YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 32:36-44

ယေရမိ 32:36-44 Judson Bible (JBMLE)

သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​အား​ဖြင့် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ရောက်​မည်​ဟု သင်​တို့​ဆို​တတ်​သော ဤ​မြို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​မျက်​ဟုန်း​ဟုန်း​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​သည်​နှင့်၊ သူ​တို့​ကို​နှင်​ထုတ်​ရာ တိုင်း​ပြည်​ရှိ​သ​မျှ​တို့​မှ၊ တစ်​ဖန်​စု​သိမ်း၍ ဤ​အ​ရပ်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ငြိမ်​ဝပ်​စွာ​နေ​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။ သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။ သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ပေါ်​မှာ ကြီး​စွာ​သော ဤ​ဘေး​ဥ​ပဒ်​အ​ပေါင်း​ကို ရောက်​စေ​သည်​နည်း​တူ၊ ငါ​က​တိ​ထား​သော ကောင်း​ကျိုး​အ​ပေါင်း​ကို​လည်း ငါ​ရောက်​စေ​မည်။ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။ ဗင်္ယာ​မိန်​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​တွင်​ရှိ​သော မြို့​တို့၌​လည်း​ကောင်း၊ တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့​တို့၌​လည်း​ကောင်း၊ လူ​တို့​သည် လယ်​ယာ​တို့​ကို ငွေ​နှင့်​ဝယ်​ခြင်း၊ စာ​ချုပ်​ကို​စီ​ရင်​ခြင်း၊ တံ​ဆိပ်​ခတ်​ခြင်း၊ သက်​သေ​တို့​ကို​ခေါ်​ထား​ခြင်း အ​မှု​များ​ကို​ပြု​မြဲ​ပြု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေရမိ 32:36-44 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ ဤ​မြို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဗာ​ဗု​လုန် ဘု​ရင်​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည် ဟု​ပြည်​သူ​တို့​ပြော​ဆို​နေ​ကြ​၏။ နောက်​ထပ် ငါ​မိန့်​မှာ​ရန်​ရှိ​သည့်​စ​ကား​ကို​ယ​ခု​နား ထောင်​လော့။- ငါ​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက် ၍​ထို​သူ​တို့​အား​ကွဲ​လွင့်​စေ​ခဲ့​သည့်​တိုင်း နိုင်ငံ​များ​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို​နောက် သူ​တို့​ကို​ဤ​အ​ရပ်​သို့​ပြန်​လည်​ခေါ်​ဆောင် ကာ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​စေ​မည်။- ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။- ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​အ​ကျိုး၊ နောင် လာ​နောက်​သား​တို့​၏​အ​ကျိုး​ငှာ​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​အ​သက်​ရှင်​စေ​မည်။ ထို​ရည်​ရွယ်​ချက်​မှာ​ငါ့​ကို​အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​ရန်​ပင်​ဖြစ်​သည်။- ငါ​သည်​သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​ထာ​ဝ​စဉ်​ကောင်း​ကျိုး​ပေး​မည်။ သူ တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ့​ကို​မ​စွန့် မ​ပယ်​စေ​ကြ​စေ​ရန် သူ​တို့​၏​နှ​လုံး​တွင်​ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​သ​ဘော​ကို ငါ​ရ​ရှိ​စေ​မည်။- သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။ ``ငါ​သည်​ဤ​ဘေး​အန္တ​ရာယ်​ဆိုး​ကို သူ​တို့ အ​ပေါ်​သို့​သက်​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ တို့​အား​ငါ​က​တိ​ရှိ​ခဲ့​သည့်​ကောင်း​ကျိုး ချမ်း​သာ​မှန်​သ​မျှ​ကို​ခံ​စား​စေ​မည်။- ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။- လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။

ယေရမိ 32:36-44 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ‘ဤ​မြို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဘေဘီလုံ​ဘုရင်​လက်​သို့ ရောက်​ရ​လိမ့်မည်’​ဟု သင်​တို့​ဆို​သော ဤ​မြို့​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ပြင်းစွာ​သော​အမျက်ဒေါသ​ဖြင့် သူ​တို့​ကို​နှင်ထုတ်​ခဲ့​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုဝေး​စေ​ပြီး ဤ​အရပ်​သို့ ပြန်လာ​စေ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​စေ​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ ငါ့​ကို အစဉ်​ကြောက်ရွံ့ရိုသေ​ခြင်း​အားဖြင့် သူ​တို့​နှင့် နောင်လာမည့်​သူ​တို့​၏​သားသမီး​များ ကောင်းစား​ဖို့ တစ်ခုတည်း​သော​စိတ်သဘော​၊ တစ်ခုတည်း​သော​နည်းလမ်း​ကို သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​ကို မ​စွန့်ပစ်​ဘဲ အစဉ်​ကောင်းစား​စေ​မည့်​အကြောင်း ငါ​သည် သူ​တို့​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​သည် ငါ့​ထံမှ မ​ထွက်သွား​မည့်​အကြောင်း ငါ့​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​သဘော​ကို သူ​တို့​စိတ်နှလုံး​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​ကို ကောင်းစား​စေ​ရာ​၌ ငါ​နှစ်သက်အားရ​မည်​။ ငါ​သည် စိတ်စေတနာ​အပြည့်အဝ​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် သူ​တို့​ကို ဤ​ပြည်​ထဲ၌ အခိုင်အမာ​နေရာချ​ထား​မည်’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ဤ​လူမျိုး​အပေါ် ကြီးမား​သော​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​သည့်​နည်းတူ ငါ​ကတိထား​သော ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကို​လည်း သူ​တို့​အပေါ် သက်ရောက်​စေ​မည်​။ လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ ဆိတ်ညံ​သော​ပြည်​၊ ခါလဒဲ​တပ်​၏​လက်​သို့ ရောက်သွား​သော​ပြည်​ဖြစ်​၏​ဟု သင်​တို့​ပြော​သော ထို​ပြည်​မှ​လယ်​ကို ဝယ်ယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို ငါ​ပြန်လာ​စေ​သဖြင့် ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၌ လယ်​တို့​ကို အသိသက်သေ​များ​ခေါ်​၍ စာချုပ်​တွင် လက်မှတ်ရေးထိုး​တံဆိပ်ခတ်​ပြီး ငွေ​ဖြင့်​ဝယ်ယူ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။