YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7:36-50

ရှင်လုကာ 7:36-50 Judson Bible (JBMLE)

ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ ထို​ဖာ​ရိ​ရှဲ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌​လျောင်း​တော်​မူ၏။- ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊- နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။- ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။ ယေ​ရှု​က​လည်း၊ အ​ချင်း​ရှိ​မုန်၊ သင့်​အား ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊- ယေ​ရှု​က၊ ဥ​စ္စာ​ရှင်​တစ်​ဦး၌ ကြွေး​စား​နှစ်​ဦး​ရှိ၏။ တစ်​ယောက်၌​ကား ဒေ​နာ​ရိ​အ​ပြား​ငါး​ရာ၊ တစ်​ယောက်၌​ကား ငါး​ဆယ်​ကြွေး​ရှိ၏။- သူ​တို့​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကြွေး​ရှင်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို အ​ချည်း​နှီး​လွှတ်၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ယောက်​တွင် အ​ဘယ်​သူ​သည် ကြွေး​ရှင်​ကို သာ၍ ချစ်​လိမ့်​မည်​နည်း​ဟု မေး​တော်​မူ၏။- ရှိ​မုန်​က​လည်း၊ သာ၍ ကျေး​ဇူး​ကို​ခံ​ရ​သော​သူ​သည် သာ၍​ချစ်​လိမ့်​မည် အ​ကျွန်ုပ်​ထင်​ပါ၏​ဟု လျှောက်​လျှင်၊ ယေ​ရှု​က၊ သင်​ထင်​သည်​အ​တိုင်း မှန်​ပေ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊- ထို​မိန်း​မ​ကို​လှည့်၍ ရှိ​မုန်​အား​လည်း၊ သင်​သည် ဤ​မိန်း​မ​ကို မြင်​သ​လော။ သင်၏​အိမ်​သို့ ငါ​ဝင်​သော် သင်​သည် ခြေ​ဆေး​ရေ​ကို​မ​ပေး။ ဤ​မိန်း​မ​မူ​ကား၊ ငါ့​ခြေ​ပေါ်​သို့ မျက်​ရည်​ကျ၍ မိ​မိ​ဆံ​ပင်​နှင့် သုတ်​လေ​ပြီ။- သင်​သည် ငါ့​ကို​မ​နမ်း၊ သူ​မူ​ကား၊ အိမ်​သို့​ဝင်​သော အ​ချိန်​မှ​စ၍ ငါ့​ခြေ​ကို နမ်း​လျက်​မ​စဲ​ဘဲ​နေ၏။- သင်​သည် ငါ့​ခေါင်း​ကို ဆီ​နှင့်​မ​လိမ်း။ သူ​မူ​ကား၊ ငါ့​ခြေ​ကို ဆီ​မွှေး​နှင့် လိမ်း​လေ​ပြီ။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​အား​လည်း၊ သင်​သည် အ​ပြစ်​တို့​နှင့် လွတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- စား​ပွဲ၌ လျောင်း​သော​သူ​တို့​က၊ အ​ပြစ်​ကို​လွှတ်​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု အောက်​မေ့​ကြ၏။- ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 7:36-50 Common Language Bible (BCL)

ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​မိ​မိ နှင့်​အ​တူ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ် ၏။ ကိုယ်​တော်​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍​စား ပွဲ​တွင်​ထိုင်​တော်​မူ​၏။- ထို​မြို့​တွင်​အ​ပြစ်​ကူး​သူ​အ​မျိုး​သမီး​တစ် ယောက်​ရှိ​၏။ သူ​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​တွင်​ကိုယ်​တော် ည​စာ​သုံး​ဆောင်​တော်​မူ​ကြောင်း​ကို​သိ​သော​အ​ခါ ဆီ​မွှေး​ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို​ယူ​ဆောင်​ပြီး လျှင် ကိုယ်​တော်​၏​နောက်​၌​ခြေ​တော်​ရင်း​တွင် ရပ်​လျက်​ငို​ယို​ကာ​နေ​၏။- သူ​၏​မျက်​ရည်​သည်​ကိုယ်​တော်​၏​ခြေ​များ အ​ပေါ်​သို့​ကျ​သည်​ရှိ​သော်​မိ​မိ​၏​ဆံ​ပင် ဖြင့်​သုတ်​၏။ ထို​နောက်​ထို​အ​မျိုး​သ​မီး​သည် ကိုယ်​တော်​၏​ခြေ​များ​ကို​နမ်း​ရှုပ်​ပြီး​လျှင် ဆီ​မွှေး​ဖြင့်​သုတ်​လိမ်း​လျက်​နေ​၏။- ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။- သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​အ​မျိုး​သ​မီး​၏​ဘက်​ကို​လှည့်​၍ ရှိ​မုန်​အား ``သင်​သည်​ဤ​အ​မျိုး​သ​မီး​ကို မြင်​သ​လော။ ငါ​သည်​သင်​၏​အိမ်​သို့​ဝင်​သော အ​ခါ သင်​သည်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့ ရာ​တွင်​သူ​သည်​မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို ဆေး​၍​ဆံ​ပင်​ဖြင့်​သုတ်​လေ​ပြီ။- သင်​သည်​ငါ့​ကို​မ​နမ်း။ ထို​အ​မျိုး​သ​မီး သည်​ဤ​အိမ်​သို့​ဝင်​ချိန်​မှ​စ​၍​ငါ​၏​ခြေ ကို​အ​ဆက်​မ​ပြတ်​နမ်း​လေ​ပြီ။- သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။- ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​အ​တူ​ည​စာ​စား​နေ​ကြ​သူ​တို့ သည် ``အ​ပြစ်​ကို​ပင်​ဖြေ​လွှတ်​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​က​ထို​အ​မျိုး​သ​မီး အား ``သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ကို​ကယ် တင်​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့'' ဟု​မိန့် တော်​မူ​၏။

ရှင်လုကာ 7:36-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။ ထိုအခါ ထို​မြို့​၌​နေ​သည့် အပြစ်​များ​သော​အမျိုးသမီး​တစ်​ဦး​သည် ဖာရိရှဲ​၏​အိမ်​တွင် ကိုယ်တော်​ထိုင်​၍​စားသောက်​နေ​ကြောင်း​သိ​သဖြင့် ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​တစ်​လုံး​ကို ယူဆောင်​လာ​ပြီးလျှင် ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။ ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။ ထိုအခါ ယေရှု​က“ရှိမုန်၊ သင့်​ကို ငါ​ပြော​စရာ​တစ်​ခု​ရှိ​၏”​ဟု မိန့်​တော်မူ​ရာ သူ​က “ပြော​ပါ ဆရာ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“ကြွေးရှင်​တစ်​ဦး​တွင် အကြွေးတင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေနာရိ​ငါးရာ၊ အခြား​တစ်​ဦး​သည် ဒေနာရိ​ငါးဆယ်​အကြွေး​တင်​၏။ သူ​တို့​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် ကြွေးရှင်​သည် နှစ်ဦးစလုံး​တို့​၏​အကြွေး​ကို လျှော်ပစ်​လိုက်​လေ​၏။ သို့ဖြစ်လျှင် ထို​သူ​နှစ်​ဦး​တွင် မည်သူ​သည် ကြွေးရှင်​ကို ပို၍​ချစ်​မည်နည်း”​ဟု မေး​တော်မူ​၏။ ရှိမုန်​က​လည်း “ပို၍​များ​သော​အကြွေး​ကို လျှော်ပစ်​ခြင်း​ခံရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်တော်​က“သင်​ယူဆ​သည့်​အတိုင်း​မှန်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။ သင်​သည် ငါ့​ကို​မ​နမ်း။ သို့သော် သူ​သည် ဝင်လာ​သည့်​အချိန်​မှစ၍ ငါ့​ခြေ​ကို​အဆက်မပြတ်​နမ်း​လျက်​နေ​၏။ သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့သော် သူ​သည် ငါ​၏​ခြေ​ကို ဆီမွှေး​ဖြင့်​လိမ်း​ပေး​၏။ ထို့ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များပြား​လှ​သော​အပြစ်​တို့​သည် ခွင့်လွှတ်​ခြင်း​ခံရ​ပြီ။ အကြောင်းမူကား သူ​သည် များစွာ​ချစ်​၏။ အနည်းငယ်​သာ​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​သည် အနည်းငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​အမျိုးသမီး​အား“သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထို​အမျိုးသမီး​အား“သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။