ကိုယ်တော်နှင့်တပည့်တော်တို့သည်ပရိသတ်ရှိရာ သို့ရောက်ကြလျှင် လူတစ်ယောက်သည်ရှေ့တော်သို့ လာရောက်ဒူးထောက်လျက်၊- ``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။- သူ့အားအရှင်၏တပည့်များထံသို့ခေါ်ဆောင်ခဲ့ သော်လည်းသူတို့သည်ရောဂါပျောက်အောင်မကု နိုင်ကြပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``သင်တို့သည်ယုံကြည်ခြင်းကင်း၍ လွန်စွာဖောက်ပြန်ကြပါတကား။ ငါသည်သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့အားသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံ သို့ခေါ်ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။- သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။ ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။- (ဤနတ်မျိုးကိုဆုတောင်းပတ္ထနာပြုခြင်းနှင့် အစာရှောင်ခြင်းမှတစ်ပါးအခြားအဘယ် နည်းဖြင့်မျှနှင်ထုတ်၍မရ)'' ဟုမိန့်တော်မူ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။- သူ့ကိုသတ်ကြလိမ့်မည်။ ထိုနောက်သုံးရက်မြောက် သောနေ့တွင်လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းလွန်စွာစိတ်မချမ်း မသာဖြစ်ကြကုန်၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရနောင်မြို့ သို့ရောက်ကြသောအခါဗိမာန်တော်အတွက်အခွန် ကောက်ခံသူများသည်လာ၍ပေတရုအား ``သင်၏ ဆရာသည်ဗိမာန်တော်ခွန်ပေးဆောင်ပါသလော'' ဟုမေးမြန်းကြ၏။ ပေတရုက ``ပေးဆောင်ပါသည်'' ဟုဆို၏။ ထိုနောက်အိမ်ထဲသို့ပေတရုဝင်လာသောအခါ သခင်ယေရှုသည်ပေတရုမပြောမီ ``ရှိမုန်၊ သင် အဘယ်သို့ထင်မြင်ပါသနည်း။ လောကီဘုရင် တို့သည်မည်သူ့ထံမှအခွန်အကောက်များကို ကောက်ခံကြသနည်း။ တိုင်းရင်းသားများထံမှ လော။ နိုင်ငံခြားသားများထံမှလော'' ဟု မေးတော်မူ၏။ ပေတရုက ``နိုင်ငံခြားသားများထံမှကောက်ခံ သည်'' ဟုလျှောက်၏။ သခင်ယေရှုက ``ထိုသို့ဖြစ် လျှင်တိုင်းရင်းသားတို့သည်လွတ်ငြိမ်းခွင့်ရ ကြ၏။- သို့ရာတွင်သူတို့စိတ်မနာသွားစေရန်သင်သည် အိုင်သို့သွား၍ငါးကိုမျှားလော့။ အဦးမိသည့် ငါးပါးစပ်ကိုဖွင့်လော့။ ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍သင်နှင့်ငါ့အတွက် အခွန်တော်ကိုသူတို့အားပေးဆောင်လော့'' ဟု မိန့်တော်မူ၏။
မဿဲ 17 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 17:14-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို