ရှင်လုကာ 20:20-40
ရှင်လုကာ 20:20-40 Judson Bible (JBMLE)
ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကို ချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုတို့ကို အထံတော်သို့ စေလွှတ်ကြ၏။- ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။- အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက်ကြ၏။- ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။- ဒေနာရိ တစ်ပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊- ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊- အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။- ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။- နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ကြပြီဟု လျှောက်ကြ၏။ ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။- နောင်ဘဝကိုလည်းကောင်း၊ သေခြင်းမှ ထမြောက်ခြင်းကိုလည်းကောင်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။- သေခြင်းနှင့် အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သား ဖြစ်သောကြောင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- ထိုမှတစ်ပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဖော်ပြခဲ့ပြီ။- ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။- ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။- နောက်တစ်ဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ။
ရှင်လုကာ 20:20-40 Common Language Bible (BCL)
ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။- သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။- အကျွန်ုပ်တို့သည်ကဲသာဘုရင်အားအခွန် ဆက်အပ်သလော၊ မဆက်အပ်သလော'' ဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။- ``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။ ကိုယ်တော်က ``ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အားဆက်ကြလော့။ ဘုရားသခင် ပိုင်သည့်အရာကိုဘုရားသခင်အားဆက်ကြ လော့'' ဟုမိန့်တော်မူ၏။ သူတို့သည်လူတို့ရှေ့၌ကိုယ်တော်၏စကား တွင်အမှားရှာ၍မရသဖြင့် ကိုယ်တော်ဖြေ ကြားတော်မူပုံကိုအံ့သြလျက်ဆိတ်ဆိတ် နေကြ၏။ ထို့နောက်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့ချဉ်းကပ်ကြ၏။ သူတို့ကားသေခြင်းမှ လူတို့ရှင်ပြန်ထမြောက်ခြင်းမရှိဟုယုံ ကြည်သူများဖြစ်ကြ၏။- သူတို့က ``ဆရာတော် `တစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင် ကျန်ခဲ့ သည့်ဇနီးကိုညီဖြစ်သူကဆက်ခံထိမ်းမြား ရမည်။ အစ်ကို၏အမျိုးအနွယ်ကိုသူ၏ ကိုယ်စားတိုးပွားစေရမည်' ဟုအကျွန်ုပ်တို့ အားမောရှေမိန့်မှာခဲ့ပါသည်။- အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိ ပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော် လည်းသားသမီးမရ။- ထိုသူသေသွားသောအခါသူ့ညီအကြီးဆုံး သည်မရီးဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထို ညီသည်သားသမီးမရဘဲသေပြန်၏။- ဒုတိယညီသည်လည်းထိုအမျိုးသမီးကို သိမ်းပိုက်၏။ ထိုနည်းတူစွာညီအစ်ကိုခုနစ် ယောက်စလုံးသားသမီးမရဘဲသေသွား ကြ၏။- နောက်ဆုံး၌အမျိုးသမီးသည်လည်းသေ၏။- ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက်ခဲ့ ကြသည်ဖြစ်၍သေခြင်းမှထမြောက်ရာနေ့တွင် ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``ဤဘဝ၌လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုပြုတတ်ကြ၏။- သို့ရာတွင်သေခြင်းမှရှင်ပြန်ထမြောက်၍ တမလွန်သို့ဝင်ထိုက်သောသူတို့မူကား ထိမ်းမြားစုံဖက်ခြင်းကိုမပြုကြကုန်။- သူတို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ် သဖြင့်သေနိုင်ကြမည်မဟုတ်။ သူတို့သည် သေခြင်းမှရှင်ပြန်ထမြောက်စေသူများဖြစ် သောကြောင့်ဘုရားသခင်၏သားများဖြစ် ကြ၏။ ``မီးလျှံထွက်သည့်ချုံအကြောင်းကိုဖော်ပြရာ တွင်မောရှေက `ထာဝရဘုရားသည်အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်' ဟုဆို၏။ သို့ဆိုရာ၌သေလွန်သော သူတို့ရှင်ပြန်ထမြောက်ကြောင်းကိုဖော်ပြ ခြင်းပင်ဖြစ်၏။- ထိုသူတို့သည်ကိုယ်တော်ရှေ့တော်၌ ထာဝရ ကာလပတ်လုံးအသက်ရှင်သူများဖြစ်ကြ သဖြင့် ထာဝရဘုရားသည်သေလွန်သူတို့ ၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ ဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။ ကျမ်းတတ်ဆရာအချို့တို့သည်ထပ်မံ၍ ကိုယ်တော်အားမမေးမလျှောက်ဝံ့ကြ။ သူ တို့သည် ``ဆရာတော်၊ အရှင်မိန့်တော်မူသော စကားတို့သည်လျောက်ပတ်ပါသည်'' ဟု လျှောက်ထားကြ၏။
ရှင်လုကာ 20:20-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။ ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။ ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍ “ငါ့ကို ဒေနာရိတစ်ပြားပြကြလော့။ ၎င်းတွင် မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာပါသနည်း”ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့် ကမ္ပည်းစာပါပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။ ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲအချို့တို့သည် ချဉ်းကပ်လာ၍ “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ဖွားစေရန် ထိုမိန်းမကိုယူရမည်ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။ တစ်ခါက ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး သားသမီးမထွန်းကားဘဲသေဆုံးသွားပါသည်။ ထိုအခါ ဒုတိယညီ၊ ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။ သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“မျက်မှောက်ကာလ၏သားသမီးတို့သည် ထိမ်းမြားစုံဖက်၍ ပေးစားဆောင်နှင်းတတ်ကြ၏။ သို့သော် တမလွန်ကာလသို့ဝင်စားရန်နှင့် သေသောသူတို့ထဲမှရှင်ပြန်ထမြောက်ရန် ထိုက်တန်သည်ဟုမှတ်ယူခြင်းခံရသောသူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိ။ နောက်တစ်ဖန် သေသည်ဟူ၍လည်းမရှိနိုင်ကြ။ အကြောင်းမူကား သူတို့သည် ကောင်းကင်တမန်များနှင့်တူကြ၏။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏သားများလည်းဖြစ်ကြ၏။ မောရှေသည်လည်း ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား’ဟုခေါ်၍ သေလွန်သောသူတို့၏ထမြောက်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်လျက်ရှိကြ၏”ဟု မိန့်တော်မူ၏။ ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဆရာ၊ ဆရာသည် လျောက်ပတ်စွာဖြေကြားလေပြီ”ဟု လျှောက်ကြ၏။ ထိုအချိန်မှစ၍ သူတို့သည် ကိုယ်တော်အား မည်သည့်အရာကိုမျှ မမေးဝံ့တော့ချေ။