သခင်ယေရှုသည်ယေရိခေါမြို့ကိုဖြတ်၍ ကြွတော်မူ၏။- ထိုအရပ်တွင်ဇက္ခဲနာမည်ရှိသောအကောက်ခွန် မှူးတစ်ယောက်ရှိ၏။ သူသည်ချမ်းသာကြွယ်ဝသူ ဖြစ်၏။- သခင်ယေရှုကားအဘယ်သူဖြစ်သည်ကိုတွေ့ မြင်လိုသဖြင့်ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ် များကွယ်လျက်နေသဖြင့်ကိုယ်တော်ကိုမမြင် နိုင်။- ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။- ကိုယ်တော်သည်ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် ``ဇက္ခဲ၊ အမြန်ဆင်း ခဲ့လော့။ ယနေ့သင်၏အိမ်တွင်ငါတည်းခိုမည်'' ဟု မိန့်တော်မူ၏။ ဇက္ခဲသည်သစ်ပင်ပေါ်မှအမြန်ဆင်း၍ ကိုယ်တော်အားဝမ်းမြောက်စွာကြိုဆို၏။- ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။ ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။ သခင်ယေရှုက ``ဤသူသည်လည်းအာဗြဟံ ၏သားမြေးဖြစ်သဖြင့်ကယ်တင်ခြင်းကျေးဇူး သည်ယနေ့ပင်ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။- လူသားသည်ပျောက်ဆုံးသူများကိုရှာရန် နှင့်ကယ်တင်ရန်ကြွလာသတည်း'' ဟုဇက္ခဲ အားမိန့်တော်မူ၏။ ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ဘုရားသခင်၏နိုင်ငံ တော်ပေါ်ထွန်းတော့မည်ဟုထင်မှတ်ကြ သောကြောင့် အထက်တရားစကားများ ကိုကြားနာနေသူတို့အား ပုံဥပမာဆောင် ၍ ``မင်းညီမင်းသားတစ်ပါးသည်ရှင်ဘုရင် အရာကိုခံယူ၍ပြန်လာရန်တိုင်းတစ်ပါး သို့သွား၏။- ခရီးမပြုမီမိမိ၏အစေခံဆယ်ယောက်ကို ခေါ်ယူကာ `ငါပြန်လာသည်အထိကုန်သွယ် လျက်နေကြလော့' ဟုဆို၍ရွှေဒင်္ဂါးတစ်ပြား စီပေး၏။- သို့ရာတွင်သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းကြသဖြင့် `ထိုသူ၏အအုပ်အချုပ် ကိုငါတို့မခံလို' ဟုစေတမန်များကိုသူ့ နောက်သို့လွှတ်၍လျှောက်ထားစေ၏။ ထိုသူကားဘုရင်အရာကိုခံယူ၍ပြန်လာ၏။ သူသည်ချက်ချင်းပင်မိမိရင်းနှီးငွေပေးခဲ့သည့် အစေခံများကို ကုန်သွယ်၍အဘယ်မျှလောက် အမြတ်ရသည်ကိုသိလိုသဖြင့်သူတို့အား ဆင့်ခေါ်၏။- ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။- မင်းကြီးက `ကောင်းလေစွ၊ သင်သည်အစေခံ ကောင်းတစ်ယောက်ဖြစ်ပေ၏။ သေးငယ်သောအမှု တွင်သစ္စာရှိသူဖြစ်သဖြင့် သင့်အားငါသည်မြို့ ကြီးဆယ်မြို့ကိုအပိုင်စားပေး၏' ဟုမိန့်တော် မူ၏။- ဒုတိယအစေခံသည်လည်းလာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ငါးပြား ရပါသည်' ဟုလျှောက်၏။- မင်းကြီးက `သင့်အားလည်းမြို့ကြီးငါးမြို့ ကိုအပိုင်စားပေး၏' ဟုဆို၏။- အခြားသောအစေခံသည်လာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးဤမှာရှိပါ၏။ ထိုငွေကို အကျွန်ုပ်သည်အဝတ်ဖြင့်ထုပ်၍သိမ်းဆည်း ထားပါ၏။- အရှင်သည်ခက်ထန်သူဖြစ်သဖြင့်အရှင့် အားကျွန်ုပ်ကြောက်ရွံ့ပါ၏။ အရှင်သည်မိမိ မပိုင်သည့်အရာကိုသိမ်းယူတတ်ပါ၏။ မိမိ မစိုက်မပျိုးသည့်အသီးအနှံကိုရိတ်သိမ်း တတ်ပါ၏' ဟုလျှောက်၏။- မင်းကြီးက `အချင်းအစေခံဆိုး၊ သင့်နှုတ်ထွက် စကားအတိုင်းသင့်ကိုငါစီရင်မည်။ ငါသည် ခက်ထန်သူဖြစ်၍မိမိမပိုင်သည့်အရာကို သိမ်းယူတတ်သည်ကိုလည်းကောင်း၊ မိမိမစိုက် မပျိုးသည့်အသီးအနှံကိုရိတ်သိမ်းတတ် သည်ကိုလည်းကောင်းသိပါလျက်နှင့်။- ငါပေးသည့်ငွေကိုငါပြန်လာချိန်အတိုးနှင့် တကွပြန်လည်ပေးဆပ်နိုင်ရန်အဘယ်ကြောင့် ဘဏ်တွင်အပ်နှံ၍မထားသနည်း' ဟုမေး၏။- အနီးတွင်ရပ်နေသူများအားမင်းကြီးက `ထို သူထံမှရွှေဒင်္ဂါးကိုယူ၍ရွှေဒင်္ဂါးဆယ်ပြား ရှိသူအားပေးကြလော့' ဟုမိန့်တော်မူလျှင်။- လူတို့က `အရှင်ထိုသူထံတွင်ရွှေဒင်္ဂါးဆယ် ပြားရှိပြီးဖြစ်ပါ၏' ဟုလျှောက်ကြ၏။- မင်းကြီးက `သင်တို့အားငါဆိုသည်ကား ကြွယ်ဝချမ်းသာသောသူအားထပ်၍ပေးဦး မည်။ ဆင်းရဲသောသူထံမှရှိသမျှကိုပင် သိမ်းယူမည်။- ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
လုကာ 19 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 19:1-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ