ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားမိမိ နှင့်အတူညစာသုံးဆောင်တော်မူရန်ပင့်ဖိတ် ၏။ ကိုယ်တော်သည်ဖာရိရှဲ၏အိမ်သို့ဝင်၍စား ပွဲတွင်ထိုင်တော်မူ၏။- ထိုမြို့တွင်အပြစ်ကူးသူအမျိုးသမီးတစ် ယောက်ရှိ၏။ သူသည်ဖာရိရှဲ၏အိမ်တွင်ကိုယ်တော် ညစာသုံးဆောင်တော်မူကြောင်းကိုသိသောအခါ ဆီမွှေးကျောက်ဖြူဘူးတစ်လုံးကိုယူဆောင်ပြီး လျှင် ကိုယ်တော်၏နောက်၌ခြေတော်ရင်းတွင် ရပ်လျက်ငိုယိုကာနေ၏။- သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။- ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။ ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``ငွေချေးစားသူတစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးကငွေဒင်္ဂါး ငါးရာ၊ အခြားတစ်ဦးကငါးဆယ်အကြွေး တင်၏။- သူတို့သည်အကြွေးမဆပ်နိုင်သဖြင့်ကြွေးရှင် သည် ထိုသူနှစ်ဦးလုံး၏အကြွေးအားလုံးကို လျှော်ပစ်လိုက်၏။ ထိုသူနှစ်ဦးအနက်အဘယ် သူသည် ကြွေးရှင်ကိုပို၍မေတ္တာရှိလိမ့်မည် နည်း'' ဟုမေးတော်မူ၏။ ရှိမုန်က ``ငွေပို၍လျှော်ပစ်ခြင်းခံရသူသည် ပို၍မေတ္တာရှိမည်ထင်ပါသည်'' ဟုလျှောက်၏။ ကိုယ်တော်က ``သင့်ယူဆချက်သည်မှန်ပေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။- သင်သည်ငါ့ကိုမနမ်း။ ထိုအမျိုးသမီး သည်ဤအိမ်သို့ဝင်ချိန်မှစ၍ငါ၏ခြေ ကိုအဆက်မပြတ်နမ်းလေပြီ။- သင်သည်ငါ၏ခေါင်းကိုဆီဖြင့်မလိမ်း။ သူမူကား ငါ၏ခြေကိုဆီမွှေးဖြင့်လိမ်းလေပြီ။ ထိုကြောင့်သင့် အားငါဆိုသည်ကား ဤအမျိုးသမီးသည်များစွာ သောအပြစ်တို့မှပြေလွတ်လေပြီ။- ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်က ``သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုအမျိုးသမီးအားမိန့်တော်မူ၏။ ကိုယ်တော်နှင့်အတူညစာစားနေကြသူတို့ သည် ``အပြစ်ကိုပင်ဖြေလွှတ်သောဤသူကား အဘယ်သူနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။
လုကာ 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 7:36-50
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ