YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 10

10
1တံ​ဆိပ်​ခတ်​သော​သူ ဟူ​မူ​ကား၊ ဟာ​ခ​လိ​သား ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ယဇ်​ပု​ရော​ဟိတ် ဇိ​ဒ​ကိ​ယ၊ 2စ​ရာ​ယ၊ အာ​ဇ​ရိ၊ ယေ​ရ​မိ၊ 3ပါ​ရှု​ရ၊ အာ​မ​ရိ၊ မာ​လ​ခိ​ယ၊ 4ဟ​တ္တုတ်၊ ရှေ​ဗ​နိ၊ မ​လ္လုတ်၊ 5ဟာ​ရိမ်၊ မေ​ရ​မုတ်၊ ဩ​ဗ​ဒိ၊ 6ဒံ​ယေ​လ၊ ဂိ​န္နေ​သုန်၊ ဗာ​ရုတ်၊ 7မေ​ရှု​လံ၊ အ​ဘိ​ယ၊ မိ​ယာ​မိန်၊ 8မာ​ဇိ၊ ဗိ​လ​ဂဲ၊ ရှေ​မာ​ယ၊ 9လေ​ဝိ​သား​အာ​ဇ​နိ​သား ယော​ရှု​တစ်​ပါး၊ ဟေ​န​ဒဒ်​သား ဗိ​နွိ​တစ်​ပါး၊ ကပ်​မျေ​လ​တစ်​ပါး၊ 10သူ​တို့​ညီ​ရှေ​ဗ​နိ၊ ဟော​ဒိ​ယ၊ ကေ​လိ​တ၊ ပေ​လာ​ယ၊ ဟာ​နန်၊ 11မိ​က္ခာ၊ ရေ​ဟုပ်၊ ဟာ​ရှ​ဘိ၊ 12ဇ​က္ကု​ရ၊ ရှေ​ရ​ဘိ၊ ရှေ​ဗ​နိ၊ 13ဟော​ဒိ​ယ၊ ဗာ​နိ၊ ဗေ​နိ​နု၊ 14လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော ပါ​ရုတ်၊ ပါ​ဟတ်​မော​ဘ၊ ဧ​လံ၊ ဇဿု၊ ဗာ​နိ၊ 15ဗု​န္နိ၊ အာ​ဇ​ဂဒ်၊ ဗေ​ဗဲ၊ 16အ​ဒေါ​နိ​ယ၊ ဗိ​ဂ​ဝဲ၊ အာ​ဒိန်၊ 17အာ​တာ၊ ဟိ​ဇ​ကိ​ယ၊ အ​ဇ္ဇု​ရ၊ 18ဟော​ဒိ​ယ၊ ဟ​ရှုံ၊ ဗေ​ဇဲ၊ 19ဟာ​ရိပ်၊ အာ​န​သုတ်၊ နေ​ဗဲ၊ 20မာ​ဂ​ပျာ​ရှ၊ မေ​ရှု​လံ၊ ဟေ​ဇိ​ရ၊ 21မေ​ရှ​ဇ​ဗေ​လ၊ ဇာ​ဒုတ်၊ ယာ​ဒွါ၊ 22ပေ​လ​တိ၊ ဟာ​နန်၊ အ​နာ​ယ၊ 23ဟော​ရှေ၊ ဟာ​န​နိ၊ ဟာ​ရှုပ်၊ 24ဟာ​လော​ဟက်၊ ပိ​လ​ဟ၊ ရှော​ဗက်၊ 25ရေ​ဟုံ၊ ဟာ​ရှ​ဗ​န၊ မာ​သေ​ယ၊ 26အ​ဟိ​ယ၊ ဟာ​နန်၊ အာ​နန်၊ 27မ​လ္လုတ်၊ ဟာ​ရိမ်၊ ဗာ​နာ​တည်း။
က​တိ​ဝန်​ခံ​ချက်
28ကြွင်း​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တ​ရား​ကို​စောင့်​အံ့​သော​ငှာ၊ ထို​ပြည်​သား​တို့​နှင့်​ကွာ​သော သူ​အ​ပေါင်း​တို့​သည် မ​ယား​သား​သ​မီး​တို့​နှင့်​တ​ကွ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော​သူ​ဖြစ်၍၊ 29ညီ​အစ်​ကို​မှူး​မတ်​တို့၌ မှီ​ဝဲ​လျက်၊ ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​တိုင်း ကျင့်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​များ၊ စီ​ရင်​ထုံး​ဖွဲ့​တော် မူ​ချက်​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ 30ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား၊ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊#ထွ၊ ၃၄:၁၆၊ တရား၊ ၇:၃။ 31ပြည်​သား​တို့​သည် ဥ​ပုသ်​နေ့၌ ဥ​စ္စာ၊ စား​စ​ရာ​ကို​ရောင်း​ခြင်း​ငှာ ယူ​ခဲ့​လျှင်၊ ဥ​ပုသ်​နေ့​ဖြစ်​စေ၊ အ​ခြား​သော ဓ​မ္မ​နေ့​ဖြစ်​စေ မ​ဝယ်၊ သ​တ္တ​မ​နှစ်​တွင် လယ်​လုပ်​ခြင်း​အ​မှု​ကို မ​ပြု၊ ကြွေး​ကို​အ​နိုင်​မ​တောင်း​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ကျိန်​ဆို​လျက် သ​စ္စာက​တိ​ထား​ကြ၏။#ထွ၊ ၂၃:၁၀-၁၁၊ ဝတ်၊ ၂၅:၁-၇၊ တရား၊ ၁၅:၁-၂။
32ထို​မှ​တစ်​ပါး၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​တည်း​ဟူ​သော ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့​တွင် ရှေ့​တော်​မုန့်၊#ထွ၊ ၃၀:၁၁-၁၆။ 33မြဲ​သော​ဘော​ဇဥ်​ပူ​ဇော်သ​ကာ၊ မြဲ​သော​မီး​ရှို့​ရာ​ယဇ်၊ ဓ​မ္မ​ပွဲ၊ သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော ငါ​တို့၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​မှု​အ​လုံး​စုံ​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ လူ​တိုင်း​တစ်​နှစ်​လျှင် ငွေ​တစ်​ကျပ်​သုံး​စု​တစ်​စု​စီ ပေး​ရ​မည်​အ​ကြောင်း ကိုယ်​အ​ဖို့ စီ​ရင်​ထုံး​ဖွဲ့​ကြ၏။ 34ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​မွေး​စ​ရာ ထင်း​ပူ​ဇော်​သ​ကာ​ကို၊ တစ်​နှစ်​တစ်​နှစ်​လျှင် ချိန်း​ချက်​သော အ​ချိန်​တို့၌၊ အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား ပြည်​သူ​ပြည်​သား​တို့​သည် စာ​ရေး​တံ​ပြု​ကြ၏။ 35အ​ဦး​သီး​သော မြေ​အ​သီး​အ​နှံ​နှင့် အ​ဦး​သီး​သော သစ်​သီး​အ​မျိုး​မျိုး​ကို ဗိ​မာန်​တော်​သို့ နှစ်​တိုင်း ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊#ထွ၊ ၂၃:၁၉၊ ၃၄:၂၆၊ တရား၊ ၂၆:၂။ 36ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊#ထွ၊ ၁၃:၂။ 37အ​ဦး​လုပ်​သော မုန့်​စိမ်း၊ ပူ​ဇော်​သ​ကာ၊ သစ်​သီး​အ​မျိုး​မျိုး၊ စ​ပျစ်​ရည်၊ ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​အ​ခန်း​သို့​လည်း​ကောင်း၊ လယ်​လုပ်​သော မြို့​ရွာ​ရှိ​သ​မျှ​တို့၌ မြေ​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ကို လေ​ဝိ​သား​တို့​ထံ​သို့​လည်း​ကောင်း၊ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း စီ​ရင်​ထုံး​ဖွဲ့​ကြ၏။#တော၊ ၁၈:၂၁။ 38လေ​ဝိ​သား​တို့​သည် ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ယူ​သော​အ​ခါ၊ အာ​ရုန်​အ​မျိုး ယဇ်​ပု​ရော​ဟိတ်​ရှိ​ရ​မည်။ လေ​ဝိ​သား​တို့​သည်​လည်း ဆယ်​ဖို့​တစ်​ဖို့​ထဲ​က ဆယ်​ဖို့​တစ်​ဖို့​ကို နုတ်​ယူ၍ ဗိ​မာန်​တော်​အ​ခန်း ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ရ​ကြ​မည်။#တော၊ ၁၈:၂၆။ 39လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ