်း​မ​ဆင်း​ရဲ​စေ​ခြင်း​ငှာ ကျွေး​မွေး​တော်​မူ၏။ သူ​တို့​အ​ဝတ် မ​ဟောင်း​မ​နွမ်း​ရ။ သူ​တို့​ခြေ​သည်​လည်း မ​ပွန်း​မ​ရောင်​ရ။ 22နောက်​မှ​တစ်​ပါး​အ​မျိုး​သား​တို့၏ တိုင်း​နိုင်​ငံ​များ​ကို သူ​တို့​အား အ​ကုန်​အ​စင်​ဝေ​ဖန်၍ ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ အ​စိုး​ရ​သော​ပြည်​တို့​ကို သိမ်း​ယူ​ကြ၏။#တော၊ ၂၁:၂၁-၃၅။ 23သူ​တို့​သား​မြေး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​ကဲ့​သို့ များ​ပြား​စေ​တော်​မူ၏။ အ​ကြင်​ပြည်​ထဲ​သို့ သူ​တို့​ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း၊ သူ​တို့၏ ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ၏။ ထို​ပြည်​ထဲ​သို့ သွင်း​တော်​မူ​သ​ဖြင့်၊#က၊ ၁၅:၅၊ ၂၂:၁၇၊ ယောရှု၊ ၃:၁၄-၁၇။ 24သား​မြေး​တို့​သည်​ဝင်၍ သိမ်း​ယူ​ကြ၏။ သူ​တို့​ရှေ့​မှာ ထို​ပြည်​သား ခါ​နာ​နိ​လူ​တို့​ကို နှိပ်​စက်​တော်​မူ၍၊ ရှင်​ဘု​ရင်​အ​စ​ရှိ​သော ပြည်​သူ​ပြည်​သား​တို့​ကို ပြု​ချင်​သ​မျှ ပြု​ရ​သော​အ​ခွင့်​နှင့် သူ​တို့​လက်​သို့ အပ်​တော်​မူ၏။#ယောရှု၊ ၁၁:၂၃။ 25ထို​သို့ သူ​တို့​သည် ခိုင်​ခံ့​သော​မြို့​များ၊ မြေ​ကောင်း​သော​ပြည်၊ ဥ​စ္စာ​နှင့်​ပြည့်​သော​အိမ်၊ တူး​ပြီး​သော​ရေ​တွင်း၊ များ​ပြား​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အ​သီး​သီး​သော အ​ပင်​တို့​ကို သိမ်း​ယူ၍၊ ဝ​စွာ​စား​သောက်​လျက် အ​သား​ဆူ​ဖြိုး၍ ကျေး​ဇူး​တော်​ကြွယ်​ဝ​ခြင်း၌ မွေ့​လျော်​ကြ၏။#တရား၊ ၆:၁၀-၁၁။ 26သို့​ရာ​တွင် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပုန်​ကန်​လျက် တ​ရား​တော်​ကို ကျော​နောက်​သို့ ပစ်​ထား​ကြ၏။ အ​ထံ​တော်​သို့ ပြန်​လာ​စေ​ခြင်း​ငှာ၊ ဆုံး​မ​သော ကိုယ်​တော်၏​ပ​ရော​ဖက်​တို့​ကို သတ်၍ အ​လွန်​ပြစ်​မှား​ခြင်း​ကို ပြု​ကြ၏။#သူကြီး၊ ၂:၁၁-၁၆။ 27ထို​ကြောင့်၊ သူ​တို့​ကို​နှောင့်​ယှက်​သော ရန်​သူ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ၍ ကိုယ်​တော်​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော် ကြွယ်​ဝ​သည်​အ​တိုင်း၊ ရန်​သူ​လက်​မှ ကယ်​လွှတ်​သော ကျေး​ဇူး​ရှင်​တို့​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။ 28တစ်​ဖန် ချမ်း​သာ​ရ​သော​အ​ခါ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​ပြန်​ကြ​သော​ကြောင့်၊ ရန်​သူ​အ​စိုး​ရ​မည်​အ​ကြောင်း တစ်​ဖန်​အပ်​တော်​မူ၏။ သူ​တို့​သည်​ပြန်​လာ၍ ကိုယ်​တော်​ကို အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ထပ်​ထပ် ကယ်​တင်​တော်​မူ၏။ 29တ​ရား​တော်​ကို ကျင့်​ပြန်​စေ​ခြင်း​ငှာ ဆုံး​မ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်၊ မာ​န​ထောင်​လွှား​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော စီ​ရင်​တော်​မူ​ချက်​တို့​ကို လွန်​ကျူး​ကြ၏။ ခိုင်​မာ​သော​လည်​ပင်း​နှင့် ရုန်း​လျက် နား​မ​ထောင်​ဘဲ နေ​ကြ၏။#ဝတ်၊ ၁၈:၅။ 30နှစ်​ပေါင်း​များ​စွာ သူ​တို့​ကို​သည်း​ခံ၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​တို့၌​ရှိ​သော ကိုယ်​တော်၏ ဝိ​ညာဉ်​အား​ဖြင့် ဆုံး​မ​တော်​မူ​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​သူ​ပြည်​သား​တို့​လက်​သို့ အပ်​တော်​မူ၏။ 31သို့​ရာ​တွင် ကိုယ်​တော်​သည် ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သော​ကြောင့်၊ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​တော်​မ​မူ။ စွန့်​ပစ်​တော်​မ​မူ။ 32သို့​ဖြစ်၍၊ အို အ​ကျွန်ုပ်​တို့၏​ဘု​ရား၊ ကြီး​မြတ်၍ မ​ဟာ​တန်​ခိုး​နှင့် ပြည့်​စုံ​လျက် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ က​ရု​ဏာ​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​တော်​မူ​သော​ဘု​ရား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​သော ဘေး​ဒဏ်​ရှိ​သ​မျှ​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ​ပါ​နှင့်။#၄ ရာ၊ ၁၅:၁၉၊ ၁၇:၃-၆၊ ဧဇ၊ ၄:၂၊ ၁၀။ 33ကိုယ်​တော်​မူ​ကား အ​ကျွန်ုပ်​တို့​အ​ပေါ်​သို့ ရောက်​စေ​သ​မျှ​သော​အ​မှု၌ တ​ရား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် တ​ရား​သ​ဖြင့်​သာ စီ​ရင်​တော်​မူ​ပြီ။ 34အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် တ​ရား​တော်​ကို​မ​စောင့်။ ပေး​ထား​တော်​မူ​သော ပ​ညတ်​များ​နှင့် သက်​သေ​ခံ​ချက်​များ​တို့​ကို နား​မ​ထောင်​ကြ။ 35ကြီး​သော​ကျေး​ဇူး​ကို ပြု​လျက် အပ်​ပေး​တော်​မူ၍၊ သူ​တို့​ပိုင်​သော​နိုင်​ငံ၊ သ​နား​တော်​မူ​သော​ပြည်​ကြီး၊ ပြည်​ကောင်း၌ နေ​ရ​သော်​လည်း၊ အ​မှု​တော်​ကို​မ​ဆောင်​မ​ရွက်၊ မိ​မိ​တို့​ပြု​သော ဒု​စ​ရိုက်​ကို မ​ရှောင်​ဘဲ​နေ​ကြ​ပါ၏။ 36ဘိုး​ဘေး​တို့​သည် အ​လွန်​မြတ်​သော အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်​နှင့် သူ​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ကျွန်ုပ်​တို့​သည် ယ​နေ့ အ​စေ​ခံ​ကျွန် ဖြစ်​ကြ​ပါ၏။ သူ့​ကျွန် ခံ​ရ​ကြ​ပါ၏။ 37အ​ကျွန်ုပ်​တို့​အ​ပြစ်​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​တို့​သည် ဤ​ပြည်၌ ကြွယ်​ဝ​စွာ​ဖြစ်​သော အ​သီး​အ​နှံ​ကို သိမ်း​စား​မြဲ​ရှိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့၏​ကိုယ်​နှင့် တိ​ရ​စ္ဆာန်​များ​ကို သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် အ​စိုး​ပိုင်၍၊ အ​ကျွန်ုပ်​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​လျက်​နေ​ရ​ပါ​သည်​ဟု မြွက်​ဆို​ကြ၏။
က​တိ​ဝန်​ခံ​ချက်​ကို​တံ​ဆိပ်​ခတ်​ခြင်း
38ထို​အ​ကြောင်း​အ​ရာ​များ​ကို ငါ​တို့​သည် ဆင်​ခြင်​ပြီး​မှ၊ သ​စ္စာ​ပြု၍ စာ​ချုပ်​ကို​လည်း ရေး​ထား​လျက်၊ ငါ​တို့​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် တံ​ဆိပ်​ခတ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ