YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 11

11
ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ
(၅​ရာ၊ ၉း၁-၃၄)
1ထို​အ​ခါ လူ​များ​တို့​တွင် မင်း​လုပ်​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် သန့်​ရှင်း​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ကျိပ်​တွင်​တစ်​ယောက်၊ အ​ခြား​သော​မြို့​တို့၌ ကိုး​ယောက် နေ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ပြု​ကြ၏။ 2ယေ​ရု​ရှ​လင်​မြို့၌ နေ​ခြင်း​ငှာ အ​လို​လို​ဝန်​ခံ​သော သူ​အ​ပေါင်း​တို့​ကို၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။ 3ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊#နေ၊ ၇:၇၃။ 4ယု​ဒ​အ​မျိုး၊ ဖာ​ရက်၊ မ​ဟာ​လေ​လ၊ ရှေ​ဖ​တိ၊ အာ​မ​ရိ၊ ဇာ​ခ​ရိ၊ ဩ​ဇိ​တို့​မှ ဆင်း​သက်​သော အ​သာ​ယ​တစ်​ပါး၊ 5ရှိ​လော​နိ၊ ဇာ​ခ​ရိ၊ ယော​ယ​ရိပ်၊ အ​ဒါ​ယ၊ ဟ​ဇာ​ယ၊ ကော​လ​ဟော​ဇ၊ ဗာ​ရုတ်​တို့​မှ ဆင်း​သက်​သော မာ​သေ​ယ​တစ်​ပါး​နှင့်​တ​ကွ၊ 6ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဖာ​ရက်​အ​မျိုး​သား၊ သူ​ရဲ လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တည်း။ 7ဗင်္ယာ​မိန်​အ​မျိုး၊ ယေ​ရှာ​ယ၊ ဣ​သေ​လ၊ မာ​သေ​ယ၊ ကော​လာ​ယ၊ ပေ​ဒါ​ယ၊ ယော​ဒ၊ မေ​ရှု​လံ​တို့​မှ ဆင်း​သက်​သော သ​လ္လု၊ 8သု​နောက်၊ ဂ​ဗ္ဗဲ​နှင့်​သ​လ္လဲ အ​စ​ရှိ​သော ကိုး​ရာ နှစ်​ဆယ်​ရှစ်​ယောက်​တည်း။ 9ဇိ​ခ​ရိ​သား ယော​လ​သည် ဗင်္ယာ​မိန် အ​မျိုး​အုပ်​ဖြစ်၏။ သေ​နွာ​သား ယု​ဒ​သည် ပြင်​မြို့​ကို​အုပ်​ရ၏။
10ယဇ်​ပု​ရော​ဟိတ်​မူ​ကား ယေ​ဒါ​ယ၊ ယော​ယ​ရိပ်၊ ယာ​ခိန်​နှင့်​တ​ကွ၊ 11အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အုပ်​စ​ရာ​ယ အ​စ​ရှိ​သော၊ 12အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​သော အ​မျိုး​သား​ချင်း ရှစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​မှ​တစ်​ပါး၊ မာ​လ​ခိ၊ ပါ​ရှု​ရ၊ ဇာ​ခ​ရိ၊ အာ​မ​ဇိ၊ ပေ​လ​လိ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​အ​စ​ရှိ​သော၊ 13အ​ဆွေ​အ​မျိုး​သူ​ကြီး အ​မျိုး​သား​ချင်း နှစ်​ရာ​လေး​ဆယ်​နှစ်​ယောက်​တည်း။ ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ အ​ဟာ​သဲ၊ အာ​ဇ​ရေ​လ​တို့​မှ ဆင်း​သက်​သော အာ​မ​ရှဲ​အ​စ​ရှိ​သော၊ 14ခွန်​အား​ကြီး​သော​သူ​ရဲ အ​မျိုး​သား​ချင်း တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်​တည်း။ ဟ​ဂ​ဒေါ​လိမ်​သား ဇာ​ဗ​ဒေ​လ​သည် သူ​တို့​ကို​အုပ်​ရ၏။
15လေ​ဝိ​သား​မူ​ကား၊ ဗု​န္နိ၊ ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ ဆင်း​သက်​သော ရှေ​မာ​ယ​တစ်​ပါး၊ 16လေ​ဝိ​သား​အ​ကြီး ရှ​ဗ္ဗေ​သဲ​နှင့် ယော​ဇ​ဗဒ်​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်၌ ပြင်​အ​မှု​ကို ကြည့်​ရှု​စီ​ရင်​ရ​ကြ၏။ 17အာ​သပ်၊ ဇာ​ဗ​ဒိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​နှင့် ဆု​တောင်း​ခြင်း​အ​မှု​မှာ အ​ကြီး​လုပ်​သော​သူ ဖြစ်၏။ ဗာ​က​ဗု​ကိ​သည် အ​ပေါင်း​အ​ဖော်​တို့​တွင် ဒု​တိ​ယ​သူ​ဖြစ်၏။ ထို​မှ​တစ်​ပါး၊ ယေ​ဒု​သုန်၊ ဂ​လာ​လ၊ ရှ​မွာ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​ရှိ၏။ 18သန့်​ရှင်း​သော​မြို့၌​နေ​သော လေ​ဝိ​သား​ပေါင်း​ကား နှစ်​ရာ​ရှစ်​ဆယ်​လေး​ယောက်​တည်း။ 19တံ​ခါး​စောင့်​အ​က္ကုပ်၊ တာ​လ​မုန်​အ​စ​ရှိ​သော တံ​ခါး​ကို​စောင့်​သော အ​မျိုး​သား​ချင်း​ပေါင်း​ကား တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်​တည်း။
20ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် ယု​ဒ​မြို့​ရွာ​တို့​တွင်၊ မိ​မိ​တို့ ပိုင်​ရင်း​အ​ရပ်၌ နေ​ကြ၏။ 21ဘု​ရား​ကျွန်​တို့​သည် ဩ​ဖေ​လ​အ​ရပ်၌​နေ၍၊ ဇိ​ဟ​နှင့် ဂိ​သ​ပ​တို့​သည် ဘု​ရား​ကျွန်​အုပ် ဖြစ်​ကြ၏။ 22မိ​က္ခာ၊ မဿ​နိ၊ ဟာ​ရှ​ဘိ၊ ဗာ​နိ​တို့​မှ ဆင်း​သက်​သော ဩ​ဇိ​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ​သော လေ​ဝိ​သား​တို့​ကို အုပ်​ရ၏။ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​ကို ကြည့်​ရှု​စီ​ရင် ရ​ကြ၏။ 23အ​ကြောင်း​မူ​ကား၊ သီ​ချင်း​သည်​တို့​သည် နေ့​ရက် အ​စဉ်​အ​တိုင်း စား​စ​ရာ​ရိ​က္ခာ​ကို ခံ​ရ​မည်​အ​ကြောင်း ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ၏။ 24ယု​ဒ​အ​မျိုး ဇာ​ရ​အ​နွယ် မေ​ရှ​ဇ​ဗေ​လ​သား ပေ​သ​ဟိ​သည်​လည်း ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​သား​တို့​ကို အုပ်၍ အ​ရေး​တော်​ပိုင်​မင်း​ဖြစ်၏။
အ​ခြား​မြို့​ရွာ​တွင်​နေ​ထိုင်​သူ​များ
25ယု​ဒ​လူ​အ​ချို့​တို့​သည် မြို့​ရွာ​ကျေး​လက်​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​ရွာ၊ ဒိ​ဘုန်​မြို့​ရွာ၊ ယေ​ကပ်​ဇေ​လ​မြို့​ရွာ၊ 26ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊ 27ဟာ​ဇာ​ရွှာ​လ၊ ဗေ​ရ​ရှေ​ဘ မြို့​ရွာ​များ၊ 28ဇိ​က​လတ်၊ မေ​ကော​န​မြို့​ရွာ​များ၊ 29အင်​ရိ​မ္မုန်၊ ဇာ​ရ၊ ယာ​မုတ်၊ 30ဇာ​နော၊ အ​ဒု​လံ မြို့​ရွာ​များ၊ လာ​ခိ​ရှ​မြို့​နှင့် ကျေး​လက်​များ၊ အ​ဇေ​ကာ​မြို့​ရွာ​များ၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ စ၍ ဟိ​န္နုံ​ချိုင့်​တိုင်​အောင် အ​နှံ့​အ​ပြား​နေ​ကြ၏။ 31ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း ဂေ​ဗ၊ မိတ်​မတ်၊ အာ​ဣ၊ ဗေ​သ​လ​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ 32အာ​န​သုတ်၊ နော​ဗ၊ အာ​န​နိ၊ 33ဟာ​ဇော်၊ ရာ​မ၊ ဂိ​တ္တိမ်၊ 34ဟာ​ဒိဒ်၊ ဇေ​ဘိုင်၊ နေ​ဗ​လ္လတ်၊ 35လော​ဒ၊ ဩ​နော​မြို့​များ၌​လည်း​ကောင်း၊ ဆ​ရာ​သ​မား​ချိုင့်၌​လည်း​ကောင်း နေ​ကြ၏။ 36လေ​ဝိ​သား​အ​သင်း​အ​ပေါင်း အ​ချို့​တို့​သည် ယု​ဒ​ပြည်၊ အ​ချို့​တို့​သည် ဗင်္ယာ​မိန်​ပြည်၌ နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ