YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 9:16-19

နေဟမိမှတ်စာ 9:16-19 MSBU

သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် အတင့်ရဲ​၍ ခေါင်းမာ​ကြ​၏​။ ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​နာခံ​ကြ​။ သူ​တို့​သည် ကိုယ်တော်​၏​စကား​ကို နားမထောင်​။ သူ​တို့​အလယ်​တွင် ပြု​တော်မူ​သော အံ့ဖွယ်​အမှု​တို့​ကို​မ​အောက်မေ့​ဘဲ ခေါင်းမာ​လျက် ကိုယ်တော်​ကို ပုန်ကန်​ကြ​၍ ကျွန်ခံ​ရာ​ပြည်​သို့​ပြန်​ရန် ခေါင်းဆောင်​ကို​ခန့်ထား​ကြ​၏​။ သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တတ်​သော​၊ ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​တော်​ကြီးမား​သော​ဘုရား​ဖြစ်​တော်မူ​၍ သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​ခဲ့​။ ထို့ပြင် သူ​တို့​သည် နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ‘​ဤ​ဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟု ပြောဆို​လျက် လွန်စွာ​ပြစ်မှားစော်ကား​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။