YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 20:20-40

ရှင်လုကာ 20:20-40 JBMLE

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။- ထို​သူ​လျှို​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျက်​နှာ​ကို မ​ထောက်​ဘဲ ဖြောင့်​မတ်​စွာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။- အ​ကျွန်ုပ်​တို့​သည် ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော​ဟု မေး​လျှောက်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ပ​ရိ​ယာယ်​ကို သိ​မှတ်​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။- ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် လူ​များ​ရှေ့​တွင် စ​ကား​တော်၌ အ​ပြစ်​မ​တွေ့​နိုင်​သ​ဖြင့် ပြန်​ပြော​တော်​မူ​သော စ​ကား​ကို အံ့​ဩ၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟု ငြင်း​ခုံ​တတ်​သော ဇ​ဒ္ဒု​ကဲ​အ​ချို့​သည်​လည်း အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊- အ​ရှင်​ဘု​ရား၊ မ​ယား​ရှိ​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို အ​မျိုး​မ​ပြတ်​ဆက်​နွယ်​စေ​ဟု အ​ကျွန်ုပ်​တို့​အား မော​ရှေ​စီ​ရင်​ပါ​ပြီ။- ညီ​အစ်​ကို ခု​နစ်​ယောက်​ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​လျှင်၊- သူ၏​မ​ယား​ကို သူ့​ညီ​အ​ကြီး​သိမ်း​ယူ၍ သား​မ​ရှိ​ဘဲ သေ​ပြန်​လေ၏။- ထို​အ​တူ တ​တိ​ယ​သူ​မှ​စ၍ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍ သား​ကို မ​ကျန်​ရစ်​စေ​ဘဲ သေ​ကြ၏။- နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။- သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ ထို​မိန်း​မ​သည် အ​ဘယ်​သူ၏​မ​ယား ဖြစ်​ရ​ပါ​မည်​နည်း။ ထို​သူ​ခု​နစ်​ယောက်​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ကြ​ပြီ​ဟု လျှောက်​ကြ၏။ ယေ​ရှု​က​လည်း၊ ယ​ခု ဘ​ဝ​သား​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို ပြု​တတ်​ကြ၏။- နောင်​ဘ​ဝ​ကို​လည်း​ကောင်း၊ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​ကို​လည်း​ကောင်း ရ​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု​တတ်​ကြ။- သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်၍ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​သည်​သာ​မ​က၊ ထ​မြောက်​ခြင်း၏​သား ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။- ထို​မှ​တစ်​ပါး၊ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဟု ချုံ​ခဏ်း​၌ ခေါ်​ဝေါ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ကြောင်း​ကို ဖော်​ပြ​ခဲ့​ပြီ။- ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏​ဘု​ရား မ​ဟုတ်။ အ​သက်​ရှင်​သော​သူ​တို့၏​ဘု​ရား ဖြစ်​တော်​မူ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၌ အ​သက်​ရှင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​စ​ကား​သည် လျောက်​ပတ်​ပါ၏​ဟု လျှောက်​ကြ၏။- နောက်​တစ်​ဖန် အ​လျှင်း​မ​မေး​မ​လျှောက်​ဝံ့​ကြ။

ရှင်လုကာ 20:20-40 အကြောင်း ဗီဒီယိုများ