YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:1-27

ရှင်လုကာ 19:1-27 Judson Bible (JBMLE)

ယေ​ရှု​သည် ယေ​ရိ​ခေါ​မြို့​သို့ ဝင်၍ လျှောက်​သွား​တော်​မူ၏။- ထို​အ​ခါ ဇ​က္ခဲ​အ​မည်​ရှိ​သော အ​ခွန်​ခေါင်း​တစ်​ယောက် ရှိ၏။ ထို​သူ​သည် ငွေ​ရ​တတ်​သော​သူ​ဖြစ်၏။- ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။- ထို​ကြောင့် ကြွ​တော်​မူ​မည့်​လမ်း​တွင် ရှေ့​သို့​ပြေး၍ ကိုယ်​တော်​ကို မြင်​အံ့​သော​ငှာ သ​ဖန်း​ပင်​တစ်​ပင်​ကို တက်​လေ၏။- ထို​အ​ရပ်​သို့ ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ မျှော်​ကြည့်၍ ထို​သူ​ကို မြင်​တော်​မူ​လျှင်၊- ဇ​က္ခဲ၊ မြန်​မြန်​ဆင်း​လော့။ သင်၏​အိမ်၌ ယ​နေ့ ငါ​တည်း​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဇ​က္ခဲ​သည် အ​လျင်​အ​မြန်​ဆင်း၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ကိုယ်​တော်​ကို မိ​မိ​အိမ်၌ ဧည့်​ခံ​လေ၏။- ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။- လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​မည်​ဟု လူ​များ​ထင်​မှတ်​သော​ကြောင့်၊ ပ​ရိသတ်​အ​လယ်၌ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊- အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။- မ​သွား​မီ မိ​မိ​ငယ်​သား​တစ်​ကျိပ်​ကို ခေါ်၍၊ ငွေ​တစ်​ပိဿာ စီ​အပ်​ပေး​လျက် ငါ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ကုန်​သွယ်​ခြင်း​အ​မှု​ကို ပြု​ကြ​လော့​ဟု မှာ​ထား​လေ၏။- ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။- ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။ ပ​ထ​မ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် အ​ခွက်​တစ်​ဆယ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- ဒု​တိ​ယ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် ငါး​ပိဿာ​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊- ကိုယ်​မ​သို​မ​ထား​သော ဥ​စ္စာ​ကို​သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော လယ်၌ ရိတ်​တတ်​သည်​ကို အ​ကျွန်ုပ်​ထောက်၍ ကိုယ်​တော်​ကို ကြောက်​ပါ​သည်​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ ဆိုး​ညစ်​သော​ငယ်​သား၊ သင်၏ စ​ကား​ကို​သာ​လိုက်၍ သင်၏​အ​မှု​ကို ငါ​စီ​ရင်​မည်။ ငါ​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​လျက် ကိုယ်​မ​သို​မ​ထား​သော​ဥ​စ္စာ​ကို သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော​လယ်၌ ရိတ်​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊- အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။- အ​ခြွေ​အ​ရံ​တို့​က​လည်း၊ သ​ခင်၊ ထို​သူ၌ အ​ခွက်​တစ်​ဆယ်​ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊ ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။- ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 19:1-27 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​ကို​ဖြတ်​၍ ကြွ​တော်​မူ​၏။- ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။- သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။- ထို့​ကြောင့်​ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန်​ကြွ​တော် မူ​မည့်​လမ်း​အ​တိုင်း​ရှေ့​သို့​ပြေး​၍ သ​ဖန်း​ပိုး စာ​ပင်​ပေါ်​ကို​တက်​၏။- ကိုယ်​တော်​သည်​ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော်​၍​ကြည့်​တော်​မူ​ပြီး​လျှင် ``ဇက္ခဲ၊ အ​မြန်​ဆင်း ခဲ့​လော့။ ယ​နေ့​သင်​၏​အိမ်​တွင်​ငါ​တည်း​ခို​မည်'' ဟု မိန့်​တော်​မူ​၏။ ဇက္ခဲ​သည်​သစ်​ပင်​ပေါ်​မှ​အ​မြန်​ဆင်း​၍ ကိုယ်​တော်​အား​ဝမ်း​မြောက်​စွာ​ကြို​ဆို​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ က ``ထို​သူ​သည်​အ​ပြစ်​ကူး​သူ​တစ်​ယောက်​၏ အိမ်​တွင်​တည်း​ခို​ရန်​သွား​လေ​ပြီ​တ​ကား'' ဟု ညည်း​ညူ​ကြ​၏။ ဇက္ခဲ​သည်​ရပ်​လျက်​သ​ခင်​ဘု​ရား​အား ``အ​ရှင်၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို​ဆင်း​ရဲ​သူ တို့​အား​ပေး​ကမ်း​ပါ​မည်။ အ​ကယ်​၍​အ​ကျွန်ုပ် သည်​လူ​တစ်​စုံ​တစ်​ယောက်​ထံ​မှ မ​တ​ရား တောင်း​ယူ​ထား​မိ​သော​ငွေ​ရှိ​ပါ​လျှင် ထို​ငွေ ၏​လေး​ဆ​ကို​ပြန်​၍​ပေး​ပါ​မည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ဤ​သူ​သည်​လည်း​အာ​ဗြ​ဟံ ၏​သား​မြေး​ဖြစ်​သ​ဖြင့်​ကယ်​တင်​ခြင်း​ကျေး​ဇူး သည်​ယ​နေ့​ပင်​ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။- လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။- ခ​ရီး​မ​ပြု​မီ​မိ​မိ​၏​အ​စေ​ခံ​ဆယ်​ယောက်​ကို ခေါ်​ယူ​ကာ `ငါ​ပြန်​လာ​သည်​အ​ထိ​ကုန်​သွယ် လျက်​နေ​ကြ​လော့' ဟု​ဆို​၍​ရွှေ​ဒင်္ဂါး​တစ်​ပြား စီ​ပေး​၏။- သို့​ရာ​တွင်​သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​ကြ​သ​ဖြင့် `ထို​သူ​၏​အ​အုပ်​အ​ချုပ် ကို​ငါ​တို့​မ​ခံ​လို' ဟု​စေ​တ​မန်​များ​ကို​သူ့ နောက်​သို့​လွှတ်​၍​လျှောက်​ထား​စေ​၏။ ထို​သူ​ကား​ဘု​ရင်​အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​၏။ သူ​သည်​ချက်​ချင်း​ပင်​မိ​မိ​ရင်း​နှီး​ငွေ​ပေး​ခဲ့​သည့် အ​စေ​ခံ​များ​ကို ကုန်​သွယ်​၍​အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို​သိ​လို​သ​ဖြင့်​သူ​တို့​အား ဆင့်​ခေါ်​၏။- ပ​ထ​မ​အ​စေ​ခံ​သည်​လာ​၍`အ​ရှင်၊ အ​ရှင်​ပေး ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ဆယ်​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။- မင်း​ကြီး​က `ကောင်း​လေ​စွ၊ သင်​သည်​အ​စေ​ခံ ကောင်း​တစ်​ယောက်​ဖြစ်​ပေ​၏။ သေး​ငယ်​သော​အ​မှု တွင်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့် သင့်​အား​ငါ​သည်​မြို့ ကြီး​ဆယ်​မြို့​ကို​အ​ပိုင်​စား​ပေး​၏' ဟု​မိန့်​တော် မူ​၏။- ဒု​တိ​ယ​အ​စေ​ခံ​သည်​လည်း​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ငါး​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။- မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။- အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။- အ​ရှင်​သည်​ခက်​ထန်​သူ​ဖြစ်​သ​ဖြင့်​အ​ရှင့် အား​ကျွန်ုပ်​ကြောက်​ရွံ့​ပါ​၏။ အ​ရှင်​သည်​မိ​မိ မ​ပိုင်​သည့်​အ​ရာ​ကို​သိမ်း​ယူ​တတ်​ပါ​၏။ မိ​မိ မ​စိုက်​မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း တတ်​ပါ​၏' ဟု​လျှောက်​၏။- မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။- ငါ​ပေး​သည့်​ငွေ​ကို​ငါ​ပြန်​လာ​ချိန်​အ​တိုး​နှင့် တ​ကွ​ပြန်​လည်​ပေး​ဆပ်​နိုင်​ရန်​အ​ဘယ်​ကြောင့် ဘဏ်​တွင်​အပ်​နှံ​၍​မ​ထား​သ​နည်း' ဟု​မေး​၏။- အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။- လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။- မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။- ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 19:1-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် ဂျေရိခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်မူ​၏။ ထို​အရပ်​တွင် ဇက္ခဲ​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အခွန်​ကောက်ခံ​သူ​တို့​၏​အကြီးအကဲ​ဖြစ်​ပြီး ချမ်းသာ​သော​သူ​ဖြစ်​၏။ သူ​သည် ယေရှု​မည်သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုးစား​သော်လည်း အရပ်​ပု​သောကြောင့် လူထု​ပရိသတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။ ထို့ကြောင့် သူ​သည် ကိုယ်တော်​ကို​တွေ့မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သဖန်းပိုးစာ​ပင်​ပေါ်သို့​တက်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ထို​နေရာ​ကို​ဖြတ်​သွား​တော့မည်​ဖြစ်​၏။ ယေရှု​သည် ထို​နေရာ​သို့​ရောက်​သောအခါ မော့ကြည့်​လျက်“ဇက္ခဲ၊ သင့်​အိမ်​တွင် ယနေ့ ငါ​တည်းခို​ရ​မည်​ဖြစ်၍ အမြန်​ဆင်း​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ ဇက္ခဲ​သည်​အမြန်​ဆင်း​လာ​၍ ကိုယ်တော်​ကို ဝမ်းမြောက်​စွာ လက်ခံ​ကြိုဆို​၏။ ဤ​အခြင်းအရာ​ကို မြင်​သော​သူ​အပေါင်း​တို့​က “ကိုယ်တော်​သည် အပြစ်သား​၏​အိမ်​သို့​ဝင်​၍​တည်းခို​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။ ဇက္ခဲ​သည်​ရပ်​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တို့​အား​ပေး​ပါ​မည်။ ထို့ပြင် တစ်စုံတစ်ဦး​ထံမှ တစ်စုံတစ်ရာ​ကို မတရား​တောင်းခံ​ထား​သည်​ဆိုလျှင် လေးဆ​ပြန်​ပေး​ပါ​မည်”​ဟု သခင်​ဘုရား​အား​လျှောက်​လေ​၏။ ယေရှု​က​လည်း“ယနေ့​ပင် ကယ်တင်​ခြင်း​သည် ဤ​အိမ်​ပေါ်သို့​သက်ရောက်​လေ​ပြီ။ အကြောင်းမူကား သူ​သည်​လည်း အာဗြဟံ​၏​သား​ဖြစ်​၏။ အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဤ​အကြောင်းအရာ​တို့​ကို နားထောင်​နေ​သော​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​ကို​ထပ်မံ​၍​ပေး​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​သဖြင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ချက်ချင်း​ပေါ်ထွန်း​လာ​မည်​ဟု သူ​တို့​ထင်မှတ်​ကြ​သောကြောင့်​ဖြစ်​၏။ ကိုယ်တော်​က“မြင့်မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး​ပြန်လာ​ရန် ဝေးလံ​သော​တိုင်းပြည်​သို့ ခရီး​သွား​လေ​၏။ ခရီး​မ​ပြု​မီ မိမိ​၏​အစေအပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိနာ့​ပေး​လျက် ‘ငါ​ပြန်လာ​သည်​အထိ စီးပွား​ရှာ​ကြ​လော့’​ဟု မှာထား​ခဲ့​၏။ သို့သော် သူ​၏​ပြည်သူ​ပြည်သား​တို့​သည် သူ့​ကို​မုန်း​သဖြင့် သူ့​နောက်မှ သံတမန်​ကို​စေလွှတ်​၍ ‘အကျွန်ုပ်​တို့​အပေါ် ဤ​သူ​အုပ်ချုပ်​မည်​ကို အကျွန်ုပ်​တို့​အလို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။ ထို့နောက် သူ​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး ပြန်လာ​သောအခါ ငွေ​ပေး​ထား​ခဲ့​သော​အစေအပါး​တို့​သည် စီးပွား​ရှာ​၍ အမြတ်​မည်မျှ​ရ​ကြ​သည်​ကို သိရှိ​နိုင်​မည့်​အကြောင်း သူ​တို့​ကို မိမိ​ထံသို့​ခေါ်​လာ​ရန် အမိန့်​ရှိ​၏။ ပထမ​တစ်​ဦး​သည် လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ဆယ်​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘ကောင်းလေစွ။ အစေအပါး​ကောင်း၊ သင်​သည် သေးငယ်​သော​အမှု​၌ သစ္စာရှိ​သောကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​လေ​၏။ ဒုတိယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ငါး​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​၏။ ထို့နောက် အခြား​တစ်​ဦး​သည်​လာ​၍ ‘သခင်၊ ကြည့်​ပါ။ ပဝါ​ထဲ၌ အကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သခင်​၏​ငွေ​တစ်​မိနာ့​ရှိ​ပါ​သည်။ သခင်​သည် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ပြီး မိမိ​မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​လျက် မိမိ​မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သောကြောင့် အကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် အဘယ်ကြောင့် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ မ​အပ်ထား​သနည်း။ အပ်ထားလျှင် ငါ​ပြန်လာ​သောအခါ ၎င်း​ကို အတိုး​နှင့်တကွ ငါ​ရရှိ​ခဲ့​ပေ​လိမ့်မည်’​ဟု ဆို​လေ​၏။ ထို့နောက် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိနာ့​ကို သူ့​ထံမှ​ယူ​၍ ငွေ​ဆယ်​မိနာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။ သူ​တို့​က​လည်း ‘သခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိနာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင် သခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။