YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 32

32
လယ်​တစ်​ကွက်​ဝယ်​ယူ​ခြင်း
1နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ နန်း​စံ​ဆယ်​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၏။#၄​ရာ၊ ၂၅:၁-၇။ 2ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။ 3အ​ကြောင်း​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​သည် ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။ 4ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ခါ​လ​ဒဲ​လူ​တို့​လက်​နှင့် မ​လွတ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ဆက်​ဆက်​ရောက်​လိမ့်​မည်။ မျက်​နှာ​ချင်း​ဆိုင်၍ စ​ကား​ပြော​လျက်၊ တစ်​ယောက်​ကို တစ်​ယောက်​ကြည့်​ရှု​လျက် တွေ့​ရ​လိမ့်​မည်။ 5ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။
6ထို​အ​ခါ ယေ​ရ​မိ​က၊ ငါ့​ဆီ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ 7သင်၏​ဘ​ထွေး ရှ​လ္လုံ​သား ဟာ​န​မေ​လ​သည် သင့်​ထံ​သို့​လာ၍၊ အာ​န​သုတ်​မြို့​မှာ​ရှိ​သော ကျွန်ုပ်​လယ်​ကို သင်​သည် ရွေး​ပိုင်​သော​ကြောင့်၊ ဝယ်​ပါ​ဟု ပြော​ဆို​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ 8ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ​သည် ငါ​ရှိ​ရာ ထောင်​ဝင်း​ထဲ​သို့​လာ၍၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ အာ​န​သုတ်​မြို့၌​ရှိ​သော ကျွန်ုပ်​လယ်​ကို ဝယ်​ပါ​လော့။ သင်​သည် အ​မွေ​ခံ​ပိုင်​သော​အ​ခွင့်​နှင့် ရွေး​ပိုင်​သော​အ​ခွင့်​ရှိ​သည်​ဖြစ်၍၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​ဟု ငါ့​အား​ပြော​ဆို၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော အ​မှု​ဖြစ်​ကြောင်း​ကို ငါ​သိ​သော​ကြောင့်၊ 9အာ​န​သုတ်​မြို့၌​ရှိ​သော ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ၏​လယ်​ကို ငါ​ဝယ်၍ လယ်​ဖိုး​ငွေ တစ်​ဆယ်​ခု​နစ်​ကျပ်#၃၂း၉။ တစ်​ဆယ်​ခု​နစ်​ကျပ်ရှေ​ကယ်​ငွေ တစ်​ဆယ်​ခု​နှစ်​ ကို ချိန်​ပေး​လေ၏။ 10စာ​ချုပ်​ကို​လည်း စီ​ရင်၍ တံ​ဆိပ်​ခတ်​ပြီး​မှ၊ သက်​သေ​တို့​ကို​ခေါ်၍ ငွေ​ကို ချိန်​ခွင်​နှင့်​ချိန်​ပေး၏။ 11ဓ​မ္မ​သတ်​ထုံး​စံ​အ​တိုင်း တံ​ဆိပ်​ခတ်​သော​စာ​ချုပ်​တစ်​စောင်​နှင့် ဖွင့်​ထား​သော လက်​ခံ​တစ်​စောင်​ကို ယူ၍၊ 12ဘ​ထွေး​သား ဟာ​န​မေ​လ အ​စ​ရှိ​သော၊ စာ​ချုပ်၌ အ​မည်​ပါ​သော သက်​သေ​များ၊ ထောင်​ဝင်း​ထဲ​မှာ ထိုင်​နေ​သော ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ရှေ့​တွင်၊ မာ​သေ​ယ​သား​ဖြစ်​သော နေ​ရိ၏​သား​ဗာ​ရုတ်၌ အပ်​လျက်၊ 13ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ 14တံ​ဆိပ်​ခတ်​သော ဤ​စာ​ချုပ်​တစ်​စောင်​နှင့် ဖွင့်​ထား​သော ဤ​လက်​ခံ​တစ်​စောင်​ကို​ယူ၍၊ ကာ​လ​ကြာ​မြင့်​စွာ တည်​နေ​စေ​ခြင်း​ငှာ မြေ​အိုး၌​ထား​လော့။ 15ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌​အိမ်၊ လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို ပိုင်​ရ​ကြ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​သ​ဖြင့်၊ ထို​သူ​တို့​ရှေ့​မှာ ဗာ​ရုတ်​ကို​မှာ​ထား​လေ၏။
ယေ​ရ​မိ​၏​ဆု​တောင်း
16ထို​သို့ နေ​ရိ​သား​ဗာ​ရုတ်၌ စာ​ချုပ်​ကို​အပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​အား ငါ​ဆု​တောင်း​သော ပ​တ္ထ​နာ​စ​ကား​ဟူ​မူ​ကား၊ 17အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။ 18ကိုယ်​တော်​သည် လူ​အ​ထောင်​အ​သောင်း​တို့​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​လျက်၊ အ​ဘ​တို့၏​အ​ပြစ်​ကို နောက်​ဖြစ်​သော​သား​တို့၏ ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ၏။ အ​လွန်​ကြီး​မြတ်​သော​ဘု​ရား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။ 19ထူး​ဆန်း​သော​အ​ကြံ​ကို ကြံ၍၊ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ​လျက်၊ လူ​အ​သီး​အ​သီး​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​ခြင်း​ငှာ၊ လူ​သား​များ သွား​လာ​သော လမ်း​အ​လုံး​စုံ​တို့​ကို အ​စဉ်​ကြည့်​ရှု​လျက်​နေ​တော်​မူ၏။ 20အဲ​ဂု​တ္တု​ပြည်၊ ဣ​သ​ရေ​လ​ပြည် အ​စ​ရှိ​သော လူ​အ​မျိုး​မျိုး​တို့၌ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ယ​နေ့​တိုင်​အောင် ပြ​တော်​မူ​သ​ဖြင့်၊ ယ​ခု​ကဲ့​သို့ အ​စဉ်​ကျော်​စော​သော​သ​တင်း ရှိ​တော်​မူ၏။ 21နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​လျက်၊ အား​ကြီး​သော​လက်၊ ဆန့်​တော်​မူ​သော လက်​ရုံး၊ အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ကိုယ်​တော်၏ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၍၊ 22ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပြည်​တည်း​ဟူ​သော၊ နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​ကို ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ 23သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။ 24ပြ​အိုး​မြေ​ရိုး​တို့​ကို ကြည့်​ရှု​တော်​မူ​ပါ။ မြို့​တော်​ကို တိုက်​ယူ​ခြင်း​ငှာ ရောက်​ကြ​ပါ​ပြီ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် တိုက်​သော ခါ​လ​ဒဲ​လူ​တို့​လက်​သို့ မြို့​တော်​ကို အပ်​တော်​မူ​ပြီ။ မိန့်​တော်​မူ​သော စ​ကား​ပြည့်​စုံ​ကြောင်း​ကို​လည်း ကိုယ်​တော်​တိုင် မြင်​တော်​မူ၏။ 25ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။
26ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊ 27ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လိမ့်​မည်​လော။ 28သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ခါ​လ​ဒဲ​လူ​တို့​လက်​သို့​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ လက်​သို့​လည်း​ကောင်း​ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။#၄​ရာ၊ ၂၅:၁-၁၁။ ၆​ရာ၊ ၃၆:၁၇-၂၁။ 29ဤ​မြို့​ကို​တိုက်​သော ခါ​လ​ဒဲ​လူ​တို့​သည် ဝင်၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ ဗာ​လ​ဘု​ရား​အ​ဖို့ အိမ်​မိုး​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အ​ဖို့ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​ပြု​ရာ အိမ်​များ​နှင့်​တ​ကွ၊ တစ်​မြို့​လုံး​ကို မီး​လောင်​စေ​ကြ​လိမ့်​မည်။ 30အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​ရှေ့​မှာ ဒု​စ​ရိုက်​ကို​သာ ပြု​ကြ​ပြီ။ မိ​မိ​တို့ ပြု​လေ​ရာ​ရာ၌ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ​သာ ပြု​ကြ​ပြီ။ 31ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏ 32ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ကြောင့်၊ ဤ​မြို့​ကို ငါ့​ထံ​မှ ငါ​ပယ်​ရှား​မည်​အ​ကြောင်း၊ မြို့​တည်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ့​အ​မျက်​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​စေ​သော မြို့​ဖြစ်၏။ 33သူ​တို့​သည် ငါ့​ကို​မျက်​နှာ​မ​ပြု​ဘဲ ကျော​ခိုင်း​ကြ​ပြီ။ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သွန်​သင်​သော်​လည်း၊ ငါ၏​ဩ​ဝါ​ဒ​ကို ခံ​လို​သော​ငှာ နား​မ​ထောင်​ကြ။ 34ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​ဗိ​မာန်​ကို ညစ်​ညူး​စေ​ခြင်း​ငှာ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ​တ​ကား၊#၄ ရာ၊ ၂၃:၁၀။ ယေ၊ ၇:၃၀-၃၁၊ ၁၉:၁-၆။ 35သူ​တို့​သား​သ​မီး​တို့​ကို မော​လုပ်​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ၊ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော ဗာ​လ​ဘု​ရား၏​ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။ ယု​ဒ​အ​မျိုး​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ၊ ထို​မျှ​လောက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​ဘဲ ပြု​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဝတ်၊ ၁၈:၂၁။ ၄ ရာ၊ ၂၃:၁၀။ ယေ၊ ၇:၃၁။
မျှော်​လင့်​ချက်​ပေး​သည့်​က​တိ​တော်
36သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​အား​ဖြင့် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ရောက်​မည်​ဟု သင်​တို့​ဆို​တတ်​သော ဤ​မြို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ 37ငါ​သည် အ​မျက်​ဟုန်း​ဟုန်း​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​သည်​နှင့်၊ သူ​တို့​ကို​နှင်​ထုတ်​ရာ တိုင်း​ပြည်​ရှိ​သ​မျှ​တို့​မှ၊ တစ်​ဖန်​စု​သိမ်း၍ ဤ​အ​ရပ်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ငြိမ်​ဝပ်​စွာ​နေ​စေ​မည်။ 38သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ 39ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။ 40သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။ 41သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။ 42ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ပေါ်​မှာ ကြီး​စွာ​သော ဤ​ဘေး​ဥ​ပဒ်​အ​ပေါင်း​ကို ရောက်​စေ​သည်​နည်း​တူ၊ ငါ​က​တိ​ထား​သော ကောင်း​ကျိုး​အ​ပေါင်း​ကို​လည်း ငါ​ရောက်​စေ​မည်။ 43လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။ 44ဗင်္ယာ​မိန်​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​တွင်​ရှိ​သော မြို့​တို့၌​လည်း​ကောင်း၊ တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့​တို့၌​လည်း​ကောင်း၊ လူ​တို့​သည် လယ်​ယာ​တို့​ကို ငွေ​နှင့်​ဝယ်​ခြင်း၊ စာ​ချုပ်​ကို​စီ​ရင်​ခြင်း၊ တံ​ဆိပ်​ခတ်​ခြင်း၊ သက်​သေ​တို့​ကို​ခေါ်​ထား​ခြင်း အ​မှု​များ​ကို​ပြု​မြဲ​ပြု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 32: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ