YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 17:14-27

ရှင်မဿဲ 17:14-27 Judson Bible (JBMLE)

လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊- အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။- တ​ပည့်​တော်​တို့​ထံ​သို့ ဆောင်​ခဲ့၍ သူ​တို့​သည် ချမ်း​သာ​မ​ပေး​နိုင်​ကြ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ယေ​ရှု​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု လျှောက်​ကြ​သော်၊- သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။- သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။ ဂါ​လိ​လဲ​ပြည်၌ နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် နီး​ပြီ။ သူ​တို့​သည် သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​ကြ၏။ က​ပေ​ရ​နောင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဗိ​မာန်​တော်​အ​ခွန်​တည်း​ဟူ​သော ဒိ​ဒြ​မ္မ​ကို ခံ​သော​သူ​တို့​သည် ပေ​တ​ရု​ဆီ​သို့​လာ၍ သင်၏​ဆ​ရာ​သည် ဒိ​ဒြ​မ္မ​ကို မ​ပေး​သ​လော​ဟု မေး​မြန်း​လျှင်၊ ပေး​ပါ​သည်​ဟု ပေ​တ​ရု​ဆို၏။ ပေ​တ​ရု​သည် အိမ်​သို့​ဝင်​သော​အ​ခါ၊ ယေ​ရှု​သည် တင်​ကူး၍၊ အ​ချင်း​ရှိ​မုန်၊ သင်​သည်​အ​ဘယ်​သို့ ထင်​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် အ​ဘယ်​သူ​မှာ အ​ခွန်​ကို​ခံ​ကြ​သ​နည်း။ မိ​မိ​သား​မှာ ခံ​ကြ​သ​လော။ သူ​တစ်​ပါး​မှာ ခံ​ကြ​သ​လော၊ ဟု​မေး​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ သူ​တစ်​ပါး​မှာ​ခံ​ကြ​ပါ​သည်​ဟု လျှောက်​သော်၊ ယေ​ရှု​က​လည်း သို့​ဖြစ်​လျှင် သား​မူ​ကား လွတ်​ရ၏။ သို့​သော်​လည်း ထို​သူ​တို့​သည် ငါ​တို့​ကြောင့် မ​မှား​ယွင်း​မည်​အ​ကြောင်း၊ အိုင်​သို့​သွား၍ ငါး​မျှား​ကို​ချ​လော့။ ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 17:14-27 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊- ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ သူ သည်​ဝက်​ရူး​နာ​စွဲ​၍​မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့ ဖြစ်​စေ​မ​ကြာ​ခဏ​လဲ​ကျ​တတ်​ပါ​၏။- သူ့​အား​အ​ရှင်​၏​တ​ပည့်​များ​ထံ​သို့​ခေါ်​ဆောင်​ခဲ့ သော်​လည်း​သူ​တို့​သည်​ရော​ဂါ​ပျောက်​အောင်​မ​ကု နိုင်​ကြ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- သ​ခင်​ယေ​ရှု​သည်​နတ်​မိစ္ဆာ​အား​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​လျှင် နတ်​မိစ္ဆာ​သည်​သူ​ငယ်​ထံ​မှ ထွက်​ခွာ​သွား​လေ​သည်။ ချက်​ချင်း​ပင်​သူ​ငယ်​သည် ကျန်း​မာ​လာ​၏။ ထို​နောက်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​တစ် ကိုယ်​တည်း​ရှိ​တော်​မူ​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ``အ​ကျွန်ုပ်​တို့​သည်​ထို​နတ်​ကို​အ​ဘယ် ကြောင့်​နှင်​ထုတ်​၍​မ​ရ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။- (ဤ​နတ်​မျိုး​ကို​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် နည်း​ဖြင့်​မျှ​နှင်​ထုတ်​၍​မ​ရ)'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​လိ​လဲ​ပြည် တွင်​လှည့်​လည်​နေ​ကြ​စဉ်​သ​ခင်​ယေ​ရှု​က ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။- သူ့​ကို​သတ်​ကြ​လိမ့်​မည်။ ထို​နောက်​သုံး​ရက်​မြောက် သော​နေ့​တွင်​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လွန်​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​ကြ​ကုန်​၏။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ​နောင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ​ဗိ​မာန်​တော်​အ​တွက်​အ​ခွန် ကောက်​ခံ​သူ​များ​သည်​လာ​၍​ပေ​တရု​အား ``သင်​၏ ဆ​ရာ​သည်​ဗိ​မာန်​တော်​ခွန်​ပေး​ဆောင်​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။ ပေ​တ​ရု​က ``ပေး​ဆောင်​ပါ​သည်'' ဟု​ဆို​၏။ ထို​နောက်​အိမ်​ထဲ​သို့​ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​မ​ပြော​မီ ``ရှိ​မုန်၊ သင် အ​ဘယ်​သို့​ထင်​မြင်​ပါ​သ​နည်း။ လော​ကီ​ဘု​ရင် တို့​သည်​မည်​သူ့​ထံ​မှ​အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ တိုင်း​ရင်း​သား​များ​ထံ​မှ လော။ နိုင်​ငံ​ခြား​သား​များ​ထံ​မှ​လော'' ဟု မေး​တော်​မူ​၏။ ပေ​တ​ရု​က ``နိုင်​ငံ​ခြား​သား​များ​ထံ​မှ​ကောက်​ခံ သည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သို့​ဖြစ် လျှင်​တိုင်း​ရင်း​သား​တို့​သည်​လွတ်​ငြိမ်း​ခွင့်​ရ ကြ​၏။- သို့​ရာ​တွင်​သူ​တို့​စိတ်​မ​နာ​သွား​စေ​ရန်​သင်​သည် အိုင်​သို့​သွား​၍​ငါး​ကို​မျှား​လော့။ အ​ဦး​မိ​သည့် ငါး​ပါး​စပ်​ကို​ဖွင့်​လော့။ ငွေ​ဒင်္ဂါး​တစ်​ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ​၍​သင်​နှင့်​ငါ့​အ​တွက် အ​ခွန်​တော်​ကို​သူ​တို့​အား​ပေး​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။

ရှင်မဿဲ 17:14-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် လူထု​ပရိသတ်​ရှိ​ရာ​သို့​ရောက်လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်တော်​ထံ ချဉ်းကပ်​လာ​၍ ရှေ့​တော်​၌ ဒူးထောက်​ကာ “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​ကို​သနား​တော်မူ​ပါ။ အကြောင်းမှာ သူ​သည် ဝက်ရူးပြန်​ရောဂါ​စွဲ​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ လဲကျ​တတ်​ပါ​၏။ သို့ဖြစ်၍ သူ့​ကို ကိုယ်တော်​၏​တပည့်​တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​သော်လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်းမာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူငယ်​ကို ငါ့​ထံ ဤ​နေရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို​ဆုံးမ​တော်မူ​လျှင် နတ်ဆိုး​သည် သူငယ်​အထဲမှ​ထွက်သွား​သဖြင့် သူငယ်​သည် ထို​အချိန်​မှစ၍ ကျန်းမာ​လာ​လေ​၏။ ထိုအခါ တပည့်​တော်​တို့​သည် သူတို့​ချည်း​သာ​ယေရှု​ထံသို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။ [သို့သော် ထို​နတ်​မျိုး​သည် ဆုတောင်း​ခြင်း​နှင့်​အစာရှောင်​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌​စုရုံး​နေ​ကြ​စဉ် ယေရှု​က“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​တော့မည်။ လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​ရာ တပည့်​တော်​တို့​သည် အလွန်​ဝမ်းနည်း​ကြ​၏။ ကပေရနောင်​မြို့​သို့ သူ​တို့​ရောက်ရှိ​လာ​ကြ​သောအခါ ဗိမာန်​တော်​ခွန်​ကောက်ခံ​သော​သူ​တို့​သည် ပေတရု​ထံသို့​လာ​၍ “သင်​တို့​၏​ဆရာ​သည် ဗိမာန်​တော်​ခွန်​ကို ပေးဆောင်​ပါ​သလော”​ဟု မေး​ကြ​၏။ ပေတရု​က “ပေးဆောင်​ပါ​သည်”​ဟု ဖြေ​ပြီးမှ အိမ်​ထဲသို့​ဝင်​လာ​ရာ ယေရှု​က“ရှိမုန်၊ သင်​မည်သို့​ထင်မြင်​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် မည်သူ့​ထံမှ အခွန်​အကောက်​များ​ကို ကောက်ခံ​ကြ​သနည်း။ မိမိ​တို့​၏​သား​များ​ထံမှ​လော​၊သို့မဟုတ် သူတစ်ပါး​တို့​ထံမှ​လော”​ဟု ပေတရု​ကို ဆီး​၍​မေး​တော်မူ​၏။ ပေတရု​က​လည်း “သူတစ်ပါး​တို့​ထံမှ​ကောက်ခံ​ပါ​သည်”ဟု လျှောက်​သော် ယေရှု​က“သို့ဖြစ်လျှင် သား​တို့​သည် ကင်းလွတ်​ခွင့်​ရ​ကြ​၏။ သို့သော် သူ​တို့​ကို​မ​မှားယွင်း​စေရန် ပင်လယ်​သို့​သွား​၍ ငါးမျှား​လော့။ ပထမ​ဦးဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါးစပ်​ကို​ဖွင့်​လျှင် သတာတဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အတွက် သူ​တို့​အား ပေးဆောင်​လော့”​ဟု မိန့်​တော်မူ​၏။