ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက``ယေရမိ၊ ဤမြို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကြောင့် ဗာဗုလုန် ဘုရင်၏လက်တွင်းသို့ကျရောက်ရလိမ့်မည် ဟုပြည်သူတို့ပြောဆိုနေကြ၏။ နောက်ထပ် ငါမိန့်မှာရန်ရှိသည့်စကားကိုယခုနား ထောင်လော့။- ငါသည်ဒေါသအမျက်ချောင်းချောင်းထွက် ၍ထိုသူတို့အားကွဲလွင့်စေခဲ့သည့်တိုင်း နိုင်ငံများမှပြန်လည်စုသိမ်းမည်။ ထိုနောက် သူတို့ကိုဤအရပ်သို့ပြန်လည်ခေါ်ဆောင် ကာဘေးမဲ့လုံခြုံစွာနေထိုင်စေမည်။- ထိုအခါသူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။- ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။- ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။- သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။ ``ငါသည်ဤဘေးအန္တရာယ်ဆိုးကို သူတို့ အပေါ်သို့သက်ရောက်စေခဲ့သည့်နည်းတူ သူ တို့အားငါကတိရှိခဲ့သည့်ကောင်းကျိုး ချမ်းသာမှန်သမျှကိုခံစားစေမည်။- ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။- လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။
ယေရမိ 32 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 32:36-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ